Showing posts with label ပြည်သူ့အော်သံ. Show all posts
Showing posts with label ပြည်သူ့အော်သံ. Show all posts

Friday, January 27, 2017

ပြည်သူ့အော်သံ

Leave a Comment
ခရိုင်ရဲတပ်ဖွဲ့မှူး
ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး
ပြည်မြို့

ရက်စွဲ ၊ ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီ(၂၆)ရက်နေ့
အကြောင်းအရာ။      ။အနှိပ်ခန်းဖွင့်လှစ်ထားသည့်နေအိမ်အား တိုင်ကြားခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍ အမှတ်(၂၃)၊
ဂေါက်ကွင်းလမ်းသွယ်၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ရတနာမာ
န်အောင်အဆင့်မြင့်အိမ်ယာ ပြည်မြို့တွင် ဖွင့်လှစ်ထားသော
အနှိပ်ခန်းဖွင့်လှစ်ထားသည့်နေအိမ်အား တိုင်ကြားရခြင်း
ဖြစ်ပါသည်။

ကျွန်တော်တို့ရပ်ကွက်သည် ဌာနဆိုင်ရာ အရာရှိအငြိမ်း
စားများ အေးအေးချမ်းချမ်း နေထိုင်ချင်သောမိသားစုများ
အများစုတည်ရှိသည့် လမ်းသွယ်ဖြစ်ပါသည်။ထိုနေရာမျိုး
တွင်မိမိတစ်ဦးတစ်ယောက်အကျိုးစီးပွားအလို့ငှာ နိုင်ငံေ
တ်ာပြဌာန်းဥပဒေကိုဆန့်ကျင်၍ ဥပဒေပြင်ပက ငွေရှာဖွေ
သည့်လုပ်ငန်း လုပ်ကိုင်နေသည့် ၄င်းအနှိပ်ခန်းအား လူ
ကြီးမင်းတို့အနေဖြင့် တည်ဆဲဥပဒေအရ ပိတ်သိမ်းပေး
ပါရန် ဦးစွာပထမတိုင်ကြားအပ်ပါသည်။

ထိုသို့ တိုင်ကြားရခြင်းမှာ အဆိုပါအနှိပ်ခန်းသို့လာရော
က်သည့် လူငယ်လူရွယ်၊ လူကြီးလူလတ်များသည် အရက်
သေစာ မူးယစ်သောက်စားလာကာ လာရောက်သည့်အ
တွက် ပတ်ဝန်းကျင်ရှိ နေအိမ်များ၏ လုံခြုံရေးအတွက်စိတ်
ပူပန်သည့်အခြေအနေသို့ ရောက်ရှိရပါသည်။ ဇန်န၀ါရီလ
(၂၅)ရက်နေ့ည (၁၁)နာရီအချိန်ခန့် ၄င်းအနှိပ်ခန်းသို့လာ
ရောက်သည့် ဧည့်သည်တစ်ဦး၏ကားမှ ပြန်ကွေ့ရန် နော
က်ဆုတ်စဉ် ကျွန်တော်၏နေအိမ် ၀န်းတံခါးကိုတိုက်၍ နေ
အိမ်အ၀င်းဝိုင်းထဲထိ ရောက်ရှိလာသည့် ဖြစ်စဉ်ကို ကြုံတွေ့
လာရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည့်အတွက် ယခု
ကဲ့သို့ ဒေသအာဏာပိုင် လူကြီးမင်းများထံ တိုင်ကြားရခြင်း
ဖြစ်ပါသည်။

ဒေါက်တာအေးကျော် (ဘ)  ဦးစိန်မြ
(၁၂/စခန (နိုင်) ၀၄၀၅၇၁)
မျက်စိမထူးကုဆရာဝန်ကြီး
အမှတ်(၂၅)၊ ဂေါက်ကွင်းလမ်းသွယ်၊
ခေတ္တရာမြို့သစ်၊ ပြည်မြို့။

မှတ်ချက်။    ။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်
ရေးမှူး ဦးဇော်လွင်ထံသို့လိမ်မှုပြီး တိုင်ကြားစာပေးပို့ခဲ့သည့်
အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ၄င်းအနှိပ်ခန်းလုပ်စားနေ
သည့်နေအိမ်အား ချက်ချင်းပိတ်ပေးရန်ပြောခဲ့သဖြင့် ယခုအ
နှိပ်ခန်းပိတ်ထားပါသည်။သို့ပါသော်လဲခဏတာပိတ်ပြီးပြန်လ
ည်ဖွင့်လှစ်မည်စိုးရိမ်သဖြင့်သက်ဆိုင်ရာအဆင့်ဆင့်ထံ ထပ်
မံတိုင်ကြားသွားမည်ဖြစ်ကြောင်း ဆရာကြီး ဦးကျော်အေးက
ပြောသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

Read More...

