Monday, July 8, 2013

ပြည်မြို့က တရားဥပဒေစိုး(ဆိုး)မိုးရေးအကြောင်းလေး... (ပေးစာ)

Leave a Comment
ပြောပြချင်သေးတယ်...
ပြည်မြို့က တရားဥပဒေစိုး(ဆိုး)မိုးရေးအကြောင်းလေး...

ပိုက်ဆံမရှိလို့ ရပ်ကွက်ထဲက ရှေ့နေမတယောက်ပိုင်တဲ့ ဆိုင်ကယ်လေး
ကယ်ရီလိုက်စားမယ်ဆိုပြီး... အုန်နာကြေး တရက် ၂၀၀၀ နဲ့ ငှားလိုက်မိပါတယ်။
ဘဝတခုတင်မဟုတ်ဘူး တဆွေလုံးတမျိုးလုံးပါ ဘဝပျက်တော့မယ့်ကိန်း ဆိုက်မဲ့အခြေအနေဖြစ်နေတယ်။

တရက်ကို ၂၀၀၀ နဲ့ငှားပြီး တရက်ခြင်းမပေးခိုင်းတော့ တလကို ၆၀၀၀၀ သွားသွင်းမယ်လုပ်တော့ ငွေက မပြည့် မပြည့်တော့ ၁၈၀၀၀ လိုတာလေး နောက်ရက်လာပေးပါ့မယ်ဆိုတော့ ရှေ့နေမက အိမ်တံခါးဆွဲ ပိတ်ပြီး ရဲခေါ်ပါတော့တယ်။ ရဲခေါ်တော့လည်း မူးယစ်ယမ်းကား ဆိုပြီးရဲလက်ထဲထိုးအပ်လိုက်တယ်။
မူးယစ်ယမ်းကားမှုနဲ့ဆိုတော့ အာမခံရတော့ အာမခံနဲ့ အမျိုးတွေကလိုက်ထုတ်တယ်။
လွတ်လာတော့ မကျေနပ်သေးလို့ အာမခံမရတဲ့ (၄၀၆) နဲ့ ဆွဲတယ်ဗျာ...
၄၀၆ ဆိုရင် ထောင်ကျရင် အလွန်းဆုံးမှ ၆ လ မိုလိုနဲ့တူတယ်.. အာမခံတော့ ရမယ် သို့သော် ပြစ်ဒဏ်က ၇ နှစ်အနည်းဆုံးဖြစ်တဲ့ လိမ်လည်မှု ပုဒ်မ ၄၂၀ (ဖိုးတွမ်တိ) နဲ့ ဆော်ပလော်တီးတယ်ဗျာ..
အဲဒိတော့ ရဲစခန်းသွားပြီး အာမခံယူတော့ အာမခံအတွက် ရဲက (ရှစ်သောင်း)တောင်းတယ်။
အာမခံထားတာမဟုတ်ဘူးနော်... (ဂါ ... ခိုင်းတာ)

အဲဒိတော့ တဆွေလုံးတမျိုးလုံး ရှေ့နေမသွားတောင်းပန်ရတော့တာပေါ့..
တောင်းပန်တော့လည်း ပါးစပ်ကလေးနဲ့မရဘူးတဲ့ ဘာလိုသေးလဲဆိုတော့ ပိုက်ဆံတဲ့
ရှိစုမဲ့စု ၈၀၀၀၀ လေးကိုယူပါဆိုပြီးပြောတာ...

ရှင်တို့ သားကို ဖမ်းခိုင်းဖို့ လုပ်တာတောင် အဲဒိထက်မက ကုန်တယ်တဲ့..
အမှုကို မြို့နယ်ရော ခရိုင်ရော တရားသူကြီးတွေကို ခွန့်ထားပြီးသားဖြစ်လို့ အမှု ကုန်ကျစရိတ် အင်မတန်များမှာဖြစ်ကြောင်း ရှေ့နေမက ပြောလိုက်သတဲ့ဗျာ။

ပြည်မြို့က တရားရေးမဏ္ဍိုင်ကြီးက တော်တော်ကြောက်ဖို့ကောင်းတာပဲနော်..
လုပ်ချင်သလိုကို လုပ်နေတာ...
အဲဒိသတင်းက ရဲဝန်ထမ်းတဦးစီးကနေတဆင့် မိသားစုကို သနားလို့ ဆက်သွယ်စုံစမ်းခဲ့တာပါ..
တဘက်သက် ပြောတယ်ဖြစ်နေမှာဆိုးလို့ ရှေ့နေမ နာမည်တွေဘာတွေ မရေးတော့ပါဘူး...
ဒါပေမဲ့ တရားရုံးကတော့ တခြားလာဘ်ပေး လာဘ်ယူတွေလည်းရှိသေးတယ်...

ပြည်ကလူတွေ သိမသိတော့ မသိဘူး..
ပြီးခဲ့တဲ့အပတ်ထဲမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ဌဋ္ဌဝင်းတင်လာပြီး
ပြည်တရားရုံးမှာ ရှေ့နေတွေ ဥပဒေအရာရှိတွေ တရားသူကြီးတွေနဲ့ တံခါးပိတ်ဆွေးနွေးသွားတယ်..

ခေါင်းစဉ်က တရားဥပဒေစိုး(ဆိုး)မိုးရေးတဲ့
တရားဥပဒေစိုးမိုးရေးကိစ္စ ပြည်သူကို ချပြရမှာမဟုတ်ဘူးလား..
ဘာလို့များ တရားရေးမဏ္ဍိုင်ထဲမှာသွားပြီး တံခါးပိတ်လုပ်တာလည်း နားတော့မလည်ဘူး..
မင်းတို့ အစားအသောက် အရင်ကလို သိပ်မသောင်းကျန်းနဲ့တော့လို့များ ပြောချင်လို့များလားမသိ....

ပေးပို့သူ >>> Watch Man 
https://www.facebook.com/bloodbody.hero

0 comments:

Post a Comment

Facebook Like Page