ဇော်မင်းထိုက်
7Day Daily
ပြည်မြို့တွင်တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သောတရားလွှတ်တော်ရှေ့နေတစ်ဦးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးတို့ကို စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်မြို့ အမှတ် (၁) ရဲစခန်းမှသတင်းရရှိသည်။
တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရှား သူ ကိုမျိုးသူထွဋ်တို့သည် စက် တင်ဘာ ၁၀ ရက်က ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ပုဒ်မ-၁၈ ဖြင့် စက်တင်ဘာ ၁၂ ရက်တွင် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့၊ အမှတ်(၁) ရဲစခန်းမှူးက ပြောသည်။
‘‘တစ်ယောက်ကို တစ်မှုစီ ဖွင့်တာပါ။ ခွင့်ပြုချက်မတောင်း ဘဲ ဆန္ဒဖော်ထုတ်တာကြောင့် ပုဒ်မ-၁၈ နဲ့အမှုဖွင့်အရေးယူထား ပါတယ်’’ ဟု ရဲအုပ်မျိုးဝင်းကပြောသည်။ လက်ပံတန်းမြို့တွင် ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခံရခြင်း ခြောက်လပြည့်သည့် စက်တင်ဘာ ၁၀ ရက်၌ သာယာဝတီ ထောင်အတွင်း ဖမ်းဆီးခံထားရ သော ကျောင်းသား၊ ကျောင်းသူ များ၊၀န်းရံပြည်သူများ၊ တက်ကြွ လှုပ်ရှားသူများအား အမြန်ဆုံးပြန် လွှတ်ပေးရန် တရားလွှတ်တော် ရှေ့နေဦးမြင့်အေးနှင့် ကိုမျိုးသူ ထွဋ်က ပြည်မြို့တွင် တစ်ဦးချင်း နေရာသီးခြားစီခွဲ၍ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
‘‘လူစုလူဝေးနဲ့ စီတန်းလှည့် လည်တာ မဟုတ်ဘဲ တစ်ကိုယ် တော် ဆန္ဒဖော်ထုတ်တာဖြစ်တဲ့ အတွက် ပုဒ်မ-၁၈ နဲ့ မငြိစွန်းဘူး လို့ ပြောချင်တယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးသည် ပြည်မြို့ရှိ ၎င်း နေထိုင်ရာ ကျောင်းကြီးအိုးတန်း ရပ်ကွက်နေအိမ်မှ ပြည်မြို့နယ် တရားရုံးအထိ ဗကသအလံကို ကိုင်ဆောင် လမ်းလျှောက်ကာ နာရီဝက်ခန့် တစ်ကိုယ်တော်ဆန္ဒ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ကိုမျိုးသူထွဋ်ကမူ ပြည်ဈေး ကြီး၊ ၀င်းသူဇာအရောင်းဆိုင်အနီး တွင် ဗကသအလံကိုကိုင်ဆောင် ၍ မိနစ် ၂၀ ခန့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
Monday, September 14, 2015
ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူနှစ်ဦးကို ပုဒ်မ ၁၈ဖြင့်အမှုဖွင့်
Sunday, September 13, 2015
သမီးခိုးရာလိုက်ပြေးရာတွင် အောင်သွယ်သည်ဟုဆိုကာ တူမကို ဖခင်ကဓားဖြင့်ခုတ်
ပေါက်ခေါင်းမြို့နယ် ပိတောက်ကုန်းရပ်ကွက်အုပ်စု ရသေ့ကျေးရွာတွင် သမီးဖြစ်သူ ခိုးရာလိုက်ပြေးသဖြင့် ဖခင်က အ သက် (၃၆)နှစ်အရွယ် တူမဖြစ် သူကို အောင်သွယ်ထင်မှတ်၍ဓားဖြင့်ခုတ်သတ်လိုက်ကြောင်း သ တင်းရရှိသည်။
သမီးခိုးရာလိုက်ရာတွင် တူမတော်စပ်သူ အမျိုးသမီးက အောင်သွယ်ပေးသည်ဟု အထင် မှား၍ ရေခပ်ဆင်းချိန်၌ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည် ခရိုင်မှ ရဲအရာရှိက ပြောသည်။
‘‘တရားခံနဲ့ သေဆုံးသူအမျိုး သမီးဟာ တူအရီးတစ်ဝမ်းကွဲ တော်တဲ့ ဆွေမျိုးတွေပဲ၊ တရားခံ ရဲ့ သမီးဖြစ်သူ ခိုးရာလိုက်သွား တာကို သေဆုံးသူအမျိုးသမီးက အောင်သွယ်ထည့်ပေးလိုက် တယ်ထင်ပြီး ဓားနဲ့ခုတ်သတ်ခဲ့ တာဖြစ်တယ်’’ဟု ပြည်ခရိုင်ရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။
