Saturday, May 23, 2015

ဖြစ်ရပ်အမှန် ငရဲပြည်မှအတွေ့အကြုံ

Leave a Comment
ဖြစ်ရပ်အမှန် ငရဲပြည်မှအတွေ့အကြုံ

မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

------------------------------------------------------------------------------


ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။


ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီးကိုသာ တွေ့မြင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျသွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက်လာကြပါတော့တယ်။ ကျနော်ပြေးရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက်လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက်အားလန့်အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြောင်ဝတ်ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင်စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါတယ်။ အောင်နိုင်ဦးပါဆိုတော့ ကျနော့်ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေကိုလည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ်ချင်း အောင်ကျော်ဦးကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက်ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြတာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရမလားမသိပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်းထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ်ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့ ပိုပြီးတော့ ကြောက်စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။ နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေဟာ အတုန်းအရုန်းလူးလဲအော်ဟစ် နေကြတာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့်တုန်းကြီးတွေနဲ့ သူတို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ ပြန်ခံရလိုက်နဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့မယ်လို့ ဆိုပါတယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ်ကြတုန်းမှာ အဝတ်ဖြူဝတ် သူတော်စင်ကြီးတစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက်အတွင်း အသက်လည်းမရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့်လက်ချောင်းလေးတွေကတော့ ခုနစ်ရက်လုံးလုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့်အမေကဆို “လက်တွေမညောင်းဘူးလား သားရယ်” လို့တောင် မေးပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေခဲ့တော့ လေသံသဲ့သဲ့လေးနဲ့ပဲ ပြောနိုင်ပါတော့တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံရတာဖြစ်ကြောင်း၊ လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက်တဲ့အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန်မပြောဖို့ ပြောပါတယ်။ မတော်ရင် တရားစွဲခံရနိုင်တယ်လို့လည်း ပြောကြတဲ့အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေတဲ့အတွက်ရော၊ အောင်ကျော်ဦးအကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင်ကျော်ဦးတစ်ယောက် ထမင်းစားနေရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါးသွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေးကလွတ်အောင် ကြိုးစားနိုင်ကြပါစေ ခင်ဗျာ..။
------------------------------------------------------------------------

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။ ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေပါ။
ယောဂီတစ်ဦး။ ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။ ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ်သူတစ်ဦးဦးရဲ့ နေရာဗိမာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော်ရဲ့ဝိဉာဏ်ကရောက်သွားတာလား၊ စိတ်ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။ ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ်ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာအလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။ ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ်လို့ ပြောခဲ့တဲ့သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲဘုရား။
စာရေးသူ ။ ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်းဝင်၊ ယောဂီ ကိုအောင်နိုင်ဦး၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ်ကျအာင် ပြန်လည်ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

ပြည်သတင်းလူငယ်(ပြည်သတင်း)တင်ဆက်သည်။
09253311019

Read More...

အမေရိကန်နိုင်ငံ၊ပညာရေး နှင့်ယဉ်ကျေးမှုရေးရာဗျူရို ရဲ့ပံ့ပိုးမှု နဲ့ ဖွင့်လှစ်တဲ့၊English Access Micro-Scholarship Program ရဲ့နွေရာသီ စခန်းပိတ်ပွဲ၊ အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

Leave a Comment
အမေရိကန်နိုင်ငံ၊ပညာရေး နှင့်ယဉ်ကျေးမှုရေးရာဗျူရို ရဲ့ပံ့ပိုးမှု နဲ့ ဖွင့်လှစ်တဲ့၊English Access Micro-Scholarship Program ရဲ့နွေရာသီ စခန်းပိတ်ပွဲ၊  အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်




ပြည် မေ ၂၂


   ပဲခူးတိုင်း၊ပြည်မြို့၊ဘုရင့်နောင်လမ်းမကြီးဘေး  အရှိုချင်း ဓမ္မပညာသင်ကျောင်း မှာ၊မေလ(၂၁)ရက်နေ့ညနေ(၃)နာရီထိုးမှာ၊ အမေရိကန်နိုင်ငံ၊ပညာရေး နှင့်ယဉ်ကျေးမှုရေးရာဗျူရို ရဲ့ပံ့ပိုးမှု နဲ့ ဖွင့်လှစ်တဲ့၊English Access Micro-Scholarship Program ရဲ့နွေရာသီ စခန်းပိတ်ပွဲ၊  အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြတာဖြစ်ပြီး၊ပုသိမ်မြို့ နဲ့ ပြည်မြို့ က သင်တန်းသား(၁၀၀) တို့ နှင့် ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြောင်းသိရသည်။

