Sunday, July 7, 2013

မြင်းမူမြို့ ကမ်းနားလမ်း ကျောက်ရိုးစီ မြေထိန်းနံရံ တည်ဆောက်

Leave a Comment


မြင်းမူ   ဇူလိုင်   ၇
မြင်းမူမြို့ ကမ်းနားလမ်း ကျောက်ရိုးစီ မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းကို ယခုလ ပထမပတ်မှ  စတင် ဆောင်ရွက် လျက် ရှိသည်။
အဆိုပါ လုပ်ငန်း ဆောင်ရွက်ရန် အတွက် ''ရပ်ကွက် အတွင်းရှိ နေအိမ်များမှ ပစ်ထားတဲ့ အမှိုက်များ ရှင်းလင်းခြင်း၊ လိုင်းကျင်းတူးမည့်
နေရာနဲ့ မလွတ်တဲ့ ကျိုးပြတ် အုတ်ရိုး များကို ဖဲ့ထုတ်ခြင်း၊ အနက် လေးပေ လိုင်းကျင်း တူးပြီး တာနဲ့ ကျောက်ရိုးစီခြင်းကို ဆောင်ရွက်ခဲ့ ပါတယ်၊ မြစ်ရေက မြင်တဲ့အတိုင်းပဲ တိုးတာ မြန်တယ်၊ ကျွန်တော်တို့ နေ့ရော ညပါ ဆောင်ရွက် နေပါတယ်။ ဟိုတုန်းက အုတ်ရိုးစီ မြေထိန်းနံရံ ကျိုးပဲ့ ပြတ်ထွက်သွားလို့ အနီးရှိ ဦးသောင်းတင် မိသားစုမှ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ၎င်းတို့၏ နေအိမ် ကမ်းပါး ရေတိုက်စားမှု အန္တရာယ် မဖြစ်ပေါ်စေရန် မြေထိန်း နံရံကို အခိုင်အမာ လုပ်ခဲ့ကြောင်းနဲ့ ရေလှိုင်း ပုတ်ဒဏ် ကြိမ်ဖန်များစွာ ဖြစ်ပေါ် ခဲ့မှုကြောင့် မြေထိန်းနံရံတွေ အက်ကွဲ ကျိုးပဲ့ပြိုကျ သွားပါတယ်။ ဒီနောက်ပိုင်း ကျောက်စီ မြေထိန်းနံရံကို ပထမဆုံး ပြန်လည် လုပ်ခဲ့ခြင်း ဖြစ်ပါတယ်'' ဟု ပန်းရန်ဆရာ တစ်ဦးက ပြောပြ သည်။ ယခုကဲ့သို့ ကျောက်ရိုးစီ မြေထိန်းနံရံ တည်ဆောက် ပေးခြင်းကြောင့် နှစ် စဉ် မြစ်ရေတိုးချိန် ၎င်းနေရာမှ ရပ်ကွက် ထဲသို့ ရေဝင်ရောက်မည်ကို စိုးရိမ်ရသည့် စိတ်များ ကင်းဝေးသွား မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Facebook Like Page