Tuesday, July 29, 2014

ကဗျာ

Leave a Comment
အကြမ်းဖက်သူများသို့သတိပေးခြင်း (သို့မဟုတ်)ဂျိုးငှက်ကူသံ
****************************************************************

သူရဘွဲ့တစ်ခုရဘို့
လူတွေ အသက်ဘယ်လောက်ပေးရမလည်း
တကယ်တော့
မင်းတို့သတ်ခဲ့တာ
မင်းတို့ကြောင့်သေခဲ့ရတာ
မင်းတို့ကြောင့် အမိ အဖ မဲ့ခဲ့ရတာ
မင်းတို့ကြောင့် လင် သား ပျောက်ခဲ့ရတာ
မင်းတို့ကြောင့် ပညာမဲ့ပြီး အနာဂတ်ပျောက်ခဲ့ရတာ
မင်းတို့ကြောင့် နားခိုရာမဲ့ပြီး ဒုက္ခသည်ဘ၀ရောက်ခဲ့ရတာ
အားလုံးဟာ...
သူ့ဘက်ကိုယ့်ဘက်က လူသားတွေပဲ
ငြင်းချက်မထုတ်နဲ့
အကြောင်းမပြနဲ့
ငြိမ်းချမ်းရေးဟာ
ကားပါမစ်နဲု့လဲလို့မရဘူး
ကျောက်သံပတ္တမြားတွေနဲ့
အစားထိုးလို့မရဘူး
အာဏာ၊ပါဝါ၊နေရာတွေနဲ့ ချဉ်းကပ်လို့မရဘူး
ကျုပင်ခုတ်ကျုငုတ်မကျန်ဆိုတဲ့ စိတ်ဓါတ်နဲ့ မရဘူး
လိုအပ်တာက
လူသားကို လူသားက သတ်ဖြတ်နေတာ ရပ်
မောဟနဲ့ အတ္တ၊မာနတွေ ခ၀ါချ
ကိုယ်ချင်းစာတတ်တဲ့ စိတ်ဓါတ်မွေး
လူတိုင်းရင်ထဲမှာ ပန်းတွေပွင့်ရင် ပြီးပြီ။ ။

မင်ယွန်း(ခေတ္တရာ)

0 comments:

Post a Comment

Facebook Like Page