Sunday, April 24, 2016

ပြည်မြို့နှင့်အနီးငယ်သာဝေးသော ကျေးရွာတွင် သောက်ရေ သုံးရေ အခက်အခဲဖြစ်နေသဖြင့် ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ် ဖများမှစုပေါင်းရေလှူဒါန်း

Leave a Comment



ပြည်မြို့နှင့်အနီးငယ်သာဝေးသော ကျေးရွာတွင် သောက်ရေ သုံးရေ
အခက်အခဲဖြစ်နေသဖြင့် ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်
ဖများမှစုပေါင်းရေလှူဒါန်း
 
ပြည် ဧပြီ (၂၄) ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ် ၊နဝဒေးအုပ်စု၊အောင်မြေရွာ၊
အပိုင်း(၇)တွင် သောက်ရေ၊ သုံးရေများ ပျက်၍အခက်အခဲဖြစ်နေသဖြင့်
ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ စုပေါင်းပြီး ဧပြီလ(၂၄)
ရက်နေ့ နံနက်တွင်သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ နဝဒေးအုပ်စု ၊ အောင်မြေကျေးရွာသည် ပြည်မြို့၏မနီးမဝေးတွင်
တည်ရှိသော ကျေးရွာဖြစ်ပြီး ယခုကဲ့သို့  သောက်ရေ သုံးရေအခက်အခဲ
ဖြစ်နေသည်မှာရက်အနည်းငယ်ကြာမြင့်နေပြီ ဖြစ်ကြောင်း၊မြေအမျိုးအစား
အလိုက်အဝီစီတွင်းတူးရာတွင် ရေချို ရေငံနှစ်မျိုးဖြစ်နေတဲ့အတွက်လဲ ရေ
အခက်အခဲ ပိုဖြစ်နေရကြောင်း ကျေးရွာနေပြည်သူတစ်ဦးကပြောသည်။

“ရေပျက်နေတာကြာပြီ ၊ရွာမှာ ရေတွင်းကနှစ်တွင်းပဲရှိတယ်။အိမ်တွေမှာတော့
ကိုယ်ပိုင်ရေတွင်းလေးတွေ တစ်ချို့ရှိတယ်ဆိုပေမဲ့ အခုရေလုံးဝမရတော့ဘူး။
ရတဲ့ရေတွင်းကလဲ တစ်မိုက်တောင်မရှိဘူး။အဲဒါကိုဘဲ တစ်ရွာလုံးတန်းစီးပြီးခတ်
နေရတာ။နွားတွေလဲသောက်စရာရေတောင်မရှိလို့ အခက်ဖြစ်နေတယ်”ဟုဒေသ
ခံရွာသား ဦးအောင်မြင့် ကပြောသည်။

၎င်းကျေးရွာတွင် တောင်မြောက်စုစုပေါင်း အိမ်ခြေ(၂၀၀)ခန့်ရှိပြီး ယခင်နှစ်ကလဲ
ယခုလို ရေအခက်အခဲကြုံတွေ့ရသဖြင့်ပြည်မြို့မှရေလာရောက်လှူဒါန်းခြင်းခံခဲ့ရ
ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

“မနှစ်ကလဲတစ်ကြိမ် အခုလိုလာရောက်လှူဘူးပါတယ်။ဒါပေမဲ့ အဲဒီနှစ်က အခု
လောက်ရေအခက်အခဲမရောက်ဘူး။ဒီနှစ်တော်တော်ဆိုးတယ်။ကျွန်တော်တို့ရပ်
ကွက်က ရပ်မိရပ်ဖတွေက အခုလိုရေလှူဒါန်းချင်ဆိုပြီး ကျွန်တော့ကိုပြောတော့
ကျွန်တော်ကလဲကောင်းတယ် ကျွန်တော်ဘက်ကလဲ တတ်နိုင်သမျှ ကုသိုလ်ပါ
မယ်ဆို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာပါ”ဟု ခေတ္တရာရပ်ကွက် အုပ်ချုပ်
ရေးမှူး ဦးဇော်လွင်ကပြောသည်။

ရေလှူဒါန်းသောအဖွဲ့သည် သောက်ရေသန့်ဗူး ဗူးကြီး(၄၀၀)ဗူး ၊သုံးရေဂါလံ
(၂၄၀၀)ကိုလှူဒါန်းခဲ့ပြီး ၊နောက်ရက်တွေမှာလဲ မီးသတ်ကားကိုအသုံးမပြုပဲ
အခြားကားဖြင့်ရေထပ်မံလှူဒါန်းနှင့် အဝီစီတွင်းတူးရန် စီစဉ်ဆောင်ရွက်လျှက်
ရှိကြောင်းသိရပြီး ၄င်းရေလှူဒါန်းရာသို့ ခေတ္တရာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်
လွင်နှင့်ရပ်မိရပ်ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ခေတ္တရာရပ်ကွက် အရန်
မီးသတ်ကားနှင့်မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း
သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ








0 comments:

Post a Comment

Facebook Like Page