Tuesday, July 29, 2014

ကဗျာ

Leave a Comment
အကြမ်းဖက်သူများသို့သတိပေးခြင်း (သို့မဟုတ်)ဂျိုးငှက်ကူသံ
****************************************************************

သူရဘွဲ့တစ်ခုရဘို့
လူတွေ အသက်ဘယ်လောက်ပေးရမလည်း
တကယ်တော့
မင်းတို့သတ်ခဲ့တာ
မင်းတို့ကြောင့်သေခဲ့ရတာ
မင်းတို့ကြောင့် အမိ အဖ မဲ့ခဲ့ရတာ
မင်းတို့ကြောင့် လင် သား ပျောက်ခဲ့ရတာ
မင်းတို့ကြောင့် ပညာမဲ့ပြီး အနာဂတ်ပျောက်ခဲ့ရတာ
မင်းတို့ကြောင့် နားခိုရာမဲ့ပြီး ဒုက္ခသည်ဘ၀ရောက်ခဲ့ရတာ
အားလုံးဟာ...
သူ့ဘက်ကိုယ့်ဘက်က လူသားတွေပဲ
ငြင်းချက်မထုတ်နဲ့
အကြောင်းမပြနဲ့
ငြိမ်းချမ်းရေးဟာ
ကားပါမစ်နဲု့လဲလို့မရဘူး
ကျောက်သံပတ္တမြားတွေနဲ့
အစားထိုးလို့မရဘူး
အာဏာ၊ပါဝါ၊နေရာတွေနဲ့ ချဉ်းကပ်လို့မရဘူး
ကျုပင်ခုတ်ကျုငုတ်မကျန်ဆိုတဲ့ စိတ်ဓါတ်နဲ့ မရဘူး
လိုအပ်တာက
လူသားကို လူသားက သတ်ဖြတ်နေတာ ရပ်
မောဟနဲ့ အတ္တ၊မာနတွေ ခ၀ါချ
ကိုယ်ချင်းစာတတ်တဲ့ စိတ်ဓါတ်မွေး
လူတိုင်းရင်ထဲမှာ ပန်းတွေပွင့်ရင် ပြီးပြီ။ ။

မင်ယွန်း(ခေတ္တရာ)
Read More...

ပိန်သွယ်စေမည့် အလွယ်နည်းများ

Leave a Comment
ပိန်သွယ်စေမည့် အလွယ်နည်းများ
===================

ကိုယ်အလေးချိန် လျော့ကျဖို့ မနည်း ကြိုးစားနေပေမယ့် သင်မှန်းထားသလောက် ဝိတ်မလျော့လာဘဲ ဖြစ်နေသလား။ ဝိတ်လျော့ချင် သူတွေ အတွက် သတင်းကောင်း ရှိပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ အစားအသောက် လျှော့စရာ မလိုဘဲ ပေါင်ချိန်များစွာ လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာ ရှိပါတယ်။

(၁) အိပ်စက်ခြင်းဖြင့် အဆီများ ချေဖျက်ပါ

ဝိတ်လျော့ဖို့ကို အိပ်ရမယ်ဆိုလို့ မယုံနိုင် ဖြစ်နေပါသလား။ ဟုတ်ပါတယ်။ အိပ်စက်တာက တကယ်ကို လွယ်ကူပြီး တကယ်ကို ထိရောက်တဲ့နည်းပါ။ လေ့လာချက်အရ တစ်ညကို အိပ်ချိန်ခုနစ် နာရီခွဲ ရှိသူတွေဟာ အိပ်ချိန်ငါးနာရီခွဲသာ ရှိသူတွေထက်စာရင် စားတဲ့ အစာပမာဏ တူညီကြတာတောင်မှ ခန္ဓာကိုယ်အဆီ လျော့ကျမှုဟာ အံ့သြသင့်စရာ ကောင်းလောက်အောင်ကို ၅၅ ရာခိုင်နှုန်း အထက် လျော့ကျပြီး ဗိုက်ဆာမှုလည်း လျော့နည်းနေတာ တွေ့ရပါတယ်။

အိပ်စက်ခြင်း လျှို့ဝှက်ချက်

ပုံမှန် အိပ်ချိန်ဖြစ်တဲ့ အိပ်ချိန်ခုနစ် နာရီမှ ရှစ်နာရီထက် နည်းသူတွေမှာ အဆီလောင်ကျွမ်းမှု နှေးစေပြီး အစာစားချင်စိတ် များစေနိုင်တဲ့ ဟော်မုန်းဂရီလင် (ghrelin) များစွာ ထွက်ရှိနေပါတယ်။