Sunday, June 12, 2016

ပြည်သူ့အော်သံ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment



ပြည်သူ့အော်သံ

ပြည်မြို့ ၊ ဗိုလ်ချုပ်လမ်းမပေါ် ၊ရှယ်ရီဖိနပ်ဆိုင်ဘေး ၊ ရွှေလက်ဖက်ရည်ဆိုင်
မျက်စောင်းထိုး ၊ ဆံတော်ရပ်ကွက် ၊မီးရထားတိုက်ခန်းများရှေ့၊ စည်ပင်ပိုင်
လမ်းမပေါ်တွင်ရှိသော ၊ ရေတမာပင်သည် ၊ လမ်းမဘက်သို့ကွေးညွှတ်နေ
သည်ကို ဖော်ပြပါဓါတ်ပုံအား ကြည့်ခြင်းဖြင့် သိသာနိုင်ပါသည်။ရေတ မာပင်
၏ အောက်ခြေသမာန်သလင်းများ ကွဲအက်လာပြီးသစ်ပင်၏အမြစ်များပေါ်လာ
ပါသည်။၎င်းရေတမာပင်၏ အောက်တွင်အများပြည်သူများ ဖြတ်သန်းသွားလာ
နေသော လမ်းရှိသကဲ့သို့ လျှပ်စစ်ဓါတ်ကြိုးများသွယ်တန်းထားသောကြိုးများ ၊
ဆက်သွယ်ရေးကြိုးများ ရှိနေတာကိုလဲတွေ့မြင်ရပါသည်။

သို့ပါသောကြောင့် ယခုအခါ သဘာဝဘေးအန္တရာယ်ကြောင့် သစ်ပင်လဲ၍ အသက်
ဆုံးရှုံးရသည့် ပြည်သူများရှိနေပါသဖြင့် အဆိုပါစိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်များမ
ကြားရ မမြင်ရလေအောင် တာဝန်ရှိသော သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်
ယူဆောင်ရွက်ပေးပါရန် အပြုသဘောဆောင်သည့်အနေဖြင့် တင်ပြလိုက်သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Tuesday, March 29, 2016

ပြည်သူ့အော်သံ………

Leave a Comment

ပြည်သူ့အော်သံ………

ရက်စွဲ ၊၂၀၁၆ ခုနှစ် ၊မတ်လ(၂၉)ရက်
အကြောင်းအရာ။          ။လူနေရပ်ကွက်ထဲတွင် မီးလောင်လွယ်သည့်ပစ္စည်းများ
                               ကိုသိုလှောင်၍စနစ်တကျထိန်းသိမ်းခြင်းမရှိသည့်အတွက်
                               ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်စိုးရိမ်ရသဖြင့်
                              အခြားနေရာသို့ရွှေ့ပြောင်းပေးပါရန်တင်ပြတိုင်ကြားခြင်း။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ရွာဘဲနယ်မြေ၊
ကနောင်မင်းသားကြီးလမ်းနှင့်ဦးမြတ်လမ်းဒေါင့်ရှိ အိမ်ရှင် ဦးသိန်းဝင်း ငှားရမ်းထား
သော ပလပ်စတစ်ပစ္စည်းများ၊ပလပ်စတစ်စများ သိုလှောင်ခြင်း၊အရည်ကျိုခြင်း၊လုပ်
ငန်းများလုပ်ဆောင်နေသည့် အိမ်ငှားများသည် မိမိတို့ပြုလုပ်သော အဆိုပါ ပလပ်စ
တစ်ပစ္စည်းများဖြစ်သော ပလပ်စတစ်စများ၊ကော်ဗုံးအစုတ်အပျက်များ၊ပလပ်စတစ်
ပိုက်အစုတ်အပျက်များ၊ရေသန့်ဗူးခွံအဟောင်းများ စသည့်မီးလောင်လွယ်ကူနိုင်သော
လောင်စာပစ္စည်းများကို စနစ်တကျထိန်းသိမ်းခြင်းမရှိသည့်အတွက် ရပ်ကွက်နေပြည်
သူများ မီးဘေးအန္တရာယ်စိုးရိမ်နေရပါသည်။

