Tuesday, July 1, 2014

LIKE မနှိပ်ရသေးသော မိတ်ဆွေများ အားပေးကူညီသောအနေဖြင့် အပန်းမကြီးဘူးဆိုရင် အောက်ကလင့်မှာ ၀င်ပြီး LIKE တစ်ချက်လောက်ပေးခဲ့ပါဦး.... ပြည်သတင်းလူငယ်(ပြည်သတင်း) https://www.facebook.com/pyaynews?hc_location=timeline

Leave a Comment


LIKE မနှိပ်ရသေးသော မိတ်ဆွေများ အားပေးကူညီသောအနေဖြင့် အပန်းမကြီးဘူးဆိုရင် အောက်ကလင့်မှာ ၀င်ပြီး LIKE တစ်ချက်လောက်ပေးခဲ့ပါဦး....

ပြည်သတင်းလူငယ်(ပြည်သတင်း)

https://www.facebook.com/pyaynews?hc_location=timeline
ပြည်မြို့မှ သတင်းများကို အဓိကထား ဖော်ပြပေးမည်ဖြစ်ပါသည်။

Read More...

ခါးနာ ဒူးနာ မခက်ပါ

Leave a Comment


ခါးနာ ဒူးနာ မခက်ပါ
--------------------



ခါးနာ ဒူးနာ ဖြစ်ခဲ့သော်ပထမ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ၊ရေနွေးဆူလျှင် ၄င်းရေနွေးအိုးထဲသို့ ဘဲဥ-တလုံးကို ထည့်ပြုတရမည်၊ဘဲဥကို ရေနွေးအိုးထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပင် တစ်, နှစ်, သုံး, လေး, ငါး,တစ်ရာအထိ ရေတွက်ပါ။ရေတွက်၍ တရာပြည့်သည်နှင့် ဘဲဥကို ရေနွေးအိုးထဲမှ ပြည်လည် ဆယ်ယူရပါမည်။
ထို့နောက် ဘဲဥပြုတ်ကို ပန်းကန်တလုံးထဲ ဖောက်ထည့်ပါ၊ ပြီးလျှင် သကြားသင့်ရုံ (စားကောင်းရုံ) ထည့်ပြီး
သမအောင် မွှေပေးပါ၊ အခြားဘာမှ ထည့်စရာ မလိုပါ၊၄င်းဘဲဥကို ကုန်အောင် စားသုံးရမည်။
ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလေုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။

ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

အိမ်သူ


Read More...

ရွာကလူမိုက် သာသနာဖျတ်မည့်အရေးကယ်တင်ပေးပါ..........

Leave a Comment


ရွာကလူမိုက် သာသနာဖျတ်မည့်အရေးကယ်တင်ပေးပါ
*************************************************************

ပဲခူးတိုင်းဒေသကြီး(နောက်)သဲကုန်းမြို့ ဗြဟ္မာ့အင်းအုပ်စု ကွင်းကျေးရွာနေ အဘဦးကျင်စိန်၏ သား မောင်ဌေးဝင်းသည် အနောက်သမင်ခုံ ဘုန်းတော်ကြီးကျောင်းပြုပြင်ရေးကိစ္စအတွက်
လက်ရှိကျောင်းထိုင်ဆရာတော် မှ ဖိတ်ကြားစာရေးပြီး ရပ်ရွာထဲအသိပေးနိုးဆော်ပေးလေ့ရှိသူ ကိုသန်းဝင်းကို ရွာသူ ရွာသားများအား ဖိတ်ကြားစေခိုင်းခဲ့ပြီး ၄င်းဖိတ်ကြားစာကို 6.1.2013
ရက် ညနေ(၅)နာရီအချိန်တွင် ကိုသန်းဝင်းလက်မှ မောင်ဌေးဝင်းက ဖျတ်လို့ဖျတ်စီးလုယူသွားခဲ့တာဖြစ်ပြီး အသိသက်သေ ကိုမောင်ပု နှင့် အနီးရှိ မစမ်းဝင်းတို့မှမြင်တွေ့သိရှိခဲ့ပါတယ်။
၎င်းမောင်ဌေးဝင်းဦးဆောင်သော အဘဦးမောင်အေး၏သားဖြစ်သူ ဦးစိန်မြင့် အဘဦးမြင့်အောင်၏သား ကိုသိန်းမြင့် လက်သမားအဖွဲ့မှ နှစ်လအတွင်း(အခါမှီ)အသစ်တည်ဆောက်ပေးပါမည်ဟု
တာဝန်ယူပြီး 20.1.2013 ရက်နေ့လက်ရှိကျောင်းဟောင်းလေးအားဖျတ်စီးပြီး (၂)လအတွင်းပြီးစီးအောင် တည်ဆောက်မပေးနိုင်ပဲ ဖော်ပြပါဓါတ်ပုံထဲကအတိုင်း ထုတ်ယောက် ဒိုင်းမြှား သွပ်မိုး
ယက်မတွဲ အခင်းအကာမရှိ နေစရာမဲ့ ဖြစ်အောင်ပြုလုပ်ပြီးမှ အဆိုပါလက်သမားအဖွဲ့မှလာရောက်လုပ်ဆောင်ပေးခြင်းမရှိတော့လို့ ဆရာတော် နေစရာကျောင်းမဲ့နေရပါတယ်..