အပေါင်းအသင်း များလေ အိပ်ပျော်လေ

ညဘက် အိပ်မပျော် ဖြစ်နေပါလား။ ဒါဆို သူငယ်ချင်းမိတ်ဆွေ များအောင် လုပ်ပါ။ အပေါင်းအသင်း များသူတွေဟာ နည်းသူတွေထက် စာရင် ညဘက်ပိုပြီး အိပ်ရေးဝတာကို တွေ့ရပါတယ်။

(၂) နို့သောက်ခြင်းဖြင့် ငါးပေါင်လျှော့ပါ

မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ သုတေသနပြုချက်အရ အဆီနည်း ဒါမှမဟုတ် အဆီမပါတဲ့ နို့ တစ်နေ့ကို နှစ်ခွက်၊ သုံးခွက် နေ့စဉ် သောက်ပြီး ကယ်လ်စီယမ်ဓာတ် ၅၈၀ မီလီဂရမ်နဲ့ ဗီတာမင် ဒီ 400 IU နေ့စဉ်ရရှိနေသူတွေဟာ နို့နဲ့ နို့ထွက်ပစ္စည်း မစားသလောက် ရှိသူတွေနဲ့ ယှဉ်ရင် နှစ်နှစ်အကြာမှာ ငါးပေါင်နဲ့ အထက် ကိုယ်အလေးချိန် လျော့သွားတာကို တွေ့ရပါတယ်။

နို့သောက်ခြင်း လျှို့ဝှက်ချက်

လေ့လာချက်အရ ကယ်လ်စီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ကနေ အဆီတွေ စွန့်ထုတ်ရာမှာ ကူညီပေးပြီး ဗီတာမင်ဒီ ကတော့ ခန္ဓာကိုယ်ဇီဝ ရုပ်ဖြစ်ပျက်မှုကို နှေးစေပြီး အဆီတွေထွက်ရှိစေတဲ့ ဟော်မုန်းတွေ မထွက်အောင် ကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်း လုပ်ရာမှာလည်း ကောင်းစေတယ်

အလေးမတဲ့ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ အဆီမပါတဲ့ နို့သောက်သူဟာ နို့မသောက်သူထက် စာရင် အဆီပိုလျော့တာကို တွေ့ရပါတယ်။ နို့မှာပါတဲ့ ကယ်လ်စီယမ်၊ ဗီတာမင်ဒီနဲ့ ပရိုတင်း ဓာတ်တွေဟာ ကြွက်သားဆဲလ် ကြီးထွားဖို့ ကူညီပေးတာကြောင့် အဆီကို လောင်ကျွမ်းစေပါတယ်။

(၃) မီးပိတ်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချပါ

ညဘက်မှာ တစ်ရေးနိုး လာတတ်ပါသလား။ မီးအလင်းရောင် ထွက်စေတဲ့ အရာမှန်သမျှ ပိတ်ထားပါ။ ညအိပ်မီး၊ တီဗီ စသဖြင့်ပေါ့။ လေ့လာချက် တစ်ခုအရ မီးအလင်းရောင် မှိန်မှိန်မှာ အိပ်တဲ့ တိရစ္ဆာန်တွေဟာ လုံးဝအမှောင်ထဲမှာ အိပ်တဲ့ တိရစ္ဆာန်တွေထက် စာရင် ရှစ်ပတ်အကြာမှာ ကိုယ်အလေးချိန် ၅၀ ရာခိုင်နှုန်းပို တိုးလာတာကို တွေ့ရပါတယ်။ သုတေသန ပညာရှင်တွေက လူတွေမှာလည်း ဒီအတိုင်း ဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။

အမှောင်၏ လျှို့ဝှက်ချက်

အလင်းရောင်နဲ့ အိပ်ပါက ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီက ပုံမှန်မဟုတ်တာကြောင့် နိုးတဲ့အခါ ဗိုက်ပိုဆာစေနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ချေလည်း လျော့စေတယ်

ညဘက် အိပ်နေစဉ် အလင်းရောင် ခံယူတာက ပုံမှန်ဆဲလ်ကွဲထွက်မှုကို အနှောင့်အယှက်ပေးသလို ကင်ဆာရောဂါ ဖြစ်နိုင်ချေများ စေတဲ့ Gene ကိုလည်း လှုံ့ဆော်ပေးပါတယ်။

(၄) ရေနွေးကြမ်းသောက်ခြင်းဖြင့် အဆီစုပ်ယူမှုကို ကာကွယ်ပါ

သင်စားတဲ့အစာကို မလျှော့ဘဲ အဆီ လျော့ချင်ပါသလား။ နောက်တစ်ခါ အစာစားရင် ရေနွေးကြမ်း တွဲသောက်ပေးပါ။ လေ့လာချက် တစ်ခုအရ လက်ဖက်ခြောက်အမှုန့်တွေ ထည့်ထားတဲ့ အဆီများတဲ့ အစာကို ကျွေးထားတဲ့ တိရစ္ဆာန်တွေဟာ လက်ဖက်ခြောက်မှုန့် မပါတဲ့ အဆီများတဲ့ အစာတွေ ကျွေးထားတဲ့ တိရစ္ဆာန်တွေထက် စာရင် ကိုယ်အလေးချိန် လျော့ကျပြီး အန္တရာယ်ရှိ ဖက်တီးအက်စစ်တွေ လျော့နည်းတာကို တွေ့ရပါတယ်။ လူတွေမှာလည်း ဒီအတိုင်းပဲလို့ ယုံကြည်ထားကြပါတယ်။

