"ပြတိုက်ထဲက ပြဇာတ်" (မင်းလူ)
==================
၂ဝဝ၂ ကမ္ဘာ့ဖလားပွဲတွင် ဘရာဇီးအသင်း၏ အခြေအနေမှာ မရေမရာဖြစ်နေသည်။ ခြေစစ်ပွဲတွေတုန်းကလည်း ရှုံးပွဲတွေများခဲ့သည်။ ဘရာဇီး ဘောလုံးသမိုင်းမှာ တစ်ခါမှမကြုံဖူးအောင် အခြေအနေဆိုးခဲ့သည်။ ခြေစစ်ပွဲတောင်အောင်ပါ့မလားဟု စိုးရိမ်ခဲ့ကြရသည်။ အသေအလဲကြိုးစားပြီးမှ အောက်ဆုံးအဆင့်ကနေကပ်ပြီး ခြေစစ်ပွဲအောင်ခဲ့ရသည်။ တစ်ကမ္ဘာလုံးရှိ ဘောလုံးပရိသတ်တွေလည်း ရင်တမမ မောခဲ့ကြရသည်။
ဘရာဇီးအသင်းသည် ခြေစစ်ပွဲအောင်ခဲ့သော်လည်း စိတ်မအေးရပေ။ ကမ္ဘာ့ဘောလုံးအဆင့်အတန်းသတ်မှတ်ရ
ဒီတော့ ၂ဝဝ၂ကမ္ဘာ့ဖလားပွဲမှာ အောင်မြင်မှုရဖို့တော်တော်အခက်ကြ
ဘရာဇီးဘောလုံးအသင်းမှာ အထည်ကြီးပျက်လိုဖြစ်နေ၏။ တစ်ယောက်နှင့်တစ်ယောက် အတွဲမမိဘဲဖြစ်နေရ၏။ ဖာလူဒါရယ်၊ စတုမဓူရယ် ရောစားသလို အီလည်လည်ကြီးဖြစ်နေရ၏။ အသင်းအောင်မြင်မှုပြန်ရဖို့ အမျိုးမျိုး စဉ်းစားရာမှာ ထူးခြားသော အကြံအစည်တစ်ခုကို စိတ်ကူးမိကြ၏။ နှစ်ဆယ်ရာစု၏အကောင်းဆုံး ဂန္ထဝင်ဘောလုံးသမားကြီး ပီလီကို ဘရာဇီးအသင်းမှာ ပြန်လည်ပါဝင်ကစားခိုင်းဖို့ပင်ြ
* * * * *
အမေရိကန်နှင့် မဟာမိတ်များသည် အာဖဂန်စစ်ပွဲမှာအနိုင်ရပြီး အောင်ပွဲခံခဲ့ကြသည်။ သို့ရာတွင် လွတ်လွတ်ကျွတ်ကျွတ် ဝမ်းမသာနိုင်။ ထီပေါက်ပြီး လက်မှတ်အသိမ်းလွန်နေတဲ့လူလို မချင့်မရဲဖြစ်နေရသည်။ အကြမ်းဖက်သမားခေါင်းဆောင်တွေကို
သူတို့သည် စစ်ပွဲများကိုဆင်နွှဲရာမှာ ခေတ်အမီဆုံး၊ အဆန်းသစ်ဆုံး၊ နောက်ဆုံးပေါ်လက်နက်တွေကို ထုတ်သုံးခဲ့ကြသည်။ ကြဲချခဲ့သည့်ဗုံးတန်ချိန်ပေါင်း
သူတို့သုံးစွဲခဲ့သည့် ဆက်သွယ်ရေးစနစ်တွေကလည်း အံ့မခန်းပါပဲ။ စစ်မြေပြင်မှာ ရောက်နေသည့် စစ်သားတစ်ယောက်က အမေရိကန်မှာကျန်ခဲ့တဲ့ ရည်းစားဆီ ဂြိုဟ်တုကတစ်ဆင့် ဖုန်းလှမ်းဆက်လို့ ရလောက်တဲ့အထိအဆင့်မြင့်သည်။ သို့ရာတွင် သူတို့ အလိုရှိသော ရန်သူခေါင်းဆောင်တွေကိုတော့ ခြေရာတောင်မိအောင်မရှာနိုင်။
သူတို့၏ လက်ရွေးစင် ကွန်မန်ဒိုတပ်သားများမှာလူစွမ်း
