Tuesday, July 1, 2014

(ရှုထောင့်)သတင်းမီဒီယာအဖွဲ့ တွေ့ဆုံဆွေးနွေး စည်းဝေးပွဲကို ကျင်းပပြုလုပ်ခဲ့...........သတင်းနှင့်ဓါတ်ပုံ..ပြည်သတင်းလူငယ်(ပြည်သတင်း)

Leave a Comment






ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ဆံတော်နယ်မြေ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင် 29.6.2014 ရက်နေ့ နေ့လည်(၁)နာရီတွင်
 (ရှုထောင့်)သတင်းမီဒီယာအဖွဲ့ တွေ့ဆုံဆွေးနွေး စည်းဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ်...တိုင်းသတင်းမီဒီယာအဖွဲ့
ဦးမျိုးဆွေဦး မှဆောင်ရွက်ခဲ့တာဖြစ်ပြီး တွေ့ဆုံပွဲအခမ်းအနားမှတ်တမ်းတင်သူအဖြစ်.....တိုင်းသတင်းမီဒီယာအဖွဲ့ အတွင်းရေးမှူး ဦးသန်းညွှန့် တို့မှဆောင်ရွက်ခဲ့သည်။

အဆိုပါတွေ့ဆုံစည်းဝေးအခမ်းအနားပွဲကို အခမ်းအနား(ပထမ)ပိုင်း နှင့် အခမ်းအနား(ဒုတိယပိုင်း)ဟူ၍ ကျင်းပပြုလုပ် ခဲ့တာဖြစ်ပြီးအခမ်းအနား ပထမပိုင်းတွင်အစီအစဉ်(၆)ခုဖြင့်ကျင်းပပြု
လုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားပထမပိုင်း ကြိုဆိုနူတ်ခွန်းဆက်စကားကို (ရူထောင့်)သတင်းမီဒီယာအဖွဲ့(ရုံးချုပ်)၏ အမှုဆောင်အရာရှိချုပ် ဦးသက်နိုင်ဦး မှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြား
ခဲ့သည်။

အဆိုပါအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး(နောက်)အတွင်းရှိ ၁။ ပဲခူးတိုင်းဒေသကြီး(နောက်)တိုင်းသတင်းမီဒီယာအဖွဲ့  ၂။ ပြည်ခရိုင်မီဒီယာအဖွဲ့ ၃။ပြည်ခရိုင်မီဒီယာအဖွဲ့(ရုံးခွဲ)၊
ပေါင်းတလည်  ၄။ မြန်အောင်မြို့နယ်မီးဒီယာအဖွဲ့ ၅။ ကြံခင်းမြို့နယ်မီဒီယာအဖွဲ့ ၆။ ဘက်ရဲမြို့နယ်မီဒီယာအဖွဲ့ ၇။ပန်းတောင်းမြို့နယ်မီဒီယာအဖွဲ့ ၈။ပေါက်ခေါင်းမြို့နယ်မီဒီယာမအဖွဲ့
၉။ရွှေတောင်မြို့နယ်မီဒီယာအဖွဲ့ ၁၀။ပြည်မြို့ယ်မီဒီယာအဖွဲ့ ၁၁။ဆင်ပေါင်ဝဲမြို့နယ်မီဒီယာအဖွဲ့ ၁၂။သရက်မြို့နယ်မီဒီယာအဖွဲ့ ၁၃။အောင်လံမြို့နယ်မီဒီယာအဖွဲ့ ၁၄။အင်းမ/၀က်ပုတ်
နယ်မြေမီဒီယာအဖွဲ့ ၁၅။ပုတီးကုန်းမြို့နယ်မီဒီယာအဖွဲ့ ၁၆။သဲကုန်းမြို့နယ်မီဒီယာအဖွဲ့ ၁၇။ပေါင်းတည်မြို့နယ် မီဒီယာအဖွဲ့ တွေတက်ရောက်ခဲ့ပြီး အခြားသတင်းမီဒီယာများပါတက်ရောက်
ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး(နောက်)အတွင်းမှ (ရူထောင့်)သတင်းမီဒီယာ များနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ စုစုပေါင်းအင်အား(၁၀၀)ကျော်ခန့်တက်ရောက်ခဲ့သည်။
အခမ်းအနားဒုတိယပိုင်းကို  အစီစဉ်(၉)ခုဖြင့်ထပ်မံကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားဒုတိယပိုင်းကိုတော့ (ရူထောင့်)သတင်းမီဒီယာအဖွဲ့(ရုံးချုပ်)၏ ဥပဒေအကြံပေး အငြိမ်းစားခရိုင်ဥပဒေ
အရာရှိ ဦးရဲထွဠ်က မီဒီယာသမားများ မီဒီယာဥပဒေကိုလိုက်နာဆောင်ရွက်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရပြီး အခမ်းအနားကို ညနေ(၄း၃၀)နာရီကျော်အချိန်တွင်ပြီးမြောက်သွား
ကြောင်းသတင်းရရှိခဲ့ပါသည်။....

သတင်းနှင့်ဓါတ်ပုံ..ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page