ရေနွေးကြမ်း၏ လျှို့ဝှက်ချက်

လက်ဖက်ခြောက်မှာ အစာခြေ လမ်းကြောင်းအတွင်း အဆီစုပ်ယူမှုကို တားဆီးပေးတဲ့ Polyphenol Anti oxidant တွေ များစွာ ပါရှိပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း မြန်စေတယ် လက်ဖက်စိမ်း အနှစ်ကို ဆေးအဖြစ် လုပ်ထားတဲ့ ၃၀၀ မီလီဂရမ် ပမာဏရှိတဲ့ ဆေးတောင့်ကို နေ့စဉ်သောက်ပါက အစာစားပြီး နှစ်နာရီအကြာမှာ အဆီ ၃၃ ရာခိုင်နှုန်း ပိုလျော့တာကို တွေ့ရပါတယ်။

(၅) နံနက်စာစားခြင်းဖြင့် အစာစားချင်စိတ် လျှော့ချပါ

ကွေကာအုတ် ဖြစ်ဖြစ်၊ ဝေဖာမုန့် ဖြစ်ဖြစ်ကို မနက်စာအဖြစ် စားပေးပါက ထိုတစ်နေ့တာမှာ အဝစာတွေကို စားချင်စိတ် လျော့နည်းမှာပါ။ လေ့လာချက် တစ်ခုအရ မနက်စာ မစားတဲ့သူတွေကို ကယ်လိုရီများတဲ့ ပီဇာမုန့်လို အစာရဲ့ ဓာတ်ပုံကိုပြပြီး သူတို့ရဲ့ ဦးနှောက်ကို Scan လုပ်ကြည့်တဲ့အခါ သူတို့မှာ စားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ မနက်စာ စားသူတွေကို ဒီအစာ ဓာတ်ပုံပဲ ပြကြည့်တဲ့ အခါမှာတော့ ဦးနှောက်မှာ ဘာအပြောင်းအလဲမှ ဖြစ်ပေါ်တာကို မတွေ့ရပါဘူး။ ဒါကြောင့် မနက်စာ စားပါက တစ်နေ့တာလုံးမှာ အဝစာစားချင်စိတ် လျော့နည်းနေမှာပါ။

နံနက်စာ၏ လျှို့ဝှက်ချက်

နေ့တစ်နေ့ရဲ့ ပထမဆုံး အစာဖြစ်တဲ့ မနက်စာကို မစားဘဲ ကျော်သွားကြ သူတွေဟာ ကယ်လိုရီများတဲ့ အစာတွေကို မြင်တဲ့အခါ ပိုပြီး စိတ်လှုပ်ရှားအောင် ဦးနှောက်က လှုံ့ဆော်ပေးနေပါတယ်။

နည်းနည်းလုပ်၊ များများလျော့

လေ့လာချက် တစ်ခုအရ ကိုယ်အလေးချိန် ကျဖို့အတွက် ဘဝနေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းတာ (ဥပမာ- အစာစားနေစဉ် TV ပိတ်ထားတာ၊ တစ်ခါစား နည်းနည်းသာ စားတာနဲ့ အထက် ဖော်ပြပါ နည်းတွေ ပြုလုပ်တာ) ဟာ အစာ နင်းကန် လျော့စား သူတွေထက် စာရင် သုံးလအကြာမှာ ကိုယ်အလေးချိန် သိသာစွာ ပိုလျော့ကျတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သေးငယ်တဲ့ ပြောင်းလဲမှုဟာ ကြီးမားတဲ့ ပြောင်းလဲမှု ထက်စာရင် ပြောင်းရ ပိုလွယ်တာကြောင့်ပါ။

ဒေါက်တာနုမြတ်
By Good Health
Read More...