အဲ တစ်ခုရှိတာက သင်္ချာသဘောအရ အချိုးချကြည့်လျှင် ရန်သူဘက်က လူနှစ်ရာသေတဲ့အခါတိုင်း ကိုယ့်ဘက်ကလည်း တစ်ယောက်သေပေးရမည့် အနေအထားဖြစ်သည်။ ထိုအခါ ရိန်းဂျားတပ်သားတို့သည် ရန်သူနှစ်ရာပြည့်အောင် မသတ်ကြတော့။ တစ်ရာ့ကိုးဆယ့်ကိုးယောက်လောက်သတ
ဒီလိုနဲ့ပဲအကြမ်းဖက်သမားတွေကို အပြီးအပြတ်ချေမှုန်းပစ်ဖို့အခက်အ
* * * * *
အကြမ်းဖက်သမားတွေဆိုတာက တောကြိုအုံကြားမှာသာရှိနိုင်တာမ
ခုချိန်မှာခေတ်မီ ထောက်လှမ်းရေးကိရိယာတွေသုံးနေပြ
ဒီကြားထဲမှာ လူတွေက အက်ဖ်ဘီအိုင်တို့၊ စီအိုင်အေတို့ကို သိပ်အထင်မကြီးကြတော့။ စက်တင်ဘာအကြမ်းဖက်မှုကို ကြိုတင်မတားဆီးနိုင်ရကောင်းလားဟ
ထို့ကြောင့် ဦးနှောက်စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ယောက်ကို ရှာရတော့မည်။ ထိုတာဝန်မှာ ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲ၏ခေါင်းပေါ်ပုံကျလာသည်။ သူသည် လန်ဒန်မြို့၊ ဘေကာလမ်း၊ အမှတ်၂၂၀-ဘီ သို့သွားသည်။ အခန်းရှေ့မှာရပ်သည်။ အခန်းတံခါးက ပိတ်ထား၏။ တခြားအိမ်ခန်းတွေလို လူခေါ်ခေါင်းလောင်းတို့ အင်တာကွန်းတို့ တပ်မထား။ ထို့ကြောင့် တံခါးကို လက်နှင့်ပင် ခေါက်လိုက်ရသည်။ ထိုအခါ အခန်းထဲမှ လှမ်းအော်ပြောလိုက်သော အသံကိုကြားရ၏။
'တိုနီဘလဲလားဟေ့ ဝင်ခဲ့လေကွယ်'
တိုနီဘလဲသည် အလွန်အံ့ဩသွားရ၏။ အခန်းထဲရောက်သောအခါ ဆေးတံကြီးခဲလျက် ထိုင်နေသော ပုဂ္ဂိုလ်ကြီးကို သူကမေးလိုက်သည်။
'ကြိုတင်အကြောင်းကြားထားတာလည်း မဟုတ်ဘဲနဲ့ တံခါးခေါက်တာ ကျွန်တော်မှန်းဘယ်လိုသိတာလဲ'
'လွယ်ပါတယ်၊ တံခါးကိုခေါက်တဲ့အခါ သူများလိုရိုးရိုးမခေါက်ဘဲ မြင်းခွာသံလို အပြွတ်လိုက် ခေါက်တတ်တာ မင်းရယ်၊ အမေရိကန်သမ္မတဘုရှ်ရယ် နှစ်ယောက်ပဲရှိတယ်၊ အခု သမ္မတဘုရှ်က တရုတ်ပြည်သွားနေတယ်ဆိုတော့ တံခါးလာခေါက်တဲ့သူဟာ မင်းပဲဖြစ်ရမယ်ဆိုတာ တပ်အပ်သိတာပေါ့ကွယ်'
တိုနီဘလဲမှာ ထိုပုဂ္ဂိုလ်ကြီးကို တလေးတစားလက်ဆွဲနှုတ်ဆက်လိုက်ပြီး
'တော်ပါပေရဲ့ခင်ဗျား၊ တော်ပါပေရဲ့၊ ဒါကြောင့်လည်း စုံထောက်ကြီး ရှားလော့ဟုမ်းရယ်လို့ ကျော်ကြားပေတာကိုး' ဟုပြောလိုက်လေ၏။
* * * * *
