ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို (28.7.2013)နေ့လည်(1း5)မိနစ်ရက်နေ့ (VOA)သတင်းပေး သတင်းထောက်တစ်ဦးသည် ပြည်မြို့ ပေါ်ရှိသွေးလွန်တုပ်ကွေး ဖြစ်သူ ကလေး
သူငယ်များ သတင်းအား ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ သွားရောက်သတင်းယူခဲ့ပါတယ် သွေးလွန်တုပ်ကွေး
ဖြစ်သူလူနာများအား မှတ်တမ်းတင် ဓါတ်ပုံရိုက်ယူနေစဉ် ဆရာဝန်မ(၂)ဦး နှင့် သူနာပြု(၂) ဦးကလာ
ဓါတ်ပုံမရိုက်ဖို့လာရောက်တားစီးခဲ့ရာမှ ပြည်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး (ဦးတင်ရွှန်း) ဆီသို့ ခေါ်ဆောင်
သွားခဲ့ရာ အဆိုပါ (VOA)သတင်းပေး သတင်းထောက်တစ်ဦးကို ပြည်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီးဦးတင်ရွှန်း
က “မင်းဘယ်သူ့ခွင့်ပြုချက် နှင့် ဓါတ်ပုံရိုက်ယူနေတာလည်းဟုမေးမြန်းရာ” သတင်းပေး သတင်းထောက်မှ
“ကျွန်တော်ဘယ်သူ့ခွင့်ပြုချက်မှ မရယူခဲ့ပါဘူး ဒုဆေးရုံအုပ်ကြီးလည်းသိပါတယ် ကျွန်တော့ကို ”ဆိုကာ ဆေးရုံ
အုပ်ကြီးက“ ဒုဆေးရုံအုပ်ကိုမပြောဘူး ငါကဆေးရုံအုပ်ကြီးလေ ဆိုတော့ ကျွန်တော်သိပါတယ် အကယ်လို့
ခွင့်ပြုချက်ရယူပြီးမှ ရိုက်ရမယ်ဆိုလည်း ရပါတယ် အခုရိုက်ယူထားတဲ့ပုံတွေကို ပြန်ဖျက်ပေးပါ့မယ်ဟုဆိုကာ
တစ်ခါတည်း ဆေးရုံအုပ်ကြီးရှေ့မှာ ပြန်ဖျက်ပေးခဲ့ပါတယ် သူ့လည်းစစ်ဆေးခိုင်းခဲ့ပါတယ် ထို့နောက် ကဲ မင်း
လာရင်းကိစ္စကိုပြောပါအုံး ဟုဆိုတော့ သတင်းသမားက လာရင်းကိစ္စကတော့ ဒီဆေးရုံကြီးမှာကလေးတွေ
သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလို့ ဆရာတို့ဆေးရုံကြီးမှာလာရောက်ကုသတယ်လို့ကြားပါတယ် အဲဒိ
သတင်းလေးယူချင်လို့လာခဲ့တာပါဟုပြောတော့ အေးမင်းမေးချင်တာတွေကို စာရွက်ပေါ်မှာချရေး ပြီးရင်ငါ့ကို
ပြဟုဆိုတော့ သတင်းသမားကလည်း မေးချင်သောမေးခွန်းများကို စာရွက်ပေါ်ချရေးပြီး ထိုမေးခွန်းစာရွက်အား
ပြသလိုက်ပြီးနောက် အနည်းငယ်ဖြေကြားခဲ့ပြီးနောက် သတင်းသမားက ဆေးရုံအုပ်ကြီးမှ ပြန်လည်ဖြေကြားချက်ကို
မှတ်တမ်းတင် ဓါတ်ပုံရိုက်ချင်လို့ပါဟုဆိုခဲ့ရာ ဆေးရုံအုပ်ကြီးက ချက်ချင်းဆိုသလို ဒေါသတွေဖြစ်ပြီး မင်းမေးတဲ့
မေးခွန်းတွေကိုလည်းငါမဖြေနိုင်တော့ဘူး ဓါတ်ပုံလည်းအရိုက်မခံနိုင်ဘူး ဒါ့ကြောင့်မင်းခုချက်ထွက်သွားပါဟုဆိုရာ
သတင်းသမားကလည်း ချက်ချင်းဘဲ ဘာမှပြန်မပြောတော့ဘဲ လှည့်ပြန်ခဲ့ပါတယ် ဟုသိရပါတယ် ထိုစဉ်က အင်တာဗျူးမေး
ရန်အတွက်သတင်းသမားက အသံဖမ်းထားခဲ့မိရာ ထိုစကားများကို အသံဖမ်းစက်အတွင်းသိမ်းစည်းထားပါသေးသည်။
် အဆိုပါကိစ္စနှင့်ပက်သတ်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများက မှတ်ချက်ပေးသွားခဲ့ပါသည်။
၁။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတန်း အပိုဒ်(၁၉)အရ ပြည်သူ့လုံခြုံရေး။ကျန်းမာရေး။ပြည်သူ့
စီမံကိန်းလုပ်ငန်းများ။တပါးသူ ဂုဏ်သိက္ခာ။ကျင့်ဝတ် များမထိခိုက်ဘူးဆိုလျှင် လွတ်လပ်စွာသတင်းယူပိုင်ခွင့်။သတင်းထုတ်ပြန်ခွင့်
ရှိပါတယ်ဟု (H.R.D.P...မှ ဦးဇော်ထွန်း)မှ ပြည်သတင်းသို့ ပြောကြားပြီးနောက်....
