Showing posts with label ပြည်သူများထံ အသိပေးအကြောင်းကြားခြင်း. Show all posts
Showing posts with label ပြည်သူများထံ အသိပေးအကြောင်းကြားခြင်း. Show all posts

Monday, October 10, 2016

မိဘပြည်သူများထံ အသိပေးအကြောင်းကြားခြင်း ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment
မိဘပြည်သူများထံ အသိပေးအကြောင်းကြားခြင်း

ကျွန်တော်သည် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့မှ
ထုတ်ဝေသော ဖြစ်ရပ်မှန်မှုခင်းနှင့်သတင်းစုံဂျာနယ်
တွင် ပိုင်ထူး(ပြည်)ကလောင်အမည်ဖြင့် ပြည်ခရိုင်တာ
ဝန်ခံ ပါမစ်နစ်အကြီးတန်းသတင်းထောက်တစ်ယောက်
ဖြစ်ပြီး ပိုင်ထူး(ပြည်)ကလောင်အမည်ဖြင့် မှုခင်းသတင်း
များကိုရေးသားပါသည်။

ထို့အပြင် စံတော်ချိန်နေ့စဉ်သတင်းစာတွင်လည်း ပြည့်သဲ
မောင်(ပြည်)ကလောင်အမည်ဖြင့် ပြင်ပသတင်းများကို အ
လွတ်တန်းသတင်းထောက်တစ်ယောက်အဖြစ်ရေးသားနေ
ပါသည်။

သို့ပါသောကြောင့် ကျွန်တော်သည် အမှန်တကယ်သတင်း
ထောက်ကဒ်ပြားထုတ်ထားပြီး ရေးသားနေသော လက်ရှိဂျာ
နယ်များနှင့်သက်ဆိုင်ပြီး အခြားဂျာနယ် သတင်းဌာန မီဒီယာ
ဂရုများသည် ကျွန်တော်နှင့် လုံးဝ(လုံးဝ)မသက်ဆိုင်ကြောင်း
ဒီနေရာကနေ တရားဝင်ကြေငြာအပ်ပါသည်။

ကျွန်တော်အမည်(သို့မဟုတ်)ကလောင်အမည်အားသုံး၍ သ တင်းရေးသားပေးရန်ငွေကြေးတောင်းခံသည်ဖြစ်စေ၊ သတင်း
ကိစ္စနှင့်ပတ်သက်ပြီးငွေကြေးတောင်းခံသည်ဖြစ်စေ မိဘပြည်
သူများအား တောင်းခံသည်ဆိုလျှင် ကျွန်တော်၏ဖုန်းအား ဆက်
သွယ်မေးမြန်းပေးပါရန်နှင့် ကျွန်တော်အား မကြေနပ်၍တိုင်ကြား
မည်ဆိုပါက ဖြစ်ရပ်မှန်မှုခင်းနှင့်သတင်းစုံဂျာနယ်၊စံတော်ချိန်နေ့
စဉ်သတင်းစာနှင့်ဂျာနယ်လစ်ကောင်စီများသို့ အမည် ၊ မှတ်ပုံတင်
အမှတ်၊နေရပ်လိပ်စာ တိတိကျကျရေးသား၍ တိုင်ကြားနိုင်ပါကြောင်း
ဒီနေရာမှအသိပေး အကြောင်းကြားအပ်ပါသည်။အမှားများရှိရင်လဲ
ဖုန်းဖြင့်ဆဲဆိုဝေဖန်ထောက်ပြနိုင်ပါကြောင်းနှင့် အမှားရှိပါကဂုဏ်
သိက္ခာရှိစွာ တောင်းပန်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား
အသိပေး အကြောင်းအပ်ပါသည်ခင်ဗျာ........။

ပြည့်သဲမောင်(ပြည်) / ပိုင်ထူး(ပြည်) 09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Wednesday, February 10, 2016

အများပြည်သူများသိရှိစေရန် မေတ္တာရပ်ခံချက်

Leave a Comment



အများပြည်သူများသိရှိစေရန် မေတ္တာရပ်ခံချက်

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်ရှိပါသဖြင့်
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)အား (၂၉)မဂ္ဂါဝပ်လျော့နည်းသုံးစွဲရမည်ဖြစ်ပါသည်။သို့
ဖြစ်ပါ၍ ပြည်မြို့နယ်အတွင်းရှိဓာတ်အားပေးနယ်မြေများအား (၂၀.၂.၂၀၁၆)ရက်နေ့မှ(၂၄.
၂.၂၀၁၆)ရက်နေ့အထိ အုပ်စုနှစ်အုပ်စုခွဲကာ (၆)နာရီခြားစီ အလှည့်ကျဓာတ်အားဖြန့်ဖြူး
ပေးသွားမည်ဖြစ်ကြောင်း အများပြည်သူများသိရှိနိုင်ပါရန် ကြိုတင်၍အသိပေးအပ်ပါသည်။

မှတ်ချက်။          ။အဆိုပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည့် နေ့ရက် အချိန်ကိုလဲ အများ
ပြည်သူများသိရှိစေရန် ထပ်မံ၍မြို့တွင်းသို့လှည့်လည် ကြေငြာပေးသွားမည်ဖြစ်ပါကြောင်း။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး   ပြည်မြို့ မှသိရှိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ 
Read More...

Facebook Like Page