Sunday, April 24, 2016

န၀ဒေးတံတားအောက်လူသတ်မှု သုံးနှစ်ပြည့်သော်လည်း တရားခံများပျောက်ဆုံးနေ၍ ဆုတောင်းဆီမီးမျှောပွဲ နှင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်

Leave a Comment



န၀ဒေးတံတားအောက်လူသတ်မှု သုံးနှစ်ပြည့်သော်လည်း တရားခံများပျောက်ဆုံးနေ၍ ဆုတောင်းဆီမီးမျှောပွဲ နှင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်
 
ပြည်၊ဧပြီ၊၂၄
 
 
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊န၀ဒေတံတားအောက်လူသတ်မှုဖြစ်ပွားရာ ၃-နှစ်ပြည့်မြောက်သော်လည်းအမှုမှန် တရာခံယနေ့အထိပေါ်ထွက်လာခြင်းမရှိသဖြင့် သေဆုံးသွားသည့် အမျိုးသားတစ်ဦး၏ ဆွေမျိုးများ၊ပြည်မြို့ဒေသခံပြည်သူများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပှုးပေါင်း၍ ဆန္ဒထုတ်ဖော်မှုများ၊ဧရာဝတီမြစ်အတွင်း ဆီမီးမျှော၍ ဆုတောင်းမှုများအား ဧပြီလ ၂၃-ရက်နေ့ ညနေတွင် ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။
 
အဆိုပါ ဆန္ဒထုတ်ဖော်မှု နှင့်ဆုတောင်ဆီမီးမျှောပွဲတွင် လွန်ခဲ့သည့် ၃-နှစ်ခန့်က ဧရာဝတီမြစ် သဲသောင်ပြင် န၀ဒေးတံတားအောက်တွင် သမီးရည်းစားချစ်သူစုံတွဲတစ်တွဲမှ သဲသောင်ပြင်တွင် လမ်းလျှောက်တွေ့ဆုံခဲ့စဉ် အမျိုးသား သုံးဦးက အကြမ်းဖက်လုယက်သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး  အမျိုးသားတစ်ဦးသေဆုံးသွားခဲ့တာဖြစ်ကြောင်းသိရသည်။ 
 
“ကိုဇော်မင်းဦးကလွန်ခဲ့တဲ့သုံးနှစ်ကဒီနေရာမှာပဲ လူသုံးဦးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကိုခံခဲ့ရတယ် အဲလိုသေဆုံးခဲ့တဲ့အတွက်ဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်တယ်၊ကိုဇော်မင်းဦးကလူမဆန်စွာသတ်ဖြတ်ခြင်းကိုခံခဲ့ရတယ် အဲဒိကိစ္စနဲ့ပတ်သတ်ပြီး တရားမျှတမှု၊ လူ့အခွင့်အရေးတွေရရဖို့ ဆုတောင်းကြခြင်းဖြစ်တယ် ဆုတောင်းပွဲစုတန်းလှည်လည်တာမှ အားလုံးပါဝင်နိုင်ကြပါတယ်” ဟု ဦးဆောင်ပါဝင်သူ ဦးမင်းမင်းအောင် ကပြောသည်။
 
၎င်းအခင်းဖြစ်ပွားချိန်နှင့်တစ်ဆက်တည်းအချိန်တွင် န၀ဒေးတံတာအလွန်သဲသောင်ပြင် ရှိ ကိုင်းတောတောမှ အမျိုးသား သုံးဦးအား ရပ်ကွက်နေပြည်သူများမှ လိုက်လံဖမ်းဆီးခဲ့ရာ အမျိုးသားနှစ်ဦးသာ လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ကျန်အမျိုးသား၁-ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရပြီး ဖမ်းဆီးရမိသူ နှစ်ဦးအား ရပ်ကွက်နေပြည်သူများမှ သက်ဆိုင်ရာ အမှတ်(၂)ရဲစခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ရာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုဖမ်းမိသူနှစ်ဦးမှာ ခလရ(၇၅)မှတပ်မတော်သားတွေဖြစ်နေကြောင်းသိရပြီး ထွက်ပြေးလွတ်မြောက်သွားသူမှာလည်း ၄င်းတို့နှင့်အတူတူ တပ်မတ်ာသားဖြစ်နေကြောင်းသိရသည်။
 