၂။ ဒီကိစ္စမှာ တစ်ဦး နှင့်တစ်ဦး ပွင့်လင်းမြင်သာဖို့အရမ်းလိုပါတယ် ခွင့်ပြုချက်ရယူဖို့ဆိုတာနေရာဒေသ နှင့်ပဲဆိုင်ပါတယ် ဥပမာ
မကောင်းမှု့တစ်ခုကျုးလွန်နေတဲ့နေရာမှာသတင်းသွားရောက်ယူမယ်ထားပါတော့ ထိုပြုလုပ်သူဆီက သတင်းသွား
ယူခွင့်တောင်းမယ်ဆိုရင်ရော ထိုသူမှ ၄င်း၏သတင်းများအား ခွင့်ပြုနိုင်ပါ့မလား အဲလိုခွင့်မပြုခဲ့ရင်ရော ဒီသတင်း
တွေကို ပြည်သူတွေမသိအောင် ဖုံးကွယ်ထားရမလား ပွင့်လင်းမြင်သာကြဖို့အရေးကြီးပါတယ် ကျွန်တော်တို့ပြည်သူ့
ဆေးရုံကြီးဟာ ပြညါသူ့အတွက်ဖြစ်စေ။သတင်းမီဒီယာများအတွက်ဖြစ်စေ အမြဲတန်းတံခါးဖွင့်ထားစေချင်ပါတယ်
ဒါမှ ယနေ့ကျွန်တော်တို့လျှောက်လှမ်းနေကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရဲ့အရသာ ကိုခံစားသိရှိနိုင်မှာဖြစ်ပါတယ်ဟု
အမျိုးသားဒီမိုကရေစီပါတီဝင်(N.L.D)ပြည် မှ ဦးကျော်ကျော်ဦး မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါတယ်။
၃။ ဒီကိစ္စမှာ သတင်းလွတ်လပ်ခွင့်မရှိသေးပါဘူး ဒီပြည်သူ့ဆေးရုံကြီးဟာ အကျဉ်းထောင် အကျဉ်းစခန်း
တွေလည်းမဟုတ်ပါဘူး စစ်လက်နတ်ထုပ်တဲ့ကန့်သတ်နယ်မြေလည်းမဟုတ်ပါဘူး သတင်းဓါတ်ပုံတွေ မရိုက်စေချင်
ရင်လည်း အများပြည်သူသိအောင် ပွင့်ပွင့်လင်းလင်း ကြေငြာချက်ထုပ်ပြန်ထားရမှာပါ ကြေငြာဘုတ်မှာကပ်ထားရ
မှာပါ ဒါမှသာ ပွင့်လင်းမြင်သာစွာသိရှိနားလည်ကြမှာပါဟု နိုင်ငံရေးအကျဉ်းသားဟောင်း/အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ
ပြည်မြို့နယ် ဦးကျော်ဆန်း မှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။
https://www.facebook.com/pyaynews

*****************************************
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို (28.7.2013)နေ့လည်(1း5)မိနစ်
ရက်နေ့ (VOA)သတင်းပေး သတင်းထောက်တစ်ဦးသည် ပြည်မြို့ ပေါ်ရှိသွေးလွန်တုပ်ကွေး ဖြစ်သူ ကလေး

0 comments:
Post a Comment