 “ ဒီသင်တန်းကိုတက်ရောက်တာ၊အင်္ဂလိပ်စာအရည်အချင်းတွေတိုးတက်လာပါတယ်။လူတွေရှေ့မှာ လဲစကားထွက်ပြောရဲလာတယ်၊မတူညီတဲ့ဘာသာဝင်တွေ၊အတူပူးတွဲနေတဲ့အလေံအထတွေပါရခဲ့ပါတယ် “ဟု မနော်မေဂျိုင်းသဲသဲဇွန်(အီးမေဂျာဒုတိယနှစ်)ပြည်မြို့ မှပြောသည်။



ပညာတော်တဲ့လူငယ်တွေအတွက်အခုလို အခွင့်အလန်းတွေရှိတယ်၊ကျိုးစားလို့ထူးချွန်ရင် ၊နောင်တိုင်းပြည်ကို ဦးဆောင်သူတွေ၊ဖြစ်လာနိုင်တယ်၊နိုင်ငံတကာသက္ကသိုလ်တွေကိုတက်လှမ်းနိုင်မယ်လို့၊သင်တန်းမှတာဝန်ရှိသူဆရာမတစ်ဦးမှယခုလိုပြောခဲ့ပါတယ်။



“ ဒီသင်တန်းကနေထူးချွန်သူတွေကို၊အမေရိကားမှာရှိတဲ့သက္ကသိုလ်တွေ ကို စကောလားရှစ်နဲ့တက်ရောက်နိုင်မှာဖြစ်တယ်၊တခြားပရိုဂရမ်တွေ၊အစီအစဉ်တွေကိုလဲ၊အမေရိကန်အစိုးရအစီအစဉ်တွေ နဲ့ လေ့လာသင်ယူနိုင်ပါတယ်။အင်္ဂလိပ်စာအရည်အချင်းတွေ၊ခေါင်းဆောင်ကောင်းအရည်အချင်တွပါ သူတို့တွေ တိုးတက်လာနိုင်ပါတယ်” ဟု ဒေါ်သူဇာသွင်(Caltural Affair Assistant-Education) မှပြောသည်။



“ ဒီသင်တန်းကိုတက်ရတာ၊အတူတကွပူးတွဲလုပ်ဆောင်မှုတွေ၊Leadership စကေးတွေတက်လာပါတယ်။လုမှုပတ်ဝန်းကျင်မှာဘာတွေလိုအပ်သလဲ၊တွေးခေါ်မှုအတတ်ပညာတွေ နဲ့ လူအခြင်းခြင်းခွဲခြားဆက်ဆံမှုတွေလဲ ကင်းဝေးအောင်သင်ယူခဲ့ရပါတယ်။မတူညီတဲ့ဘာသာဝင်တွေ ရဲ့အကြောင်းတွေကိုလဲလေံလာသင်ယူခွင့်ရပါတယ် “ဟု မောင်သူရပိုင်စိုး၊(နည်းပညာသက္ကသိုလ်)ပုသိမ် မှပြောသည်။



အဆိုပါသင်တန်းများကို အမေရိကန်အစိုးရက လွန်ခဲ့တဲ့၊(၁၀)နှစ်ကျော်က စတင်ခဲ့တာဖြစ်ပြီး၊ယခု ဆိုရင်၊နိုင်ငံပေါင်း(၄၀)ကျော်မှာ၊ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်

၊မြန်မာပြည်မှာတော့၊မြစ်ကြီးနား၊စစ်ကိုင်း၊ပြည်၊ကျောက်ဆည်၊မော်လမြိုင်၊ဟိုပုံး၊ပုသိမ်၊ဘားအံ့၊စတဲ့မြို့(၉)မြို့ တို့မှာဖွင့် လှစ်နိုင်ခဲ့ပါတယ်၊သင်တန်းအနေနဲ့(၂)နှစ်တက်ရောက်ရမှာဖြစ်ပြီး၊အခကြေးငွေပေးစရာမလိုပဲ၊ အမေရိကန်၊အစိုးရရဲ့ပံ့ပိုးမှု နဲ့၊ အသက်(၁၆) နှစ်ကနေ(၁၉)နှစ် ရှိတဲ့ သူတွေ တက်ရောက်နိုင်ပါတယ်