“ဒီလိုမျိုးအများပြည်သူက၀ိုင်းဝန်းကူညီပြီးဆောင်ရွက်ပေးတဲ့အတွက် ၀မ်းသာပါတယ် အနယ်နယ်အရပ်ရပ်ကကော ပြည်မြို့ကကောဝိုင်းဝန်းပြီးလုပ်ပေးကြတဲ့အတွက် ကျွန်မ၀မ်းသာတယ် လှိုက်လှဲစွာကြိုဆိုတယ် ဘာဖြစ်လို့လဲဆိုတော့သုံးနှစ်သာပြည့်သွားတယ် ကျွန်မမောင်လေးသေဆုံးမှုက မပေါ်ပေါက်သေးဘူး ကျွန်မမောင်လေးသေဆုံးတယ်ဆိုတာ သုံးနှစ်ပြည့်တယ်ဆိုတာဘယ်လိုမှ မခံစားနိုင်လို့ပါ အခုလိုဝိုင်းဝန်းကူညီကြတဲ့လူထုကိုကျေးဇူးတင်ပါတယ်” ဟု သေဆုံးသွားသူ ကိုဇော်မင်းဦး ၏အစ်မဖြစ်သူ မသီတာဦး ကပြောသည်။
 
၎င်းဖြစ်စဉ်များဖြစ်ပြီးနောက်ပိုင်း ဖမ်းဆီးရမိသူတပ်မတော်သား နှစ်ဦးအား ညတွင်းချင်း ၄င်းတို့တပ်မှ အရာရှိတစ်ဦးမှ အမှတ် ၂-ရဲစခန်းသို့ ကားဖြင့်ကိုယ်တိုင်လာရောက်ခေါ်ထုတ်သွားပြီးနောက်ပိုင်း ယနေ့အချိန်အထိ ၄င်းလူသတ်မှုတရားခံအား ယနေ့ သုံးနှစ်ပြည့်သည့်အချိန်အထိဖမ်းဆီးရမိခြင်းများမရှိတော့ပဲ ဆက်လက်စုံစမ်းနေမှုများဖြင့်သာ အချိန်ကုန်နေခဲ့ရသည်။
 
အဆိုပါအမှုကိစ္စနှင့်ပတ်သက်ပြီး အာရှလူအခွင့်အရေးကော်မရှင်(A.H.R.C)ကလည်း အရင်​အစိုးရနှင့်တကွ ဌာနဆိုင်ရာအသီးသီး၊ နိုင်ငံတစ်ကာအဖွဲ့အစည်းတွေထံ အရေးပေါ်ပန်ကြားချက်များထုတ်ပြန်ခဲ့ပေမဲ့၊ယနေ့အချိန်ထိ သတ်ဖြတ်ခဲ့သူတွေကို ဖော်ထုတ်ပေးနိုင်ကြမရှိသလို လက်ရှိအချိန်ထိ CID မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေထံကသိရသည်။
 
အဆိုပါ န၀ဒေးတံတားအောက် သေဆုံးမှု သုံးနှစ်ပြည့်ပွဲအား ညနေ ခြောက်နာရီမှစတင်ကာ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်တွင် စုဝေးခဲ့ပြီး ရန်ကုန်-ပြည်၊လမ်းအတိုင်း လမ်းလျှောက်ကာ အခင်းဖြစ်ပွားခဲ့တဲ့ န၀ဒေးတံတားအောက်မှာ စုပေါင်းဆုတောင်းခြင်း ဧရာဝတီမြစ်အတွင်း ဆီမီးမျှော်ခြင်းတို့ကို ကျောင်းသားတွေ၊ မြို့ခံတွေ။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ စုပေါင်းကာ အင်အား နှစ်ရာခန့်ဖြင့် ပြုလုပ်ခဲ့ကြပြီး ထိုနေ့ည ၈-နာရီကျော်အချိန်အထိကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။
 
K3(pyay)
 




 
Read More...

