ဇူလိုင်လ၁၄ရက်ညနေ(၃)နာရီတွင်ရွှေတောင်မြို့နယ်ဆယ်ကြီးအုပ်စုညောင်ဝိုင်းရွာသစ်ဆရာ
တော်ကြီးကျောင်းနောက်ဖေးလှည်းလမ်းမတွင်ကြာနီကန်ရပ်ကွက်တဲကုန်းရွာနေအဖဦးဌေးဝင်း၏သားမောင်နိုင်လင်းဆိုသူမှတစ်ရွာတည်းနေမောင်ချစ်ကိုအားစက်ဘီးလက်ကိုင်ဖြင့်ရိုက်
သတ်ခဲ့ကြောင်းသိရှိရပါသည်။
“ရိုက်ပြီးတော့ဦးဇင်းဆီပြေးလာတယ်။တပည့်တော်လူသတ်လာတယ်။ရဲခေါ်ပြီးဖမ်းပေးပါလို့
ပြောတယ်ဘုန်းဘုန်းကလည်းနယ်ထိန်းကိုလှမ်းခေါ်လိုက်တယ်”ဟုဆရာတော်ကြီးကျောင်း တိုက်မှဥူးဝိဇ္ဖာဗလမှပြောကြားခဲ့သည်။ သေဆုံးသူမှာလှည်းလမ်းမသဲခွက်ထဲတွင်မျက်နှာတစ်မိုက်ခန့်နစ်ဝင်နေပြီးစက်ဘီးလက်ကိုင် ဖြင့်မသေမချင်းအချက်ပေါင်းများစွာရိုက်သည်ဟုထင်မြင်မိကြောင်းဆရာတော်မှဆက်လက်မိန့် ကြားခဲ့သည်။ “သူကဆိုက္ကားလက်ကိုင်လဲဖို့စက်ဘီးလက်ကိုင်ဝယ်လာတယ်။သူငယ်ချင်းနှစ်ယောက်အိမ်က နေအတူထွက်လာပြီးသတ်လိုက်တယ်လို့ပြောတယ်။အရက်တော့သောက်မထားလောက်ဘူး။တစ်ကိုယ်လုံးလဲသွေးတွေပေနေတယ်။”ဟုမျက်မြင်သက်သေအမျိုးသမီးတစ်ဦးမှပြောကြားခဲ့သည်။ အကြောင်းအရာကိစ္စနှင့်ပတ်သတ်၍တရားခံဟုယူဆရသူမောင်နိုင်လင်းအားရွှေတောင်မြို့နယ်ရဲစခန်းမှပ-၁၆၀/၂၀၁၃ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၀၂အရရေးယူဆောင်ရွက်ထားကြောင်း သိရပါသည်။ New Ice

0 comments:
Post a Comment