အဆိုပါအခင်းအကာမဲ့နေတဲ့ကျောင်းကို ဆရာတော်မှ ဦးဆောင်ပြီး တပည့်ဒါယကာများကို နေ့စားအဖိုးအခများပေးပြီးဆက်လက်တည်ဆောက်နေရပါတယ်...အဆိုပါမောင်ဌေးဝင်းသည်
ဦးမောင်ရွှေဆိုသောသူနှင့် ၁၃၆၃ ခုနှစ် တပေါင်းလဆုတ် (၈)ရက်နေ့တွင် ကွင်းကြီးရွာ အရှေ့ဘုန်းကြီးကျောင်းတွင် သမင်ခုံကျောင်းတိုက်တွင် တိုက်ကျောင်းဆောက်လုပ်လှူဒါန်းနေသောကျောင်း
ဒါယကာများဖြစ်တဲ့ သဲကုန်းမြို့ မြကေသီလမ်းနေ အဘဦးဒေါင်းဆာမိ အမိဒေါ်ဆာရီ တို့၏ သမီး မစန္ဒာထွန်းကို ခေါ်ပြီး ကွင်းကြီးရွာအနောက်ရှိ သမင်ခုံကျောင်း၌ မင်းတို့လာရောက်လှူဒါန်းစရာ
မလိုကြောင်း အမိန့်ပေးပြီးတော့ သဒ္ဒါပျက်အောင် ပြုလုပ်ပြောဆိုခဲ့ပါတယ် ၁၃၆၉ခုနှစ် တပေါင်းလဆန်း(၁၄)ရက်နေ့ ည(၁၁)နာရီအချိန်မှာ ကွင်းကြီးကျေးရွာရှိ မှုလတန်းကျောင်းအတွင်း တည်
ထားသောစေတီတော်၌ တစ်ည ပဌာန်းပွဲရွတ်ဖတ်ပှုဇော်ခဲ့ပါသည်။ ရပ်ထဲရွာထဲမှ ရွာသူ/သားများ တစ်အိမ်လျှင် ငွေတစ်ထောင် တစ်သောင်း အသီးသီးပဌာန်းပွဲအတွက်ထည့်ဝင်လှူဒါန်းနေကြ
ချိန်မှာလည်း ပဌာန်းပွဲအတွင်းရှိငွေများကို အဘဦးအောင်မြတ်၏သား ကိုတင်အုန်းအိမ်ရှေ့တွင် မောင်ဌေးဝင်း ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့မှ ဖြုတ်ယူပြီး မလှော်သည့်ကိစ္စတွင်အသုံးပြုခဲ့ကြပါတယ်။