ထူးကြီးမူးကြီးဆွေးနွေးခန်း ( ငံပြာရည်ဖြစ်သွားသော နျူကလီးယား ) သရ၀ဏ်(ပြည်)

Leave a Comment
ထူးကြီးမူးကြီးဆွေးနွေးခန်း ( ငံပြာရည်ဖြစ်သွားသော နျူကလီးယား )

သရ၀ဏ်(ပြည်)

တစ်နေ.သ၌ဗြိတိန်နိုင်ငံမှကမ္ဘာကျော်သိပ္ဖံပညာရှင်ကြီး ပရော်ဖက်ဆာ ဘူးလက် သည် အတိုင်းတိုင်းအပြည်ပြည်သို.လှည်.လည်၍ သုတေသနလုပ်ငန်းများဆောင်ရွက်ရင်း မြန်မာနိုင်ငံသို.ရောက်ရှိလာရာ မြန်မာနိုင်ငံမှ မျိုးချစ် သိပ္ဖံပညာရှင် ဒေါက်တာထူးကြီး ၊ ဂျာနယ်သတင်းထောက် ABC မူးကြီးတို.နှင်.အခန်.သင်.ပင်တွေ.ဆုံလေ၏ ။

ဘူးလက် - ထူးချက်ကတော.ဗျာ ဘူးလက်နဲ.တွေ.ဖို.လာတယ်ဆိုတော. ခင်ဗျားတို.လဲ ပေါ.သေးသေးတော.မဟုတ်ဖူးထင်တယ်

မူးကြီး- ရူးချက်ကတော. ကျုပ်တို.လဲ ဘူးလက်ထက်တော.မညံ.ပါဘူးလေ

ထူးကြီး- ပရော်ဖက်ဆစ် ဘူးလက် ရေ (အဲယောင်လို. ) ပရော်ဖက်ဆာဘူးလက်ရေ ၊ တွေ.ရတာဝမ်းသာသဗျာ ။ သိချင်တာရှိရင်မေးနိုင်ပါတယ် ။ကျုပ်တို.သိသလောက်တော.ဖြေပါ.မယ် ။

ဘူးလက် - ဒီလိုပါ ကျုပ်က ကမ္ဘာ. အတော်ဆုံးနျူကလီးယားပညာရှင် ငါးယောက်ထဲမှာတစ်ယောက်အပါအ၀င်ဖြစ်ပါတယ် ။ဒါပေမယ်. အခုတလော တစ်ကမ္ဘာလုံးကအုတ်အော်သောင်းတင်းဖြစ်နေတဲ.မြန်မာနိုင်ငံက သိပ္ဖံပညာရှင်တွေရဲ.တွေ.၇ှိချက်ကို လေ.လာသင်ယူချင်လို. တပည်.ခံရအောင်လာရောက်ခြင်းဖြစ်ပါတယ် ။

ထူး- ဟုတ်ကဲ.အမိန်.ရှိပါ ၊ တွေ.သမျှလူပါရဂူ ၊မြင်မြင်သမျှ ပါမောက္ခစနစ်နဲ. ဒေါက်တာဘွဲ.ရလာတဲ.ဒေါက်တာ ထူးကြီးပါ

မူး- ဟုတ်ပေတယ် ၊ကျုပ်ကလဲ ဂျာနယ်လစ်ပါရဂူကျမ်းကို ကိုကိုးကျွန်း ၊အက်ဒမန်ကျွန်း ၊ အင်းစိန်ကျွန်း ၊ သာယာဝတီကျွန်း ၊ မကွေးကျွန်း၊ ABC ကျွန်းတွေက ရလာတဲ. ကျွန်းပြန် ABC မူးကြီးပါ

ဘူး- လေးစားပါတယ် ၊လေးစားပါတယ် ။ ကျွန်တော်သိချင်တာက ကမ္ဘာမှာ နျူကလီးယား စွမ်းအင်ထုတ်ဖို. ယူရေနီယမ်ဆိုတဲ.ဒြပ်စင်လိုတယ် ဆိုတာ အားလုံးလက်ခံထားကြပါတယ် ။ဒါပေမယ်. မြန်မာနိုင်ငံဟာ ယူရေနီယမ်ဒြပ်စင်မလိုပဲ နျူကလီးယားစွမ်းအင် ထုတ်နိုင်တော.မယ်လို. သတင်းတွေကြီးနေပါတယ် ။ အဲဒါဘယ်ဒြပ်စင် ကို ဘယ်ဖော်မြူလာ နဲ.ထုတ်လိုက်တာလဲသိပါရစေခင်ဗျာ

ထူး- ဟုတ်ကဲ. ဖော်မြူလာကတော. အိုင်းစတိုင်းကြီးရဲ.ဖော်မြူလာနဲ.ခပ်ဆင်ဆင်ပါပဲ ဒါပေမယ်. နည်းနည်းတော.ကွဲပြားပါတယ်

ဘူး- ဟုတ်ကဲ.သိပါရစေခင်ဗျာ

ထူး- ဟုတ်ကဲ. ဖော်မြူလာသင်္ကေတကတော. E = ( Ma Sin )2 ပါပဲ

ဘူး- အဓိပါယ်ကရောခင်ဗျာ

ထူး- အဓိပါယ်ကတော. ( အီး အီကွဲ မစင် စကွဲ ) ပါပဲ ဗျာ

ဘူး- အတော်လေးနက်လွန်းလို. ကျုပ်တို.ဥာဏ်နဲ.လိုက်လို.မမီတော.ပါဘူးခင်ဗျာ

မူး- ကဲလေ ဒီဖော်မြူလာဟာ ကျုပ်တို.မြန်မာတွေ အားလုံးသိတဲ.ရိုးရာဖော်မြူလာကိုဆင်.ပွားတီထွင်ထားတာပါ ။ ဒါတွေပြောနေလဲခင်ဗျားတို.နားမလည်ပါဘူး ။

