Saturday, April 23, 2016

ဖာလို့လဲပြီးပြီ ဖာပြီးသားလဲရှင်းပေးတဲ့တာဝန်ရှိရှိ တာဝန်သိတဲ့သူများကို အထူးပင်ကျေးဇူးတင်

Leave a Comment

ဖာလို့လဲပြီးပြီ ဖာပြီးသားလဲရှင်းပေးတဲ့တာဝန်ရှိရှိ တာဝန်သိတဲ့သူများကို 
အထူးပင်ကျေးဇူးတင်

ပြည် ဧပြီ(၂၃)ရက်
မတ်လ(၂၇)ရက်နေ့က ပြည်မြို့ နဝရတ်လမ်းထောင့်နှင့်
ရွှေတစ်ချောင်းလမ်းမပေါ်ရှိရေစိုးထုတ်မြောင်းချိုင့်ခွက်သည်
အများပြည်သူများသွားလာရာတွင်အန္တရာယ်ဖြစ်နေကြောင်း
ရေးသား၍ ဖော်ပြခဲ့ပါသည်။

အဆိုပါလမ်းချိုင့်ခွက်နေရာအား ယနေ့ ဧပြီလ(၂၃)ရက်နေ့
နံနက်(၈)နာရီတွင် သက်ဆိုင်တာဝန်ရှိ တာဝန်သိတဲ့အဖွဲ့မှပြု
ပြင်ခြင်းလုပ်ငန်း အား အပြီးသက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း
တွေ့ရှိရသဖြင့်လွန်စွာမှကျေးဇူးတင်မဆုံးဖြစ်ရပါသည်။

သို့ပါသောကြောင့် ပျက်အဆင်ပြင်ခဏဆိုတဲ့ရှေးဆိုရိုးစကား
အတိုင်း ပြည်သူများ၏အသံအလေးထားဆောင်ရွက်ပေးပါသော
ဌါနဆိုင်ရာ လူကြီးမင်းများနှင့်တကွအောက်လက်ငယ်သားများပါ
မကျန် ပြည်သူကိုယ်စာ ကျွန်တော်သတင်းရေးသားသူမှ အထူးပင်
ကျေးဇူးတင် အပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



0 comments:

Post a Comment

Facebook Like Page