သင်တန်းတွင် တစ်ပတ်ကို၊စနေနေ့၊တစ်ရက်သာတက်ရပြီး ကျောင်သားဗဟိုပြု ပုံစံ နဲ့နိုင်ငံတကာစံနှုံးအတိုင်း(4) skills  ,American Cultural ,Democratic Value,Leadership Skill,တို့ နဲ့ မတူညီ တဲ့ ယဉ်ကျေးမှု၊ကွဲပြားတဲ့ကိုးကွယ်မှု၊ တွေ အတူ အတူယှဉ်တွဲနေထိုင်ခြင်း အလေ့အထ တွေကိုပါ၊သင်ကြားပေးကြောင်းသိရသည်။



                                                                              K3(pyay)
ပြည်သတင်းလူငယ်(ပြည်သတင်း)ရေးသားတင်ဆက်သည်။
09253311019




Read More...

Hanbit Nano ကိုလာရောက်၍ အခမဲ့ လက်တွေ့ကျန်းမာရေး လုပ်နိုင် ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment


Hanbit Nano ကိုလာရောက်၍ အခမဲ့ လက်တွေ့ကျန်းမာရေး လုပ်နိုင်

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင် ပြည်မြို့ရှိ ကျန်းမာရေးနှင့်ပျော်ရွှင်စရာများပေးမယ့်
 နေရာ ဟန်းဘစ်နာနို ကျန်းမာရေးစင်တာ Hanbit Nano ပြည်စင်တာတွင်မေလ(၂၃)
ရက်နေ့မှစတင်ပြီး အရုပ်အလက်အမြတ်မရွေး သက်ကြီးရွယ်အို အဖိုးအဖွားများနှင့်
ကျန်းမာရေးလိုက်စားသူများအား(အခမဲ့) လက်တွေ့ ကျန်းမာရေးလုပ်နိုင်ကြောင်း
သိရသည်။

ထိုစင်တာမှ ဆီးချို၊သွေးချို၊လေးဘက်နာ၊ကျီးပေါင်းတက်ခြင်း၊အစာအိမ်ရောင်ခြင်း၊
သွေးအားနည်းခြင်း၊လေဖြတ်ခြင်း၊လူကြီးရောဂါများ နာတာရှည်ခံစားနေရသူများ၊
မီးယပ်ရောဂါ၊အသဲအဆီဖုံး၊လိပ်ခေါင်းရောဂါ၊သားအိပ်ခေါင်းကင်ဆာ၊အလုပ်ကြမ်း
လုပ်သူများ၊အဆီချချင်သူများ၊အိပ်မပျော်သူများ၊အာရုံကြောအားနည်းသော ရောဂါ၊
နှလုံးရောဂါ၊တို့အပြင် သွေးလေလည်ပတ်မှုကိုကောင်းစေခြင်း၊အစာခြေဖျက်မှုကို
ကောင်းစေခြင်း၊ခန္ဒာကိုယ်တွင် စွဲကပ်နေသော ရောဂါမျိုးစုံကို အခမဲ့ကုသပေးနေ
ပါသည်။

အဆိုပါ  ကျန်းမာရေးနှင့်ပျော်ရွှင်စရာများပေးမယ့် နေရာ ဟန်းဘစ်နာနို ကျန်းမာရေး
စင်တာ Hanbit Nano ပြည်စင်တာကို အိမ်အမှတ်(၄၂၇/A)၊ရန်အောင်ကင်းဘုရားရှေ့
ပွဲစားလမ်း၊ပြည်မြို့တွင်ဖွင့်လှစ်ထားကြောင်းသိရပြီး အဆိုပ်စင်တာကဲ့သို့ (အခမဲ့)
ကျန်းမာရေးစင်တာအား ပြည်မြို့ စာတိုက်တန်းလမ်းဖွင့်လှစ်လျှက်ရှိကြောင်းလဲသိရ
သည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883








Read More...