ဘူး- ဟုတ်ကဲ. ယူရေနီယမ် သတ္တုနေရာမှာ ဘယ်ဒြပ်စင်ကိုများ အစားထိုးအသုံးပြုပါသလဲခင်ဗျာ

ထူး- ဟုတ်ကဲ. အဓိကအချက်ကအဲဒါပါပဲ ။ ကျုပ်တို.ဟာ ယူရေနီယမ်နေရာမှာ ငံပြာရေနီယမ် ဒြပ်စင်တစ်မျိုးကိုအသုံးပြုပါတယ်

ဘူး- အတော်ကိုအံ.မခန်းဖြစ်ရပြီး မြန်မာ.သိပ္ဖံပညာကို လိုက်မမီနိုင်အောင်ပါပဲခင်ဗျာ ။ဒါ.ကြောင်.လဲကမ္ဘာမှာ မြန်မာဟာ ထိပ်ဆုံးကပြေးနေတာပေါ. ခင်ဗျာ ။ ကဲ အဲဒိ ငံပြာ ဘာ …အဲ …ငံပြာရေနီယမ်ဒြပ်စင်ကိုရဖို.ဘယ်လိုထုတ်လုပ်ရပါသလဲခင်ဗျာ

မူး- ခင်ဗျားတို.သာမသိတာ ကျုပ်တို.မြန်မာပြည်မှာတော. ငံပြာရေကနေ..နျူကလီးယား ထုတ်လို.ရတယ်ဆိုတာ ဂျာနယ်လစ်တွေတောင်အားလုံး သိတယ် ၊ လွှတ်တော်အမတ်တွေတောင်သိတယ် ။စစ်မှုထမ်းဟောင်းတွေလဲသိတယ်

ဘူး- အိုး မိုင် ဂေါ.ဒ် ..ကျုပ်တို.အနောက်တိုင်းသားတွေ သိပ်ပြီး ခေတ်နောက်ကျနေပါပေါ.လား ၊ ငံပြာရေဆိုတာ ဘာလဲ ၊ ဘယ်ကနေထုတ်လုတ်တာလဲ

ထူး- ငံပြာရေဆိုတာ ရေထွက်ပစ္စည်းတစ်မျိုးပဲ ၊ ပင်လယ် နဲ. မြစ်ချောင်းအင်းအိုင်ရဲ.သယံဇာတတစ်မျိုးနဲ.ဖော်စပ်ထားတာပဲ ။ သူကမဖော်စပ်တတ်ရင် အနံ.သိပ်ဆိုးတာမို. ဓါတုလက်နက်လို.လဲ ပြောလို.ရတယ် ။ခင်ဗျားတို.အနောက်တိုင်းသားတွေထုတ်လုပ်တတ်မှာမဟုတ်ပါဘူး ။

ဘူး- ဒါဆိုရင်ကျုပ်ကို မြင်ဖူးတယ်ရှိအောင် ခင်ဗျားတို.ထုတ်လုပ်ထားတဲ. ငံပြာရေနီယမ် ကိုမြင်ဖူးတယ်ရှိအောင် ကြည်.ပါရစေလား ။ ကျုပ် အနောက်တိုင်းကိုပြန်ရောက်တဲ.အခါ အမေရိကန် သိပ္ဖံပညာရှင်တွေကိုခေါ်ပြီးကြွားချင်လို.ပါ

မူး- ပြရုံပဲပြမယ် ၊ နည်းကိုတော.မပေးနိုင်ဘူး ၊ ဘာလို.လဲဆိုတော. ဒီငံပြာရေနီယမ်ဖော်မြူလာကို ကျုပ်တို. တိုင်းပြည်မှာ လွယ်လွယ်နဲ.ရခဲ.တာမဟုတ်ဘူး ၊ ကျုပ်မိတ်ဆွေ တွေ ထောင်ဆယ်နှစ်အကျခံပြီး ဒီဖော်မြူလာကို စွန်.စွန်.စားစား ရယူပေးခဲ.တာ