မိုက်ကရိုဆော့ဖ် ကုမ္မဏီသူဌေး ဘီလ်ဂိတ်သည် ကွန်ပျုတာဆော့ဖ်ဝဲတွေ တစ်ခုပြီးတစ်ခု တီထွင်ထုတ်လုပ်နေသည်။ အရင်ထုတ်လုပ်ခဲ့သော ဝင်းဒိုးစီးရီးတင်မကတော့ဘဲ စီလင်စီးရီး၊ ပေါ်တီကိုစီးရီး၊ တွိုင်းလက်စီးရီးတွေပါထပ်ထွင်သည
ကွန်ပျူတာမှာ တီဗီတို့၊ ဗီဒီဒီတို့တွဲပါသည်။ တီဗီဂိမ်းကစားနိုင်သည်။ ဒါတွေက အသေးအဖွဲ။ ဟိုအရင်ကတည်းက အဆင့်မြင့်စက်တွေမှာ ပါပြီးသား။ ကွန်ပျူတာနှင့် တယ်လီဖုန်းတွဲပေးထားသည်။ မော်နီတာပေါ်မှာ တစ်ဖက်လူရဲ့မျက်နှာကိုပါ မြင်ရသည်။ ဒါလည်းသိပ်အထူးအဆန်းတော့မဟုတ်။ ကီးဘုတ်မပါဘဲ အသံနှင့်စေခိုင်းလို့ရသော ကွန်ပျူတာ၊ ကမ္ဘာပေါ်ရှိ ရုပ်ရှင်ရုံ အားလုံးနှင့် ဆက်သွယ်ထားပြီး ပြနေတဲ့ဇာတ်ကားတွေထဲက ကြိုက်ရာကို အိမ်ကကြည့်နိုင်သော ကွန်ပျူတာ စသည်ဖြင့်ထပ်ထွင်သည်။
ဒါတွေက သိပ်ပြဿနာမဟုတ်သေး။ သူထွင်ကိုယ်ထွင် ပြိုင်ကြတာ ဓမ္မတာပဲ။ ဒီနေရာမှာ ဘီလ်ဂိတ်က ကွန်ပျူတာနယ်ပယ်မှာသာမကဘဲ တခြားလုပ်ငန်းတွေကိုပါ နယ်ချဲ့လာသည်။ မိုက်ကရိုဆော့ဖ် ကက်ဆက်၊ မိုက်ကရိုဆော့ဖ် ကင်မရာ၊ မိုက်ကရိုဆော့ဖ် ရေခဲသေတ္တာ၊ မိုက်ကရိုဆော့ဖ် လေအေးပေးစက်စသည်ဖြင့်။
ထို့နောက် တစ်စင်းလုံးကို ကွန်ပျူတာနှင့်ထိန်းချုပ်မောင်း
ဒါတွင်မကသေး။ အရသာမျိုးစုံကို ခံစားစေနိုင်သော ဆော့ဖ်ဝဲတစ်ခုကို ထပ်မံတီထွင်လိုက်ပြန်သည်။ ကွန်ပျူတာနှင့်ဆက်ထားသော မောက်စ်အသေးစားလေးကို ပါးစပ်ထဲငုံထားလိုက်ရုံပင်ဖြစ်၏
ဆေးလိပ်သောက်ချင်သလား၊ ခလုတ်နှိပ်လိုက်ရုံဖြင့် ပါးစပ်ထဲက မောက်စ်ကလေးက လျှာပေါ်ကို ဆေးလိပ်၏ခံစားမှုကိုရအောင် လှုံ့ဆော်ပေးလိမ့်မည်။ ထို့အတူ လက်ဖက်ရည်၊ ကော်ဖီ၊ ရေခဲမုန့်၊ သစ်သီးစသော အရသာမျိုးစုံကိုလည်း တကယ်စားရသောက်ရသလို ခံစားရသည်။
ရှေ့ဆက်ပြီး သုတေသန လုပ်နေတာကတော့ ကွန်ပျူတာနှင့်လူသားကို လက်ထပ်နိုင်သည့် နည်းပညာပင်ဖြစ်၏။ ထိုကိစ္စကို လူပျိုကြီး၊ အပျိုကြီးတွေက အလွန်စိတ်ဝင်စားစွာ စောင့်မျှော်နေကြသည်။
ဒီအတိုင်းဆိုလျှင် သိပ်မလွယ်။ နည်းပညာလောကတစ်ခုလုံး သူ့လက်သူ့ခြေဖြစ်တော့မည်။ နေရာတကာမှာ သူချည်း လွှမ်းမိုးလာတော့မည်။ ထို့ကြောင့် ပြိုင်ဘက်အုပ်စုတွေ ပေါင်းစည်းပြီး ဘီလ်ဂိတ်နှင့် မိုက်ကရိုဆော့ဖ်ကို အန်တုဖက်ပြိုင်ဖို့စဉ်းစားရတော့
