Showing posts with label ပြည်သူ့လွှတ်တော် သတင်း. Show all posts
Showing posts with label ပြည်သူ့လွှတ်တော် သတင်း. Show all posts

Friday, May 2, 2014

ပြည်သူ့လွှတ်တော်သတင်း.............ပြည်သတင်းလူငယ်(ပြည်သတင်း)

Leave a Comment


ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
ရခိုင် ပြည်နယ်၊ ဂွမြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပသည့် တိပိဋကစက္ခုပါလ အဖွဲ၏
မျက်စိအလင်းအလှူပွဲသို့ အားပေးချီးမြှင့်ပြီး ကျိန္တလီမြို့၌ ဒေသခံပြည်သူများ
အားတွေ့ဆုံအမှာစကားပြောကြား

၁- ၅- ၂၀၀၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲ ငွေဆောင်
ကမ်းခြေ၌ ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အဖွဲ့ဝင်များလိုက်ပါလျက် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရခိုင် ပြည်နယ်၊ ဂွမြို့သို့ ရောက်ရှိသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ဂွမြို့ ပြည်သူ့ ဆေးရုံ၌ ကျင်းပသည့် တိပိဋကစက္ခုပါလ အဖွဲ့၏ ခရီးစဉ်အမှတ်(၁၄) မျက်စိအလင်း အလှူပွဲသို့ရောက်ရှိပြီး ဆေးရုံခွဲစိတ်ခန်း
အတွင်း အငြိမ်းစား မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ အေးထွန်း ဦးစီးသည့် မျက်စိဆရာဝန်များက မျက်စိ ဝေဒနာရှင်များအား မျက်စိ ခွဲစိတ်ကုသပေးမှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကသည် မျက်စိခွဲစိတ်မှု ခံယူပြီးသော လူနာများအား မျက်မှန်များ တပ်ဆင်ပေးပြီး ဆေးထုပ်များ လိုက်လံပေးအပ်ကာ အားပေး စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက မျက်စိအလင်း အလှူပွဲသို့ တက်ရောက်လာကြသော ဒေသခံ ပြည်သူများအား နှုတ်ဆက်စကားပြော
ကြားသည်။
 
ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

Facebook Like Page