ဘူး- ဟုတ်ကဲ.ပါ ABC မူးကြီးနဲ. ဒေါက်တာ ထူးကြီးရယ် ပြရုံပဲပြပါ ။

ထူး- ဒီမှာတော. မရှိဘူး ၊လှိုင်သာယာကစက်မှုဇုန်ကိုလိုက်ခဲ.ရမယ်
ဤသို.ဖြင်. ထူးကြီးနှင်.မူးကြီးသည် နိုင်ငံခြားမှလာသော ပရော်ဖက်ဆာ ဘူးလက်ကို လှိုင်သာယာ စက်မှုဇုန်သို.ခေါ်ဆောင်သွားကြလေသည် ။ စက်မှုဇုန်သို.ရောက်သောအခါ ငံပြာရည်စက်ရုံထဲသို.၀င်လိုက်သည်နှင်. ပရော်ဖက်ဆာ ဘူးလက်မှာ မူးမိုက်လဲမတတ်ဖြစ်သွားသည် ။

ဘူး- တယ်ဆိုးတဲ.အနံ.ကြီးပါလားဗျာ ၊ ဘာအနံ.ကြီးပါလိမ်.

မူး- အခုဟာက နျူကလီးယားစက်ရုံထဲကိုရောက်လာပြီဗျ ၊ပါတ်ဝန်းကျင်ကမရိပ်မိအောင်ကျုပ်တို.က နျူစက်ရုံလို.မပြောပဲ ငံပြာရည်စက်ရုံလို.ဖုံးကွယ်ထားတာ ၊ ခုနကရတဲ.အနံ.က ငံပြာရည်ဒြပ်ပေါင်းကိုဒြပ်စင် အဖြစ်ပြောင်းလဲတဲ.နေရာမှာထွက်လာတဲ. စွန်.ပစ်ပစ္စည်းတွေရဲ.အနံ.ပေါ. ။ ကဲကဲရော.နှာခေါင်းစည်း စည်းထားလိုက် ၊ ခင်ဗျားကို စုံအောင်လိုက်ပြမယ်

ဘူး- ဟောဟိုကပုလင်းတွေကဘာတွေတုန်းဗျ ၊

ထူး- ငံပြာေ၇နီယမ်ကိုပုလင်းသွပ်နေတာပေါ.ဗျ ၊ ဟိုဘက်မှာ ကပုံးထဲ ကိုထည်.နေကြတာဗျ

ဘူး- မြန်မာတွေ တော်တော်ရဲရင်.ကြတာပဲ ၊ အကာအကွယ်တောင်မယူဘုး

မူး- ဘာကြောက်စရာလိုလို.လဲဗျ ၊ဒါကသဘာဝဒြပ်ပေါင်းတွေပဲဥစ္စာ ..ဟေ.ငါ.ကို ငံပြာရေတစ်ပုလင်းပေးစမ်းဟေ.
အလုပ်သမားတစ်ယောက်က နမော်နမဲ.ဖြင်. ငံပြာေ၇ပုလင်းကို မူးကြီးအားပစ်ပေးရာ ပုလင်းသည် လိုရာသို.မရောက်ပဲ ပရော်ဖက်ဆာ ဘူးလက် ၏ ငယ်ထိပ်ပြောင်ပြောင်ပေါ်သို.တိန်ကနဲကျကာ ဂွမ်းကနဲကွဲသွားလေသည် ။

တိမ်
ဂွမ်း
ဟ..ထိပဟ

ပေ၇ာ်ဖက်ဆာကြီး၏မျက်နှာသည် တမဟုတ်ချင်းသွေးဆုတ်ဖြူလျော်သွား၏ ။

ဘူး- သွားပြီ ..သွားပြီ နျူကလီယားထုတ်လုပ်မယ်. ဓါတုလက်နက်တွေ ငါ.ကို ထိသွားပြီ ၊ ငါတော. ဓါတုအဆိပ်သင်.ပြီ ၊ ဓါတ်ငွေ.ကာဝတ်ရုံနဲ. ၊ ဓါတ်ငွေ.ကာမျက်နှာဖုံးမြန်မြန်ပေးပါ ဟ

မူး- မဟုတ်ပါဘူး ၊ ခင်ဗျားကိုမှန်သွားတာ ငံပြာရေပါ ၊ ဓါတုလက်နက်မဟုတ်ပါဘူး

ဘူး- မလိမ်ပါနဲ.ဗျာ ခင်ဗျားတို.ပဲပြောတာ နျူကလီးယား လုပ်တာလူသိမှာစိုးလို. ငံပြာရေလို.ညာပြောတာဆို ၊ အခုတောင်အသားတွေယားယံလာပြီ

ထူး- ဒါကဒီလိုပါ ၊ လူအထင်ကြီးအောင် အဲဒိလိုပြောရမယ်လို. လွှတ်တော်အမတ်တစ်ယောက်ကသင်ထားလို.ပါ ၊ တကယ်က ငံပြာရေဆိုတာ စားစရာပါ ၊ စားလို.ရပါတယ် ၊ အင်မတန် အရသာရှိပါတယ်