ပြည်မြို့နှင့်အနီးငယ်သာဝေးသော ကျေးရွာတွင် သောက်ရေ သုံးရေ အခက်အခဲဖြစ်နေသဖြင့် ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ် ဖများမှစုပေါင်းရေလှူဒါန်း

Leave a Comment



ပြည်မြို့နှင့်အနီးငယ်သာဝေးသော ကျေးရွာတွင် သောက်ရေ သုံးရေ
အခက်အခဲဖြစ်နေသဖြင့် ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်
ဖများမှစုပေါင်းရေလှူဒါန်း
 
ပြည် ဧပြီ (၂၄) ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ် ၊နဝဒေးအုပ်စု၊အောင်မြေရွာ၊
အပိုင်း(၇)တွင် သောက်ရေ၊ သုံးရေများ ပျက်၍အခက်အခဲဖြစ်နေသဖြင့်
ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ စုပေါင်းပြီး ဧပြီလ(၂၄)
ရက်နေ့ နံနက်တွင်သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ နဝဒေးအုပ်စု ၊ အောင်မြေကျေးရွာသည် ပြည်မြို့၏မနီးမဝေးတွင်
တည်ရှိသော ကျေးရွာဖြစ်ပြီး ယခုကဲ့သို့  သောက်ရေ သုံးရေအခက်အခဲ
ဖြစ်နေသည်မှာရက်အနည်းငယ်ကြာမြင့်နေပြီ ဖြစ်ကြောင်း၊မြေအမျိုးအစား
အလိုက်အဝီစီတွင်းတူးရာတွင် ရေချို ရေငံနှစ်မျိုးဖြစ်နေတဲ့အတွက်လဲ ရေ
အခက်အခဲ ပိုဖြစ်နေရကြောင်း ကျေးရွာနေပြည်သူတစ်ဦးကပြောသည်။

“ရေပျက်နေတာကြာပြီ ၊ရွာမှာ ရေတွင်းကနှစ်တွင်းပဲရှိတယ်။အိမ်တွေမှာတော့
ကိုယ်ပိုင်ရေတွင်းလေးတွေ တစ်ချို့ရှိတယ်ဆိုပေမဲ့ အခုရေလုံးဝမရတော့ဘူး။
ရတဲ့ရေတွင်းကလဲ တစ်မိုက်တောင်မရှိဘူး။အဲဒါကိုဘဲ တစ်ရွာလုံးတန်းစီးပြီးခတ်
နေရတာ။နွားတွေလဲသောက်စရာရေတောင်မရှိလို့ အခက်ဖြစ်နေတယ်”ဟုဒေသ
ခံရွာသား ဦးအောင်မြင့် ကပြောသည်။

၎င်းကျေးရွာတွင် တောင်မြောက်စုစုပေါင်း အိမ်ခြေ(၂၀၀)ခန့်ရှိပြီး ယခင်နှစ်ကလဲ
ယခုလို ရေအခက်အခဲကြုံတွေ့ရသဖြင့်ပြည်မြို့မှရေလာရောက်လှူဒါန်းခြင်းခံခဲ့ရ
ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

“မနှစ်ကလဲတစ်ကြိမ် အခုလိုလာရောက်လှူဘူးပါတယ်။ဒါပေမဲ့ အဲဒီနှစ်က အခု
လောက်ရေအခက်အခဲမရောက်ဘူး။ဒီနှစ်တော်တော်ဆိုးတယ်။ကျွန်တော်တို့ရပ်
ကွက်က ရပ်မိရပ်ဖတွေက အခုလိုရေလှူဒါန်းချင်ဆိုပြီး ကျွန်တော့ကိုပြောတော့
ကျွန်တော်ကလဲကောင်းတယ် ကျွန်တော်ဘက်ကလဲ တတ်နိုင်သမျှ ကုသိုလ်ပါ
မယ်ဆို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာပါ”ဟု ခေတ္တရာရပ်ကွက် အုပ်ချုပ်
ရေးမှူး ဦးဇော်လွင်ကပြောသည်။

