Sunday, March 1, 2015

ပြည်မြို့ ဟောပြောပွဲတွင် ဖျော်ဖြေရေးအစီအစဉ်နှစ်ခုကို ဒေါ်အောင်ဆန်းစုကြည် ပြစ်တင် ရွေးကောက်ပွဲတွင် မှန်ကန်သည့်နည်းဖြင့် အနိုင်ယူလိုကြောင်းပြော ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment



ပြည်မြို့ ဟောပြောပွဲတွင် ဖျော်ဖြေရေးအစီအစဉ်နှစ်ခုကိုဒေါ်အောင်ဆန်းစုကြည်
 ပြစ်တင် ရွေးကောက်ပွဲတွင် မှန်ကန်သည့်နည်းဖြင့် အနိုင်ယူလိုကြောင်းပြော

ပြည့်သဲမောင်(ပြည်)09 4236 71883
 ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မတ်လ ၁ ရက်နေ့၌ ပြုလုပ်သော
ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အဖြစ်  ဟောပြောပွဲတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
ဖျော်ဖြေရေးအစီအစဉ် နှစ်ခုကို ပြစ်တင်ဝေဖန်ခဲ့ပြီး ရွေးကောက်ပွဲတွင်
မှန်ကန်သည့်နည်းလမ်းဖြင့်သာ အနိုင်ယူလိုကြောင်း ပြောကြားခဲ့သည်။
“မှန်ကန်တဲ့နည်းနဲ့ ၊နိုင်မှ သိက္ခာရှိမယ်။ မမှန်ကန်တဲ့နည်းနဲ့ နိုင်ရင်ရှုံးတာ
ကမှ ပိုပြီးသိက္ခာရှိမယ်လို့ ပြောချင်တယ်”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုနေ့နေ့လည် ၅နာရီအချိန်က ပြည်မြို့ ရွာဘဲနယ်မြေလေးထပ်ပြင်ဘုရား
ကွင်းပြင်တွင် ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်ဟောပြောပွဲပြုလုပ်ခဲ့ရာ ဖျော်ဖြေရေး
အစီအစဉ် တစ်ခုတွင်ကျောင်းသား ၊ လယ်သမား ၊ တိုင်းရင်းသား ၊ ပြည်သူ များကို 
စစ်သားများက၀ိုင်းဝန်းရိုက်နှက်ခဲ့နေပုံ ဖြင့်သရုပ်ဖော်ခဲ့ပြီး အခြားတစ်ခုတွင်
မဲဘုံးချ၍ ဒီမိုကရေစီ လိုလားပါက NLD ပါတီကိုသာ မဲထည့်ကြရန်သရုပ်ဖော်ပြ
သခဲ့ကြသည်။
“ပထမဖေဖေရဲ့သီချင်းဆိုတာကြိုက်တယ်။ဒါကဖေဖေမွေးနေ့နဲ့စီလျော်တဲ့ဟာဖြစ်တယ်။ နောက်ပိုင်းအစီအစဉ်တွေတော့ကျမမကြိုက်ဘူးဆိုတာပြတ်ပြတ်သားသားပြော
ချင်တယ်” ဟုဆိုသည်။
၎င်းက ဆက်လက်၍ လူတွေလက်ခုတ်တီးတယ်အားပေးတယ်ဆိုပေမဲ့ ကျမတို့ အမျိုးသား
ပြန်လည်ရင်ကြား စေ့ေ၇းတည်ဆောက်နေတဲ့အချိန်မှာအတိတ်ကအဖြစ်ဆိုးတွေ
ကိုပြန်ဖော်ပြီး အချင်းချင်းစိတ်ဝမ်းကွဲအောင် မလုပ်သင့်ဘူး။ဒါကိုကျမတို့နားလည်
ရမယ်။ ကျမတို့ကတပ်မတော်ကိုရန်သူအနေနဲ့မြင်ရမှာမဟုတ်ဘူး” ဟုပြောသည်။

မလုပ်သင့်သည့်ကိစ္စရပ်တစ်ခုကို လုပ်ဆောင်သည့်အတွက် ဖျော်ဖြေရေး
လုပ်ဆောင်သည့်လူငယ်များသည် ကိုယ့်အမှားကိုယ်ဝန်ခံပြီး အဆူခံရမည်ဟု 
၎င်းကပြောသည်။
“ကျမတို့ရွေးကောက်ပွဲအတွက်စည်းရုံးခွင့်ရှိတဲ့အချိန်မဟုတ်သေးပါဘူး။နောက်ပိုင်း
အစီအစဉ်မှာ ရွေးကောက်ပွဲမဲထည့်ပါလို့ပြောတာမလုပ်သင့်တဲ့ကိစ္စဖြစ်တဲ့အတွက် 
ကျမအဖွဲ့ချုပ်အတွက် ကျမတောင်းပန်ပါတယ်”ဟုလည်းပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍  ပြည်ခရိုင်NLD အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက "အာကာသ
အငြိုးပြကွက်၊ မဲဆွယ်စည်းရုံးပြကွက်များကို ပြသသည့်အတွက် လူထုခေါင်းဆောင်တစ်ဦး
အနေဖြင့် မှန်မှန်ကန်ကန်သုံးသပ်ပြီး ဆုံးမသွားခြင်းဖြစ်သည်" ဟု ပြောသည်။
 ပြည့်သဲမောင်(ပြည်)09 4236 71883




0 comments:

Post a Comment

Facebook Like Page