ဘူး- ခင်ဗျားတို.ပြောတော. အီးအီကွဲမစင် စကွဲ ဆို ၊ တော်ပြီ ခင်ဗျားတို.ကိုမယုံဘူး ၊ ခင်ဗျားတို.ဟာ နျူကလီးယား နည်းပညာအသစ်ကိုမပေးချင်တာနဲ.ကျုပ်ကိုဝိုင်းလိမ်နေကြတယ် ၊ ဒီမယ် ခင်ဗျားတို.ပြောတဲ. ငံပြာရေနီယမ် နည်းပညာကို အင်္ဂလန်ပြန်ပြီး ကျုပ်ကိုယ်တိုင် ဓါတ်ခွဲစမ်းသပ်မယ် ၊ ပေးစမ်းငံပြာရေနီယမ် တစ်ပုလင်း

ပြောပြောဆိုဆို ငံပြာရေတစ်ပုလင်းကိုယူကာ ပရော်ဖက်ဆာ ဒေါက်တာ ဘူးလက်သည် ငံပြာရေစက်ရုံထဲမှပြေးထွက်သွားလေသည် ။ မူးကြီးနှင်.ထူးကြီးတို.လိုက်ဆွဲသော်လည်းမမီလိုက်တော.ပေ ။

ရက်အနည်းငယ်ကြာသောအခါ CNN သတင်းဌာနမှကြေငြာသွားသည်မှာ သူ.ကိုယ်သူသိပ္ဖံပညာရှင်ဟုထင်ကာစိတ်ဖောက်ပြန်နေသော အရူးတစ်ယောက်ကို လန်ဒန်မြို.ဟိသရိုးလေဆိပ်တွင် အမျိုးအမည်မခွဲခြားနိုင်သောအင်မတန်နံစော်သည်. ဓါတုလက်နက်ဖြစ်ပုံရသော ပုလင်းတစ်ပုလင်းနှင်.မသင်္ကာဖွယ်ရာဖမ်းမိကြောင်း ။ ပို၍မသင်္ကာဖွယ်ရာကောင်းသည်မှာ ထိုပုလင်းထဲမှပစ္စည်းမှာ ငံပြာရေနီယမ် ဒြပ်စင်ဖြစ်သည်ဟုထပ်ကာထပ်ကာဆိုနေသဖြင်. ပရော်ဖက်ဆာ ဘူးလက်ဆိုသူကို စိတ္တဇဆေးရုံသို.ပို.ဆောင်လိုက်ပြီဖြစ်ကြောင်း စသည်.သတင်းတစ်ပုဒ်ပင်ဖြစ်ပေသတည်း ။

သရ၀ဏ်(ပြည်)
Read More...

ဖမ်းဆီးခံသတင်းသမားများလွတ်မြောက်ရေး အောင်လံမြို့ခံသတင်းထောက်များဆန္ဒထုတ်ဖေါ် ..................မင်းယွန်း(ခေတ္တရာ)

Leave a Comment


ဖမ်းဆီးခံသတင်းသမားများလွတ်မြောက်ရေး အောင်လံမြို့ခံသတင်းထောက်များဆန္ဒထုတ်ဖေါ် **************************************************************************************
မင်းယွန်း(ခေတ္တရာ)

ဖမ်းဆီးခံသတင်းသမားများလွတ်မြောက်ရေး အောင်လံမြို့ခံသတင်းထောက်များဆန္ဒထုတ်ဖေါ် မကွေးတိုင်းဒေသကြီးပေါက်မြို့ရှိ ကပစ စက်ရုံသတင်းရေးသားသည့် Unity သတင်းထောက်နှင့် အယ်ဒီတာတို့အား ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခြင်းနှင့် မွန်းတည့်နေ သတင်းသမားများအား ဖမ်းဆီးခြင်းတို့ကြောင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့ခံသတင်းထောက်များ၊ပြသည်မြို့မှနယ်ခံသတင်းထောက်များနှင့် ရန်ကုန်မြို့မှ သတင်းထောက်(၁၇)ယောက်တို့သည် မကွေးတိုင်းဒေသကြီး၊အောင်လံမြို့ တွင်၂၅-၇-၂၀၁၄ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ အဆိုပါဆန္ဒထုတ်ဖေါ်ပွဲကို အောင်လံမြို့ ကုသိနာရုံဘုရားမှစတင်ပြီး ဘုရားရှေ့တွင် (၂၀)မိနစ်ခန့် ရပ်တန့်ဆန္ဒပြခဲ့ကြပြီး ပြည်ရန်ကုန်လမ်း၊ရွှေပြောင်ပြောင်ဘုရားလမ်းမှ တဆင့် အောင်လံမြို့နယ်တရားရုံးရှေ့တွင် (၃၀)မိနစ်ခန့် ပါးစပ်ကို သတင်းထောက်များကိ ဖမ်းဆီးထောင်ချခြင်းသည် မီဒီယာဖိနှိပ်မှုဖြစ်သည် ဟုပါသော စတစ်ကာများကို ပါးစပ်တွင်ပိတ်ပြီး ကင်မရာများရှေ့ချ၍ ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သိရသည်။ ]ကျွန်တော်တို့ ဒီနေ့ဆန္ဒထုတ်ဖေါ်ရတာက သတင်းထောက်များ မီဒီယာများကို မီဒီယာ ဥပဒေနဲ့အရေးယူခြင်းမရှိပဲ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ အရေးယူနေတာတွေ မီဒီယာသမားတွေကို ဖိနိပ်မှုတွေကိုရပ်တန့်စေချင်တဲ့အတွက် ကျွန်တော်တို့ဒီနေ့ဆန္ဒ ထုတ်ဖေါ်ရခြင်းဖြစ်ပါတယ်။ ဟု ဒေသခံသတင်းထောက် ကိုသက်ပိုင်ဇော်မှ ပြောသည်။