ထိုသူကား ပိုက်သာဂိုးရပ်စ်ပင်ဖြစ်လေ၏။
* * * * *
ယူရီဂလင်းသည် အာကာသယာဉ်မှူးတစ်ဦးဖြစ်၏။ သူသည် မကြာခင် ရက်ပိုင်းအတွင်းမှာပင် လပေါ်သို့အာကာသယာဉ်ဖြင့် ခရီးတစ်ခေါက်ထွက်စရာရှိနေသည်။ သူ့တာဝန်ကတော့ လပေါ်မှာ နေရောင်ခြည်စွမ်းအင်သုံးအလိုအလေ
ထိုခရီးစဉ်အတွက် လေ့ကျင့်မှုတွေအပြည့်အဝပြုလုပ်ခဲ
သို့ရာတွင် ဒီခရီးစဉ်အပေါ် သံသယမကင်းဖြစ်နေသူက ယူရီဂလင်း၏ဇနီးပင်ဖြစ်၏။ ခုတလော အိပ်မက်တွေသိပ်မကောင်းလှ။ မနေ့ညက အိပ်မက်ထဲမှာ လငပုပ်ဖမ်းပုံကို မြင်မက်ခဲ့သည်။ အတိတ်နိမိတ်တွေကလည်း ပြပြနေသည်။ အိမ်မှပစ္စည်း အကျိုးအပဲ့ အကွဲအရှများသည်။ မော်တော်ကားပျက်သည်။ ဒီရက်ပိုင်းမှာ စိတ်လက်မကြည်လင်ဘဲ လေးလံထိုင်းမှိုင်းနေသည်။ ဒီတစ်ခေါက် သူ့ယောက်ျား ခရီးထွက်ရမည့်ကိစ္စနှင့်ပတ်သက်ပြ
ထို့ကြောင့် နက္ခတ္တဗေဒဆရာကြီး နော်စထရာဒေးမတ်စ်ထံသွားပြီး သူ့ယောက်ျား၏ ဇာတာကို စစ်ဆေးခိုင်းသည်။ ဆရာကြီးက သူ၏လက်စွဲ ဝေဒကျမ်းနှင့်တိုက်ဆိုင်ညှိနှိုင
'အိမ်း ဇာတာရှင်ရဲ့ မွေးနံဂြိုဟ်က ဗျာရအိမ်ထဲကျတဲ့အပြင် ရာဟုကလည်း မြင်နေသေးတယ်ဆိုတော့ အညံ့ပိုင်းထဲရောက်နေတယ်ကွယ့်၊ ပြီးတော့ ခရီးထွက်ရမယ့်ရက်ကလည်း ပြဿဒါးရက်ကြီးဖြစ်နေတယ်၊ ဒါကြောင့် ဒီခရီးမှာ ဥပါဒ်အန္တရာယ်ဖြစ်မယ့်ကိန်း မြင်နေရတယ်'
အမျိုးသမီးမှာ အတော်စိုးရိမ်သွားဟန်ဖြင့်
'ဒုက္ခပါပဲဆရာကြီးရယ်၊ ယတြာလေး ဘာလေးချေလို့မရဘူးလား'
'အင်း လုပ်ပေးမယ်လေ၊ တစ်ခုတော့ ရှိတယ်၊ ယတြာချေရမယ့်ပစ္စည်းက အတော်ရှားပါးတယ်၊ လွယ်လွယ်ကူကူရှာလို့ရမှာမဟုတ်ဘူ
'ဘာပစ္စည်းလဲဆိုတာသာပြောပါ၊ ဘယ်လောက်ခက်ခက်ရအောင် ရှာပေးပါ့မယ်'
'တခြားတော့ မဟုတ်ဘူးကွယ့်၊ အာဖဂန်နစ္စတန်စစ်ပွဲသတင်းအကြောင်
အမျိုးသမီး၏မျက်နှာပေါ်မှာ စိတ်ဓာတ်ကျသွားပုံကို အထင်းသားမြင်လိုက်ရသည်။
* * * * *
မော်ဒန်စာပေသမားများကိုဆုံးမရန်
ရှိတ်စပီးယားရှိလျှင်တော့ မော်ဒန်ကောင်တွေကို ကောင်းကောင်းပညာပေးနိုင်လိမ့်မည
မင်းလူ
------------------
အိုင်ဒီယာမဂ္ဂဇင်း၊
ဇွန်၊ ၂၀၀၂။
0 comments:
Post a Comment