Friday, July 26, 2013

ကော်ဖီနှင့် လက်ဖက်ရည်တို့၏ ကောင်းကျိုးဆိုးပြစ်များ

Leave a Comment

ကော်ဖီနှင့် လက်ဖက်ရည်တို့၏ ကောင်းကျိုးဆိုးပြစ်များ
===============================

ဆီးချိုသွေးချိုရောဂါ
- လက်ဖက်ရည်သည် အမျိုးအစား (၁) ဆီးချိုရောဂါကို ပိုမိုဆိုးရွားမှုမဖြစ် စေရန် ကာကွယ်ပေးသည်။
- ကော်ဖီက အမျိုးအစား (၂) ဆီးချို ရောဂါမဖြစ်စေရန် ကာကွယ်ပေးနိုင် သည်။

နှလုံးရောဂါ
- လက်ဖက်ရည် တစ်နေ့သုံးခွက်မှ လေးခွက်အထိသောက်လျှင် ရုတ်တ ရက်နှလုံးဖောက်ပြန်မှု (heart attack) မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။
... - ကော်ဖီကြောင့် နှလုံးထံသွေးစီး ဆင်းမှု လျော့နည်းတတ်သည်။

သွားကျန်းမာရေး
- လက်ဖက်ရည်တွင် ဖလိုရိုက်ဓါတ်ပါ ဝင်ပြီး သွားများကိုခိုင်မာစေသည်။
- ကော်ဖီသောက်လျှင် သွားအရောင် ဝါကျင်ကျင်ဖြစ်တတ်သည်။

အသည်း
- လက်ဖက်စိမ်းရည် (green tea) တစ်နေ့ဆယ်ခွက်ထက်မနည်း သောက်သည့်အမျိုးသားများသည် အသည်းရောဂါများဖြစ်ပွားမှု နည်းပါးသည်။
- ကော်ဖီသည် အသည်းခြောက်ခြင်း (cirrhosis) နှင့်အသည်းကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသည်။
အဆုတ်
- လေ့လာမှုများအရ လက်ဖက်စိမ်း ရည်သည် အဆုတ်ကင်ဆာများကို ကာကွယ်ပေးနိုင်သည့် အာနိသင်ရှိ သည်။
ရေဓါတ်
- လက်ဖက်ရည်သောက်ခြင်းဖြင့် ရေဓါတ်ပြည့်ဝစေသည်။
-ကော်ဖီသောက်လျှင် ရေဓါတ်ခန်းပြီး ရေငတ်လာတတ်သည်။
အရိုးအဆစ်ကျန်းမာရေး
- ကော်ဖီသောက်ခြင်းသည် အသက် (၄၀) ကျော်အမျိုးသားများ၌ ဂေါက် ရောဂါမဖြစ်အောင် ကာကွယ်ပေး သည်။
ဦးနှောက်
- ကော်ဖီသည် မှတ်ဥာဏ်မှတ်သား နိုင်စွမ်းကောင်းမွန်စေပြီး တုံ့ပြန်မှုမြန် ဆန်စေသည်။


ဇော်ကို
Source:RD
Health Updates Journal
Vol.2, No.28

0 comments:

Post a Comment

Facebook Like Page