ရေလှူဒါန်းသောအဖွဲ့သည် သောက်ရေသန့်ဗူး ဗူးကြီး(၄၀၀)ဗူး ၊သုံးရေဂါလံ
(၂၄၀၀)ကိုလှူဒါန်းခဲ့ပြီး ၊နောက်ရက်တွေမှာလဲ မီးသတ်ကားကိုအသုံးမပြုပဲ
အခြားကားဖြင့်ရေထပ်မံလှူဒါန်းနှင့် အဝီစီတွင်းတူးရန် စီစဉ်ဆောင်ရွက်လျှက်
ရှိကြောင်းသိရပြီး ၄င်းရေလှူဒါန်းရာသို့ ခေတ္တရာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်
လွင်နှင့်ရပ်မိရပ်ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ခေတ္တရာရပ်ကွက် အရန်
မီးသတ်ကားနှင့်မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း
သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ








Read More...

အသက် ၂-နှစ်အရွယ်ကလေးငယ်တစ်ဦး ပြည်ဘူတာရုံအနီးတွင် စွန့်ပစ်ခံရဟုဆို၍ သက်ဆိုင်ရာဌာနသို့ သွားရောက်ပို့ဆောင်

Leave a Comment



အသက် ၂-နှစ်အရွယ်ကလေးငယ်တစ်ဦး ပြည်ဘူတာရုံအနီးတွင် စွန့်ပစ်ခံရဟုဆို၍ သက်ဆိုင်ရာဌာနသို့ သွားရောက်ပို့ဆောင်

 

ပြည်၊ဧပြီ၊၂၃

 

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ပြည်ဘူတာရုံရှေ့ရှိ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် အသက် ၂-နှစ်အရွယ် ယောက်င်္ကျားလေးတစ်ဦးမှာ ဘေးနာတွင်အထုတ်တစ်ထုတ်ချထားကာ ငိုနေသောကြောင့် မီးရထားရဲတပ်ဖွဲ့နှင့်ရပ်ကွက်ကလေးသူငယ်ကာကွယ်စောင့်လျှောက်ရေးအဖွဲ့များမှ ပူးပေါင်းကာ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါကလေးငယ်သည် ဧပြီလ ၂၃-ရက်နေ့မှာ ပြည်ဘူတာရုံရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် အထုတ်ငယ်တစ်ထုတ်အားဘေးချကာ ငိုနေခြင်းဖြစ်သောကြောင့် ကလေးငယ်၏ မိဘများမှ ကလေးငယ်အား စွန့်ပစ်သွားသည်ဟု ယူစကာ ယခုလို သက်ဆိုင်ရာအဖွဲ့အစည်းတွေ နှင့် ဒေသခံများမှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးရုံးသို့ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်းသိရသည်။

 

 “မနက် (၉)နာရီလောက်က ဘူတာရဲတပ်ဖွဲ့ကအကြောင်းကြားလို့ကျွန်တော်သွားကြည့်တာခလေးလေးကအထုပ်ကလေးတထုပ်နဲ့ငိုနေတာတွေ့လို့အခုတော့၊လူမှုဝန်ထမ်းအဖွဲ့ကိုဖုန်းဆက်အကြောင်းကြားတာသူတို့ကလက်ခံပါတယ်၊ပို့ပေးပါဆိုလို့အခုရဲတပ်ဖွဲ့နဲ့အတူသွားပို့မလို့ပါ” ဟု ရပ်ကွက်ကလေးသူငယ်ကာကွယ်စောင့်လျှောက်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ကျော်ဦး ကပြောသည်။

 

အဆိုပါကလေးငယ်မှာ အသက် ၂-နှစ်ခန့်သာရှိနေသောကြောင့် သက်ဆိုင်ရာဌာနက ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်အတွင်းမှာ ဆရာလေးတစ်ပါးဖွင့်လှစ်ထားသည့် ရတနာမဉ္ဖူ မိဘမဲ့ဂေဟာသို့ ပို့ဆောင်ရန် အစီစဉ်များရှိကြောင်းသိရသည်။