Bright Star ဆောက်လုပ်ရေး(ပြည်)မှတိုက်ခန်းများရောင်းချပေးနေပါပြီ

Leave a Comment

Bright  Star ဆောက်လုပ်ရေး(ပြည်)မှတိုက်ခန်းများရောင်းချပေးနေပါပြီ

Bright  Star ဆောက်လုပ်ရေး(ပြည်)မှတာဝန်ယူဆောက်၍
တိုက်ခန်းများအားရောင်းချပေးနေပါပြီခင်ဗျာ.....
ရောင်းချပေးနေသည့် တိုက်ခန်းအဆောက်အဦးတည်နေရာကတော့
ဝါရုံလမ်းနှင့်ဂျင်းတန်းလမ်းဒေါင့်ဖြစ်ပါသည်။

ဆက်သွယ်ဝယ်ယူလိုပါက....အမှတ်(၆၈၇)ဆွေးနွေးဘုရားလမ်း ပြည်မြို့
ဆက်သွယ်ရန်ဖုန်း.....09 ...49500667 /09 ...250813197 /09...5312360
09...972312383 


Read More...

Friday, May 22, 2015

ဆိုင်ကယ်အား ကားဖြင့်တိုက်၍ ထွက်ပြေးသွားသူအား ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကို စာတင်မည်ဟုဆို ပြည့်သဲမောင်(ပြည်) 09 423671883

Leave a Comment



ဆိုင်ကယ်အား ကားဖြင့်တိုက်၍ ထွက်ပြေးသွားသူအား ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကို စာတင်မည်ဟုဆို

ပြည့်သဲမောင်(ပြည်) 09 423671883
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်တွင်
ဖြစ်ပွားသော ယာဉ်တိုက်မှုနှင့်ပတ်သက်၍  ထွက်ပြေးတိမ်းရှောင်နေသူနှင့်
ကားအား ယနေ့အချိန်အထိ ဖမ်းမိခြင်းမရှိသည့်အတွက် နစ်နာသူဘက်မှ  အမြန်ဆုံးဖမ်းရမိရေး  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာန ချုပ်သို့စာတင်မည်ဟု
သိရသည်။
ဧပြီလ (၂၅)ရက် ညနေ (၆း၂၀)တွင် ပြည်မြို့၊ ဘုရင့်နောင်လမ်းမကြီးအတိုင်း
န၀ဒေးပွဲရုံတန်း ဘက်မှ မြို့သစ်အဝေးပြေးကားကြီးဝန်းဘက်သို့ မအေးအေးသင်း
(၄၃)နှစ်၊ (ဘ)ဦးကြည်မောင်၊ ရွှေတံခါးအပိုင်း (၃)ရပ်ကွက်၊ ပြည်မြို့နေသူ
မောင်းနှင်လာသော ၁၀ယ/၅၈၉၀ ဆူဇူကီး စမတ် 110အနီရောင်ဆိုင်ကယ်အား
 မောင်းနှင်လာစဉ် မြို့သစ်ရပ်ကွက်၊ မြို့သစ်(၁၅)လမ်းထိပ် အရောက် ၄င်းလမ်း
အတွင်းမှ ဘုရင့်နောင်လမ်းမကြီးပေါ်သို့ 9H/9437 အေဒီဘင်(န်) အဖြူရောင်၊
(နေရပ် လိပ်စာမသိ)၊ မော်တော်ယာဉ်အားမောင်းထွက်လာစဉ် မအေးအေးသင်း၏
 ဆိုင်ကယ်အား ၀င်တိုက်မိသဖြင့်မအေးအေးသင်းတွင် ဦးခေါင်းယာဘက် ချိုစောင်းဖူးရောင်
ဒဏ်ရာ၊ ယာဘက် ဒူးခေါင်းအောက်ပွန်းပြဲဒဏ်ရာ၊ ယာဘက်လက်ဖျံ ပွန်းပြဲဒဏ်ရာများ
ရရှိပြီး မော်တော်ယာဉ်မှာ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မအေးအေးသင်း၏ အစ်ကိုဖြစ်သူက " အဲဒီနေ့က
ကားကို ဆိုင်ကယ်တွေနဲ့လိုက်ကြတယ်။ရှေ့ကဆိုင်ကယ်နှစ်စီးပိတ်ရပ်တော့ ကားက
 အတင်းဝင်တိုက် တယ်။ ဆိုင်ကယ်နှစ်စီးလုံးမောင်းထွက်ပြေးရတယ်။ ကားနံပါတ်ကိုလည်း
 သိလိုက်တယ်။ အဲဒီ နံပါတ်ကိုလည်း ရဲတပ်ဖွဲ့ကိုပေးတယ်။ကျွန်တော်တို့စုံစမ်းသိရှိရသလောက်
 အဲဒီ (၁၅)လမ်းထဲ က ကုန်စုံဆိုင်အိမ်ကိုလာပြီးအထွက် လမ်းထိပ်ရောက်တော့ ကျွန်တော့ညီမ ဆိုင်ကယ်ကိုတိုက် တာ ဒါကိုလည်းကျွန်တော်တို့သိရသလောက် ရဲတပ်ဖွဲ့ကိုသတင်းပေးခဲ့ တယ်။ ဒါပေမယ့် အခု အချိန်အထိ တိုက်ပြေးတဲ့ကားလည်းဘယ်ကမှန်းမသိ။ ပိုင်ရှင်ဘယ်က မှန်းမသိနဲ့
 ဖြစ်နေတယ်။  အမှန်တကယ်ဆိုရင် ကားနံပါတ်အတိအကျသိနေတာဘဲ။ ရှာလို့တွေ့ရမှာကို အခုအချိန်အထိ မမိသေးဘူးဆိုတော့ စဉ်းစားစရာပဲ။ အမှုစစ်ကို ဖုန်းခေါ်တော့နောက်ပိုင်းဖုန်းတောင်
မကိုင် တော့ဘူး" ဟု မအေးအေသင်း၏အစ်ကိုဖြစ်သူ ကိုလွမ်းဆွေကပြောသည်။