ကျွန်တော်၊ကျွန်မတို့သည် သူတစ်ပါး၏ စီးပွါးရေးကို ပျက်ရာပျက်ကြောင်း တိုင်ကြားရ
ခြင်းမဟုတ်ပါ။(၂၃.၃.၂၀၁၆)ရက်နေ့ည(၂း၀၀)နာရီအချိန်ခန့်တွင် အဆိုပါ ပလပ်စတစ်
စများ မီးလောင်နေသဖြင့် လှည့်ကင်းရဲတပ်ဖွဲ့များနှင့်လမ်ူသွားလမ်းလာများက ရပ်ကွက်
နေ အိမ်များကိုနှိုး၍ မီးလောင်နေကြောင်းပြောသဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်ကို ရပ်
ကွက်နေပြည်သူများအသိပင်ဖြစ်ပါသည်။

၎င်းအိမ်ရှိ အိမ်ငှားနေထိုင်သောသူများသည် ရန်ကုန်မြို့မှ လာရောက်ငှားရမ်းနေထိုင်သူ
များဖြစ်ပြီး အကယ်၍များ မီးဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်ခဲ့ပါက နစ်နာရမည်မှာ
ရွာဘဲရပ်ကွက်၊စက်မူကွက်သစ်ရှိ ရပ်ကွက်နေပြည်သူများပင် ဖြစ်ပါသည်။သို့ပါသောကြောင့်
အဆိုပါလုပ်ငန်းသည်ရပ်ကွက် လူနေအိမ်များကြားထဲတွင် အဆင်မပြေသည့်အတွက် အခြား
နေရာသို့ ပြောင်ရွှေ့ပေးပါရန် လူကြီးမင်းများထံ တင်ပြလျှောက်ထားအပ်ပါသည်။

မှတ်ချက် ။       ။အဆိုပါတိုင်စာအား သက်ဆိုင်သောဌါနဆိုင်ရာများသို့ပေးပို့ ထားခြင်းဖြစ်
ကြောင်းလဲသိရပြီး အကယ်၍များ ပြည်မြို့ရှိသက်ဆိုင်ရာအဖွဲ့အစီး ၊ဌါနကဆောင်ရွက်ပေး
ခြင်းမရှိပါက တိုင်းဒေသကြီး၊နေပြည်တော်များသို့ ထပ်မံတိုင်ကြားသွားမည်ဖြစ်ကြောင်းသိ
ရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ














Read More...

Saturday, March 26, 2016

အမြင်မတော် ဆင်တော်နဲ့ခလောက် ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

အမြင်မတော် ဆင်တော်နဲ့ခလောက်
ပြည် မတ် (၂၇)ရက်
ပြည်မြို့ နဝရတ်လမ်းထောင့်နှင့်ရွှေတစ်ချောင်းလမ်း
မပေါ်ရှိရေစိုးထုတ်မြောင်းချိုင့်ခွက်သည် အများပြည်
သူများသွားလာရာတွင်အန္တရာယ်ဖြစ်နေကြောင်းမတ်
(၂၆)ရက်နေ့ ညကတွေ့ရပါသည်။
အဆိုပါလမ်းသည် ပြီးခဲ့သည့်လကမှ လမ်းခင်းခြင်း
လုပ်ငန်းဆောင်ရွက်ထားသည့်လမ်းဖြစ်ပြီး ယခုအ
ခါချိုင့်ခွက်ဖြစ်နေပါသဖြင့် အမြင်မတော်တဲ့ပြည်သူ
က အန္တရာယ်ရှိကြောင်း ကား ဆိုင်ကယ် စက်ဘီးများ
အား အဝေးမှမြင်နိုင်စေရန် ဝါးကပ်ကာထားရပါသည်။
သို့ပါသောကြောင့် တာဝန်ရှိတဲ့ဌါနမှအမြန်ဆောင်ရွက်
ပေးပါရန် အသိပေးအကြောင်းကြားတင်ပြအပ်ပါသည်။
ပြည့်သဲမောင်(ပြည်)09-423671883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Facebook Like Page