သတင်း နှင့် ဓါတ်ပုံ...မင်းယွန်း(ခေတ္တရာ)

Read More...

ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် တောင်တော်မြေသားများတည်ငြိမ်ရန်မြေထိန်းခြင်း ၊ရင်ပြင်တော် တိုးချဲ့ခြင်း ၊ကျားပျံဓမ္မာရုံကြီး အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း များ လုပ်ဆောင်ရန်အတွက်သဒ္ဓါတရားနဲများမဆို ကုသိုလ်ယူလှူဒါန်းနိုင်

Leave a Comment


ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင်
တောင်တော်မြေသားများတည်ငြိမ်ရန်မြေထိန်းခြင်း ၊ရင်ပြင်တော်
တိုးချဲ့ခြင်း ၊ကျားပျံဓမ္မာရုံကြီး အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း
များ လုပ်ဆောင်ရန်အတွက်သဒ္ဓါတရားနဲများမဆို ကုသိုလ်ယူလှူဒါန်းနိုင်
ပြည့်သဲမောင်(ပြည်)

ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင်
တောင်တော်မြေသားများတည်ငြိမ်ရန်မြေထိန်းခြင်း ၊ရင်ပြင်တော်
တိုးချဲ့ခြင်း ၊ကျားပျံဓမ္မာရုံကြီး အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ
လုပ်ဆောင်ရန်အတွက်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင်
အနယ်နယ်အရပ်ရပ်က ဘုရားချစ်ခင်သူတော်စင်များ သဒ္ဓါတရားနဲများမဆို
ကုသိုလ်ယူလှူဒါန်းနိုင်ရန် အလှူခံဌာနကိုဖွင့်လှစ်ထားပြီး ဝေယျာဝစ္စအဖွဲ့များက
နံနက်(၅)နာရီမှည(၉)နာရီခွဲ အချိန်ထိ တပါတ်လျှင်တစ်ရက် အလှည့်ကျ
ကုသိုလ်ယူအလှူခံခဲ့ကျပါသည်။

ထိုသို့အလှူခံရာတွင်၂၈.၇.၂၀၁၄ ရက်နေ့ ဗုဒ္ဓ ၊ဓမံ ၊သံဃာ ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့
နံနက်(၅)နာရီမှ ည(၉)နာရီခွဲအချိန်အထိ အလှူခံခဲ့ရာ ပြည်မြို့သူ ပြည်မြို့သား
အပေါင်းနှင့်အနယ်နယ်အရပ်ရပ်က ဘုရားချစ်ခင်သူတော်စင်အပေါင်း လှူဒါန်းငွေ
စုစုပေါင်း (၆၈၄၆၀၀) ခြောက်သိန်းရှစ်သောင်းလေးထောင်ခြောက်ရာကျပ်ကို
သဒ္ဓါဖွေးဖြူ ပေးလှူခဲ့ကျပါသည်။

ထို့ကြောင့် ယခင်လှူဒါန်းခဲ့ကျသောအလှူရှင်များရော လှူဒါန်းရန်စိတ်ကူးရှိကျသူ
များရော သဒ္ဓါဟောင်းပေါ် သဒ္ဓါသစ်ထပ်လောင်း၍မလှူလိုက်ရမရှိလေအောင် နိဗ္ဗန်
အကျိုးကိုယ်ရည်မျှော်မှန်းကာ အကျိုးမျှော်နိုးဆော်ရင်း အများကောင်းမှုအစုစုတို့အား
သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကျပါရန်နှင့်ဘုရားချစ်ခင်သူတော်စင်အပေါင်းတို့ စီးပွား
လက်လ်လာဘများ ပေါကြွယ်ဝကာအလှူရေစက်လက်နဲ့မကွာလှူဒါန်းနိုင်ကျပါစေ
ခင်ဗျာ……

နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်ပေးနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

Read More...

Facebook Like Page