 

“ကလေးကိုလောလောဆယ်ရတနာ့မဉ္ဖူရီကိုပို့မယ်။ တိုင်းရုံးကိုလဲဖုန်းဆက်မယ်။ ကလေးသူငယ်ဖြစ်နေတာကြောင့်၊ညွှန်ချုပ်ဆီကိုလဲဖုန်းဆက်မယ်။ ညွှန်ချုပ်က အခုဒီမှာထားမလား၊ဒါမမဟုတ်ရုံးချုပ်ကိုပိုဆိုရင်လဲ ပို့မှာပါ။” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာန ဒု-ညွှန်မှူး ဒေါ်သန်းသန်းဌေး ကပြောသည်။

 

ပြည်မြို့တွင် ၂၀၁၄-ခုနှစ် ဒီဇင်ဘာလခန့်တွင် ၄-နှစ်အရွယ်အမျိုးသမီးကလေးငယ်လေး တစ်ဦးအား အဆင့်ဆင့်ရောင်းချခြင်းခံရသည့် ဖြစ်စဉ်မျိုးရှိနေပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် ဒေသခံသတင်းထောက်များမှ ၄င်းကလေးမငယ်လေးအား ယခုလို လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးရုံးသို့ သွားရောက်အပ်နှံခဲ့ကြကြောင်းသိရသည်။ယခုဖော်ပြပါ အသက် ၂-နှစ်အရွယ်ကလေးငယ်လေးနှင့်ပတ်သက်ပြီး ဆက်လက်စီစဉ်သွားမည်ဟု သက်ဆိုင်ရာဌာနများမှသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)၀၉၂၅၃၃၁၁၀၁၉
 

 
Read More...

Saturday, April 23, 2016

ဖာလို့လဲပြီးပြီ ဖာပြီးသားလဲရှင်းပေးတဲ့တာဝန်ရှိရှိ တာဝန်သိတဲ့သူများကို အထူးပင်ကျေးဇူးတင်

Leave a Comment

ဖာလို့လဲပြီးပြီ ဖာပြီးသားလဲရှင်းပေးတဲ့တာဝန်ရှိရှိ တာဝန်သိတဲ့သူများကို 
အထူးပင်ကျေးဇူးတင်

ပြည် ဧပြီ(၂၃)ရက်
မတ်လ(၂၇)ရက်နေ့က ပြည်မြို့ နဝရတ်လမ်းထောင့်နှင့်
ရွှေတစ်ချောင်းလမ်းမပေါ်ရှိရေစိုးထုတ်မြောင်းချိုင့်ခွက်သည်
အများပြည်သူများသွားလာရာတွင်အန္တရာယ်ဖြစ်နေကြောင်း
ရေးသား၍ ဖော်ပြခဲ့ပါသည်။

အဆိုပါလမ်းချိုင့်ခွက်နေရာအား ယနေ့ ဧပြီလ(၂၃)ရက်နေ့
နံနက်(၈)နာရီတွင် သက်ဆိုင်တာဝန်ရှိ တာဝန်သိတဲ့အဖွဲ့မှပြု
ပြင်ခြင်းလုပ်ငန်း အား အပြီးသက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း
တွေ့ရှိရသဖြင့်လွန်စွာမှကျေးဇူးတင်မဆုံးဖြစ်ရပါသည်။

သို့ပါသောကြောင့် ပျက်အဆင်ပြင်ခဏဆိုတဲ့ရှေးဆိုရိုးစကား
အတိုင်း ပြည်သူများ၏အသံအလေးထားဆောင်ရွက်ပေးပါသော
ဌါနဆိုင်ရာ လူကြီးမင်းများနှင့်တကွအောက်လက်ငယ်သားများပါ
မကျန် ပြည်သူကိုယ်စာ ကျွန်တော်သတင်းရေးသားသူမှ အထူးပင်
ကျေးဇူးတင် အပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း တိုင်း ခရိုင် မြို့နယ်အဆင့်ဖွဲ့စည်းတာဝန်ပေးအပ် ခြင်းအခမ်းအနားကျင်းပ