ဝါဆိုလဆန်း(၈)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် မောင်ဌေးဝင်း နှင့် လက်သမားအဖွဲ့တို့သည် အရှေ့ကျောင်းဘုန်းကြီးအား ကန်တော့ရမည်ဆို၍ မိမိနှင့်အတူ ဦးမောင်ရွှေအပါအ၀င်
သုံးလေးယောက်သွားေ၇ာက်ကန်တော့ရမည်ဖြစ်ပါကြောင်း အရှေ့ကျောင်းဘုန်းကြီးနှင့် မောင်ဌေးဝင်းအဖွဲ့တို့သည် ကွင်းကြီးရွာ၌ ဆွမ်းခံစားမည်ဆိုပါက ထိုသို့ဆွမ်းခံရာတင် စာသင်
ကျောင်းမှ အနောက်ဘက်ရှိ အိမ်(၅၀)အိမ်ကိုသာ ဆွမ်းခံရမည် ကွင်းကြီးရွာတွင်း၌ အလှူမခံရဟု ကတိပြုဝိုင်းဝန်းပြောဆိုစေခိုင်းခဲ့ပါတယ်။ ၄င်းမောင်ဌေးဝင်းနှင့် ပူးပေါင်းပါအဖွဲ့တို့သည်
မိမိ၏ သီလ သမာဓိ ပညာ သိက္ခာ သုံးရပ် ဆောင်ရွက်နေမှုကို ဖျတ်စီးနေသည်ကတစ်ကြောင်း မိမိတွင် တပည့်သား ကိုရင် ရဟန်းများမွေး၍ ပရိယတ် ပဋိပတ် ဂန္ထဓူရ ၀ိပဿနာဓူရ
လုပ်ငန်းများပျက်ပြားစေမှုကို တမင်ရည်ရွယ်လုပ်ဆောင်နေသည့်အပြင် အဆိုပါ မောင်ဌေးဝင်းဆိုသူမှာလည်း အမျိုးသားဒီမိုကရေစီ(NLD) ထဲပါလိုက် ကြံ့ခိုင်ရေးပါတီထဲပါလိုက် တိုင်း
ရင်းသားစီးလုံးညီညွှတ်ရေးပါတီ(တ.စ.ည)ထဲပါလိုက် ကျောင်းသားသမက္ကထဲပါလိုက် ဖြစ်နေသောကြောင့် တစ်ရွာလုံးသူကိုကြောက်နေရသလိုဖြစ်နေပြီး လက်ရှိဘုန်းတော်ကြီးကျောင်းတွင်
ပုံစံအမျိုးမျိုးနည်းအစုံစုံတနေ့တမျိုးမရိုးရလေအောင် အာဏာပါဝါများခဏခဏပြသနေပြီး အရင်တုန်းက ကြံ့ခိုင်ရေးပါတီမှာ စည်းရုံးရေးမှူး အခုတော့ ရာထူးပြုတ်ပြီး ရိုးရိုးအဖွဲ့ဝင်ဖြစ်
နေပါပြီ ထို့ကြောင့် ဘယ်သူ့ကို ဘယ်လိုဘယ်ပုံမတိုင်တန်းတတ်လို့ ပြည်သတင်းကိုပဲ အားကိုးတကြီးနဲ့ အကူအညီတောင်းခံလိုက်ရခြင်းဖြစ်ပါကြောင်း သက်ဆိုင်ရာ ပါတီ ဌာန တို့မှလည်း
ဆရာတော့ကိုကူညီပေးပါလို့ မေတ္တာရပ်ခံလို့ ပြည်သတင်းမှ တဆင့်တင်ပြအပ်ရပါတယ်........

ဆရာတော်၏ကိုယ်စား တိုင်ကြားသူများ နှင့် အမည်မဖော်ရဲသော ရွာသူ/သားများ

ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

(ရှုထောင့်)သတင်းမီဒီယာအဖွဲ့ တွေ့ဆုံဆွေးနွေး စည်းဝေးပွဲကို ကျင်းပပြုလုပ်ခဲ့...........သတင်းနှင့်ဓါတ်ပုံ..ပြည်သတင်းလူငယ်(ပြည်သတင်း)

Leave a Comment






ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ဆံတော်နယ်မြေ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင် 29.6.2014 ရက်နေ့ နေ့လည်(၁)နာရီတွင်
 (ရှုထောင့်)သတင်းမီဒီယာအဖွဲ့ တွေ့ဆုံဆွေးနွေး စည်းဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ်...တိုင်းသတင်းမီဒီယာအဖွဲ့
ဦးမျိုးဆွေဦး မှဆောင်ရွက်ခဲ့တာဖြစ်ပြီး တွေ့ဆုံပွဲအခမ်းအနားမှတ်တမ်းတင်သူအဖြစ်.....တိုင်းသတင်းမီဒီယာအဖွဲ့ အတွင်းရေးမှူး ဦးသန်းညွှန့် တို့မှဆောင်ရွက်ခဲ့သည်။

အဆိုပါတွေ့ဆုံစည်းဝေးအခမ်းအနားပွဲကို အခမ်းအနား(ပထမ)ပိုင်း နှင့် အခမ်းအနား(ဒုတိယပိုင်း)ဟူ၍ ကျင်းပပြုလုပ် ခဲ့တာဖြစ်ပြီးအခမ်းအနား ပထမပိုင်းတွင်အစီအစဉ်(၆)ခုဖြင့်ကျင်းပပြု
လုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားပထမပိုင်း ကြိုဆိုနူတ်ခွန်းဆက်စကားကို (ရူထောင့်)သတင်းမီဒီယာအဖွဲ့(ရုံးချုပ်)၏ အမှုဆောင်အရာရှိချုပ် ဦးသက်နိုင်ဦး မှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြား
ခဲ့သည်။

အဆိုပါအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး(နောက်)အတွင်းရှိ ၁။ ပဲခူးတိုင်းဒေသကြီး(နောက်)တိုင်းသတင်းမီဒီယာအဖွဲ့  ၂။ ပြည်ခရိုင်မီဒီယာအဖွဲ့ ၃။ပြည်ခရိုင်မီဒီယာအဖွဲ့(ရုံးခွဲ)၊
ပေါင်းတလည်  ၄။ မြန်အောင်မြို့နယ်မီးဒီယာအဖွဲ့ ၅။ ကြံခင်းမြို့နယ်မီဒီယာအဖွဲ့ ၆။ ဘက်ရဲမြို့နယ်မီဒီယာအဖွဲ့ ၇။ပန်းတောင်းမြို့နယ်မီဒီယာအဖွဲ့ ၈။ပေါက်ခေါင်းမြို့နယ်မီဒီယာမအဖွဲ့
၉။ရွှေတောင်မြို့နယ်မီဒီယာအဖွဲ့ ၁၀။ပြည်မြို့ယ်မီဒီယာအဖွဲ့ ၁၁။ဆင်ပေါင်ဝဲမြို့နယ်မီဒီယာအဖွဲ့ ၁၂။သရက်မြို့နယ်မီဒီယာအဖွဲ့ ၁၃။အောင်လံမြို့နယ်မီဒီယာအဖွဲ့ ၁၄။အင်းမ/၀က်ပုတ်
နယ်မြေမီဒီယာအဖွဲ့ ၁၅။ပုတီးကုန်းမြို့နယ်မီဒီယာအဖွဲ့ ၁၆။သဲကုန်းမြို့နယ်မီဒီယာအဖွဲ့ ၁၇။ပေါင်းတည်မြို့နယ် မီဒီယာအဖွဲ့ တွေတက်ရောက်ခဲ့ပြီး အခြားသတင်းမီဒီယာများပါတက်ရောက်
ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး(နောက်)အတွင်းမှ (ရူထောင့်)သတင်းမီဒီယာ များနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ စုစုပေါင်းအင်အား(၁၀၀)ကျော်ခန့်တက်ရောက်ခဲ့သည်။
အခမ်းအနားဒုတိယပိုင်းကို  အစီစဉ်(၉)ခုဖြင့်ထပ်မံကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားဒုတိယပိုင်းကိုတော့ (ရူထောင့်)သတင်းမီဒီယာအဖွဲ့(ရုံးချုပ်)၏ ဥပဒေအကြံပေး အငြိမ်းစားခရိုင်ဥပဒေ
အရာရှိ ဦးရဲထွဠ်က မီဒီယာသမားများ မီဒီယာဥပဒေကိုလိုက်နာဆောင်ရွက်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရပြီး အခမ်းအနားကို ညနေ(၄း၃၀)နာရီကျော်အချိန်တွင်ပြီးမြောက်သွား
ကြောင်းသတင်းရရှိခဲ့ပါသည်။....

သတင်းနှင့်ဓါတ်ပုံ..ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

သင့် စိတ်ချမ်းသာမှုတွေနဲ့ အိမ်ခြံမြေလေးလိုချင်ပါသလား

Leave a Comment


သင့် စိတ်ချမ်းသာမှုတွေနဲ့ အိမ်ခြံမြေလေးလိုချင်ပါသလား ပြည်မြို့ ဆံတော်နယ်မြေ / ဆေးရေးရပ်ကွက်
တက္ကသိုလ်လမ်း / အောင်မင်္ဂလာဈေးနှင့်အမှတ်(၁)ကျောင်းအနီးတွင်  အလျား(၂၀)ပေ  / အနံ(၅၀)ပေ
 မီတာပါပြီး ရေ/မီးအပြည့်အစုံ ရေချိုးခန်း/အိမ်သာပါ အသင့်နေထိုင်ရန် (၂)ထပ်တိုက်ပတ်ကား
စိတ်အေးချမ်းသာစွာ နေထိုင်ရန်လည်းအသင့်  အောင်မင်္ဂလာဈေးကနှင့်လည်းနီး အမှတ်(၁) ကျောင်း
နှင့်လည်းနီး အရောင်းအ၀ယ် နှင့် ပြည်မြို့ရဲ့အချက်ချာကျရာနေရာဖြစ်ပါတယ်..ပိုင်ဆိုင်မှုစာရွက်စာတမ်း
အပြည်အစုံပါရှိပါတယ်။..ညှိုနိုင်းဈေးဖြင့်ရောင်းပါမည်..ဆက်သွယ်ရန်...09 2500 588 73  .....ကိုဆက်သွယ်လိုက်ပါ...


ပြည်အရောင်းအ၀ယ်.......
Read More...

Facebook Like Page