Sunday, May 25, 2014

မွေးရာပါဆွံ့အ နားမကြားသူအား မသမာသူ (၄)ဦးမှ အတင်းအဓမ္မပြုကျင့်ခဲ့ ************************************************************************** ပြည့်သဲမောင်(ပြည်)

Leave a Comment
မွေးရာပါဆွံ့အ နားမကြားသူအား မသမာသူ (၄)ဦးမှ အတင်းအဓမ္မပြုကျင့်ခဲ့
**************************************************************************
ပြည့်သဲမောင်(ပြည်)

ရမ်းဗြဲမြို့အမှတ်(၄) ရပ်ကွက်နေ (ဘ)ဦး---------၏ သမီး မ--------- အသက်(၃၀)နှစ်မွေးရာပါဆွံ့အ နားမကြားသူအား မသမာသူ (၄)ဦးမှ အတင်းအဓမ္မပြုကျင့်ခဲ့။ ဖြစ်စဉ်မှာ . .၅.၅.၂၀၁၄ ည (၈)နာရီဝန်းကျင်တွင် မ---------မှနေအိမ်ရှေ့၌လမ်းလျှောက်နေစဉ် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းဖြစ်သူ ကုလားချေ(ခ)တင်ထွန်းအောင်မှ ကြိုတင်ကြံစည်မှုဖြင့် လူခြေပြတ်သည့်နေရာမြောက်ကျောင်းဘုန်းတော်ကြီးကျောင်းတံတိုင်းနားမှ ကြံရာပါစောင့်ဆိုင်းနေသူ (၃)ဦးထံသို့ခေါ်ဆောင်သွားခဲ့ရာ သူတို့ထံရောက်ရှိစဉ် မ--------အား၎င်း (၄)ဦးမှ အတင်းအဓမ္မခြိမ်းခြောက်ပြီး ဆိုင်ကယ် (၂)စီးဖြင့်တင်ဆောင်ကာမြို့နယ်စီမံကိန်းရုံးဝင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ နေအိမ်နှင့် စီမံကိန်းရုံးမှာ တစ်(တလုံ)ခန့်သာဝေးပြီး လူအသွားအလာပြတ်၍ အမှောင်ကျသောလမ်းလည်းဖြစ်သည်။ ရုံးဝင်းအတွင်းသို့ရောက်သောအခါ မသမာသူ (၄)ဦးမှာ မ--------အားအတင်းအဓမ္မ သားမယားအဖြစ် ပြုကျင့်ခဲ့ကြပါသည်။ အတင်းအဓမ္မပြုကျင့်သူ(၄)ဦးအမည်များမှာ အမှတ်(၃)ရပ်ကွက်နေ (ဘ)ဦးထွန်းယာဉ်နု၏ သား စိုးနိုင် (မြို့နယ်စီမံကိန်းရုံး-ဒုဦးကြီးအရာရှိ) ၊အမှတ်(၄) ရပ်ကွက်နေ (ဘ)ဦးသိန်းရွှေ၏ သား ကုလားချေ(ခ)တင်ထွန်းအောင်(မြို့နယ်အခွန်ဦးစီးရုံး) ၊အမှတ်(၁)ရပ်ကွက်နေ (ဘ)(ဦးသန်းခင်)၏သား ချမ်းမြေ့သူ ၊အမှတ်(၂)ရပ်ကွက်နေ (ဘ)(ဦးမောင်သာဦး)၏ သားဂြိုလ်ရာဟု(ခေါ်) ကိုကိုလင်းတို့ဖြစ်ပါသည်။ ယခုဖြစ်စဉ်ဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ မြို့နယ်ရဲမှုးမောင်လှ နှင့် စခန်းမှုး စံလှဦး တို့မှ တရားခံ (၄)ဦးအားပုဒ်မ (၃၇၆)ဖြင့် ဖမ်းဆီးအရေးယူထားကြောင်းသိရပါသည်။ ၄င်းမှုခင်းနှင့် ပတ်သတ်၍ တရားခံ (၄)ဦး မိသားစုများမှ သတင်းအမှားဖြစ်အောင် facebook စာမျက်နှာပေါ်တွင် လုပ်ကြံပြီးအမျိုးမျိုးရေးသားထားကြောင်းတွေ့ရှိရပါသဖြင့် အများပြည်သူများ သတင်းအမှားအားလက်မခံမိစေရန် တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် သတင်းအမှန်အား အကျဉ်းချုပ် တင်ပြရခြင်းဖြစ်ပါသည်။
ကာယကံရှင်မိသားစုမှ၎င်းသတင်းကိုပေးပို့အကူအညီတောင်းခံသည့်အတွက်ဖော်ပြ
ခြင်းဖြစ်ပါသည်။
ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page