ပြည်မြို့မှရဲစခန်းမှ အမှုစစ်ဒုရဲအုပ်မြတ်သူစိုးအား မေးမြန်းရာ "ကျွန်တော်တို့ဘက်က တော့
အခင်းဖြစ်တဲ့နေ့မှာဂိတ်တွေအားလုံးကို လိုက်လံပိတ်ဆို့ပါတယ်။ စုံစမ်းရမယ့်နေရာတွေ ကိုလည်းစုံစမ်းတယ်။ ဒါပေမယ့် ဒီကားကပြည်လိုင်စင်မဟုတ်တဲ့အတွက်နေပြည်တော် က.ည.န
ရုံးချုပ်ကို ကျွန်တော့အနေနဲ့ စာတင်ပြီးစုံစမ်းထားပါတယ်။ အဲဒီကအခုအချိန်အထိ အကြောင်း
မပြန်သေးတာပါ" ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

"ကျွန်တော်တို့ကတော့ (၁)ရက် (၂)ရက်စောင့်ကြည့်လို့မှ အမှုစစ်ဘက်က အကြောင်း တစ်ခုခု
မပြန်ဘူးဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကို စာတင်ပြီးတိုင်မယ်။ကျွန်တော်တို့ရတဲ့ သတင်း
တွေကိုလည်းပေးထားတယ်။အမှန်ဆိုရင် ဒီရပ်ကွက်ထဲမှာ ဒီအိမ်ကိုလာတဲ့ကား မှန်ရက်သားနဲ့ အမှုကအခုအချိန်အထိ ကြာစရာအကြောင်းမရှိဘူး ရဲတပ်ဖွဲ့က အမှုကိုင်တွယ် တဲ့နေရာမှာ
 သေသေချာချာမကိုင်တွယ်တဲ့အတွက် အမှုမှန်မပေါ်တာလို့ ကျွန်တော်ကတော့ သုံးသပ်တယ်။ ကျွန်တော်တို့ဘက်က ကားနံပါတ်မမှတ်မိလိုက်လို့ ဘာကားမှန်းမသိလိုက်ဘူး ဆိုရင်တော့ထား
ပါတော့ ကားနံပါတ်ရော အမျိုးအစားပါပြောထားပါရက် အခုအချိန်အထိ အမှုမှန်မပေါ်ဘူး။ ကျွန်တော့ညီမဖြစ်သူကိုလည်း သေတွင်းထဲကပြန်ဆွဲတင်ထားသကဲ့သို့ ကုထားရတာပါ။ ကျွန်တော်တို့က လျော်ကြေးလည်းမတောင်းဘူး။ တရားဥပဒေအတိုင်းဘဲ လုပ်ပေးဖို့အတွက် 
တိုင်မှာပါ" ဟု နစ်နာသူ၏အစ်ကိုဖြစ်သူ ကိုလွမ်းဆွေက ဆက်လက် ပြောကြားခဲ့သည်။

ပြည့်သဲမောင်(ပြည်) 09 423671883
Read More...

Facebook Like Page