Leave a Comment

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း
တိုင်း ခရိုင် မြို့နယ်အဆင့်ဖွဲ့စည်းတာဝန်ပေးအပ်
ခြင်းအခမ်းအနားကျင်းပ

ပြည် ဧပြီ(၂၃)ရက်နေ့
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း တိုင်း/ခရိုင်/
မြို့နယ်အဆင့်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအခမ်း
အနားအား ပြည်ခရိုင် ပြည်မြို့ အ.ထ.က(၁)သိရီ
ရတနာခန်းမ၌ ဧပြီလ (၂၃)ရက်နေ့ ညနေ(၆)နာရီ
အချိန်တွင်ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားအစီစဉ်များအရ အခမ်းအနားဖွင့်လှစ်ကြောင်း
ကြေငြာခြင်း မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း
ရုံးချုပ်(ဗဟို)၏ ဥက္ကဌကြီးအငြိမ်းစားဥပဒေညွှန်ကြားရေးမှူး
ချုပ် ဦးဟန်ညွန့်၏ကိုယ်စား အသင်းကြီး၏ ဒုဥက္ကဌ မြန်မာနိုင်
ငံ စာရေးဆရာအသင်း၏ ဗဟိုအတွင်းရေးမှူး အမျိုးသားစာပေ
ဆုရှင် စာရေးဆရာကြီး ဦးငြိမ်းသူမှ အမှာစကားပြောကြားခြင်း
အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်ကြီး
တစ်ဦးမှ အမှာစကားပြောကြားခြင်း မြန်မာနိုင်ငံမှုခင်းသတင်း
ထောက်များအသင်း ဗဟိုရုံးချုပ်၏ အတွင်းရေးမှူး ရှုထောင့်မှု
ခင်းနှင့်သတင်းမီဒီယာအဖွဲ့၏အမှုဆောင်အရာရှိချုပ် ဦးသက်
နိုင်ဦး မှဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကြောင်းပြောကြားခြင်း မြန်မာ
နိုင်ငံမှုခင်းသတင်းထောက်များအသင်း ဗဟိုရုံးချုပ်၏ အတွင်းရေးမှူး
(၁)အငြိမ်းစားဒုတိယရဲမှူးကြီး ဦးခင်မောင်ဝင်းမှအသင်းဆိုင်းဘုတ်
ဖွဲ့စည်းခွင့် အတည်ပြုကဒ်ပြား နှင့်စာရွက်စာတမ်းများ ပေးအပ်ခြင်း
နှင့်မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း)တိုင်းခွဲ ဥက္ကဌကြီး အငြိမ်းစား ဒုရဲမှူးကြီး ဦးမောင်မောင်
လွင်မှကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား
ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ လက်ပံတန်းမြို့နယ် မင်းလှမြို့နယ် အုတ်ဖိုမြို့
နယ် ကြို့ပင်ကောက်မြို့နယ် ဇီးကုန်းမြို့နယ် နတ်တလင်းမြို့နယ် မိုးညို
မြို့နယ် ပေါင်းတည်မြို့နယ် ပုတီးကုန်းမြို့နယ် သဲကုန်းမြို့နယ် အင်းမမြို့
နယ် ရွှေတောင်မြို့နယ် ပေါင်းတလည်မြို့နယ် ပေါက်ခေါင်းမြို့နယ် ပန်း
တောင်းမြို့နယ် ဥသျှစ်ပင်မြို့နယ် မြန်အောင်မြို့နယ် ကြံခင်းမြို့နယ် ဘက်
ရဲမြို့နယနှင့် ပြည်မြို့နယ်တို့မှ မှုခင်းသတင်းထောက်များ တက်ရောက်ခဲ့
ကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ











Read More...

Facebook Like Page