Saturday, July 13, 2013

(၆၆) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားဖိတ်ကြားခြင်း.....

Leave a Comment

ပဲခူးတိုင်းဒေသကြီး အနောက် ပြည်ခရိုင် ပြည်မြို့နယ် မှာ   ၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ (၆၆) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် လူကြီးမင်းတို့မှ အမျိုးသားတာဝန်အဖြစ်ခံယူပြီး မပျတ်မကွက်တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။




၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ (၆၆) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားအစီအစဉ်


၁။ နံနက် (၅း၃၀)နာရီမှာ ပင့်သံဃာအရှင်သူမြတ်တို့အား အာရုံဆွမ်း နှင့်န၀ကမ္မငွေများဆက်ကပ်လှူဒါန်းပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရေစက်ချအမျှပေးဝေခြင်း.....

၂။ နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခြင်း.....

၃။ လွတ်လပ်ရေးနှင့် ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့် တို့တွင် အသက်ပေးစွန့်လွှတ်ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးနှင့်အတူ ရဟန်းရှင်လူ ကျောင်းသား/သူ များအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်(၁)မိနစ် ငြိမ်သက်ပြီး မေတ္တာပို့ဆုတောင်းခြင်း....

၎။ အာဇာနည်နေ့ အခမ်းအနားကို မိနစ်(၃၀)ခန့်ကျင်းပခြင်း....

၅။ စုရပ်ဖြစ်သော ရွာဘဲ ရပ်ကျေးရုံး (NLD) ဦးကျော်လွင် ၏နေအိမ် ရပ်ကျေးရုံးသို့ နံနက် (၈း၀၀)နာရီအရောက် ပန်းခွေချချီတက်ရာ သတ်မှတ်လမ်းကြောင်းအတိုင်းစတင် ထွက်ခွာခြင်း....

၆။ နံနက် (၁၀း၃၀) နာရီအချိန်တွင် ပန်းခွေချမည့် စုရပ်( ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ် ) အရောက်ချီတက်ခြင်း.......

စစ်မှန်သော N.L.D အင်အားစု (၆၆)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးကော်မတီ ပြည်မြို့နယ်............

ပြီးခဲ့တဲ့ နှစ်ကတော့ ခွင့်ပြုချက်မရခဲ့ပါဘူး ဒီနှစ်လည်းစာတင်ထားခြင်းမရှိတော့ပါဘူး  ပြီးခဲံတဲ့နှစ်ကဆိုရင် ဇူလိုင် ၁၈ ရက်နေ့ညအချိန်အထိလာရောက်တားစီးနေတာတွေလည်းရှိခဲ့ပါတယ် ဘာပဲဖြစ်ဖြစ် ဒီနှစ်ကို အထူးခြားဆုံးဖြစ်အောင်လို့စီစဉ်ထားပါတယ် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ မနက် (၁၁း၀၀)နာရီမှာတော့ ကျောင်းကြီးအိုးတန်းရပ် ရပ်/ကျေး N.L.D ရုံး  ဦးခင်ဦးရဲ့နေအိမ်မှာ သံဃာတော်ဆရာတော်(၆)ပါး ၊ မွတ်ဆလင်ဘာသာမှ ပလီဆရာ(၃) ဦး၊ ခရစ်ယာန်ဘာသာမှ သင်းအုပ်ဆရာ (၂)ဦး ၊ ဟိန္ဒူဘာသာမှ ဆရာ(၂)ဦး တို့ကိုပင့်ဖိတ်ထားခဲ့ပါတယ် ဘာသာပေါင်းစုံဆုတောင်းပွဲတွေပါပြုလုပ်သွားဖို့ရှိပါတယ် အကျီ်တီရှပ်တွေကိုလည်းအထည်(၃၀၀) ပြုလုပ်ထားခဲ့ပါတယ် အင်္ကျတီရှပ်တစ်ထည်ကိုတော့ (၁၅၀၀) ကျပ် နဲ့ ရောင်းချပေးသွားမှာပါ တီရှပ်တွေကိုဝယ်မှာဆိုရင်တော့ ရွာဘဲရပ်ကျေးရုံ (N.L.D)ဦးကျော်လွင်နေအိမ် နှင့် ကျောင်းကြီးအိုးတန်း ရပ်ကျေးရုံးခန်း (N.L.D)ကမ်းနားလမ်းက ဦးခင်ဦးနေအိမ်မှာလည်းဝယ်ယူလို့ရပါတယ် အကျီတွေကိုတော့ထပ်ရိုက်ဖို့အစီအစဉ်မရှိတော့ပါဘူး လို့ ပြည်မြို့ N.L.D ဦးကျော်ဆန်းမှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။.....


0 comments:

Post a Comment

Facebook Like Page