သေဆုံးသူအမျိုးသမီးသည် စက်တင်ဘာ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် တစ်ရွာတည်းနေ အမျိုးသမီးနှစ်ဦးနှင့် ရွာအရှေ့ဘက် ထိပ်သို့ ရေခပ်ဆင်းစဉ် ရေခပ် လမ်းအရောက်၌ ဦးလေးဝမ်းကွဲ က အရိုး၊ အသွားနှစ်ပေလေးလက် မခန့်ရှိ ဓားဦးပြတ်နှင့်ခုတ်ခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူကို ည ၇ နာရီခွဲတွင် ဖမ်းဆီးမိခဲ့ပြီး လွန်ခဲ့ သည့် ငါးရက်က သမီးဖြစ်သူခိုးရာ လိုက်သွားခဲ့ရာ သေဆုံးသူအမျိုး သမီးက ထည့်ပေးလိုက်သည်ထင် ၍ ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ပေါက်ခေါင်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
7 Day Daily
Monday, September 7, 2015
ကမ်းပါးများဆက်တိုက်ပြိုကျမှုကြောင့် နေအိမ် ၁၆၀-ကျော်အရေးပေါ်ပြောင်းရွေ့လျှက်ရှိနေ
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်းမှ ရေလယ်ကျွန်းကြီးမှာကမ်းပါးပြိုကျမှုများဖြစ်ပေါ်နေသောကြောင့်အိမ်ခြေ(၁၆၀)ကျော်ပြောင်းရွေ့လျှက်ရှိနေကြောင်းသိရသည်။
လွန်ခဲ့သည့်ရက်တစ်ပတ်အတွင်းခန့်မှာ မဘသ-ဆရာတော်များဟုဆိုကာ အဆိုပါကျွန်းကြီးပေါ်ရှိဒေသခံများဘေးလွတ်ရာ ကမ်းပါးပြိုကျမှုနှင့်ဝေးရာတွင် နေအိမ်(၁၂၃)လုံးစာအတွက် မြေနေရာများအား မြို့နယ်အုပ်ချုပ်ရေးမှူးအကူညီဖြင့် ပေ ၅၀×၈၅ ပေတစ်ကွက်လျှင် (ရှစ်သောင်းခွဲ)ကျပ်ဖြင့် ၁၂၃-ကွက်အားဈေးသက်သာစွာလာရောက်ဝယ်ယူလှူဒါန်းသွားသောကြောင့် ဒေသခံနေအိမ် ၁၂၃-လုံးမြေနေရာရာရှိပြီးဖြစ်သော်လည်း ကျန်ရှိသည့်နေအိမ်များအတွက် ကူညီမှုများလိုအပ်နေကြောင်း နိုင်ငံတော်အနေဖြင့် လာရောက်ကူညီထောက်ပံ့မှုများမရှိသေးကြောင်း ယခုလက်ရှိထိုကျွန်းမှာနေ့စဉ်ကမ်းပါးများပြိုကျလျှက်ရှိနေပြီး တဲတန်းရွာမှအိမ်ခြေ ၅၄-လုံး၊ကျောင်းကုန်းရွာမှအိမ်ခြေ ၁၀၉-လုံးပြောင်းရွေ့လျှက်ရှိနေကြောင်းဒေသခံများထံမှသိရသည်။
“မဘသဆရာတော်တွေလာလှူသွားတဲ့မြေကွက်ပေါင်း ၁၂၃-ကွက်ရှိပါတယ်။ကုန်းမြေဖြစ်တဲ့ကိုင်းမြေတွေမှာယာယီတဲတွေထိုးပြီးပြောင်းရွေ့နေထိုင်နေကြပါတယ်။အဲဒီနေရာကစိတ်ချရတဲ့အနေထားမရှိဘူး။အိမ်တွေအခိုင်အမာမဆောက်ပဲယာယီတဲတွေနဲ့သာနေကြရတယ်။ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာလူကြီးတွေကို စာတွေတင်ပြထားပြီးပါပြီ။”ဟု ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက် မှသမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါရေလယ်ကျွန်းအုပ်စုတွင် ဇူလိုင်လ ၁၈-ရက်နေ့မှစတင်ကာ ကမ်းပါးပြိုကျခြင်းများဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၀-လုံးခန့်အားဘေးလွတ်ရာသို့ပြောင်းရွေ့ခဲ့ရကြောင်းသိရသည်။ဇူလိုင် ၂၈-ရက်တွင် ကြံခင်းမြို့နယ်အတွင်းမှ ရေလယ်ကျွန်းအုပ်စုအတွင်းရှိ အနောက်ကုန်း၊တဲတန်း၊အထက်ကုန်း၊အလယ်ကျွန်း စသည့်ကျေးရွာများအတွင်း ရေကြီးနစ်မြုပ်ခဲ့ပြီးနောက် ၁၅-ရက်ခန့်ရေလွမ်းမိုးခြင်းခံခဲ့ရပြီး ထိုရွာများအားလုံး ကုန်းမြေပျောက်ကာ ရေပြင်ကြီးအဖြစ်သို့ရောက်ရှိသွားခဲ့သည်။ ရေများပြန်ကျသွားပြီးနောက်တွင် စတင်ကာ ထိုရေလယ်ကျွန်းတွင် ကမ်းပါးများတအိအိပြိုကျလျှက်ရှိရာ ယနေ့ထိပိုမိုဆိုးရွားစွာဆက်လက်ပြိုကျလျှက်ရှိနေသောကြောင့် နေအိမ် ၁၆၀-ခန့်အားဘေးလွတ်ရာသို့ပြောင်းရွေ့နေရကြောင်းသိရသည်။
“မြေတွေတအားပြိုလို့ဘေးလွတ်ရာ လုပ်စားနေတဲ့ကိုင်းလေးထဲအမြန်ပြောင်းလာရတယ်။အားလုံးယာယီတဲတွေထိုးနေရတယ်။ဒီနေရာက စိတ်မချရဘူး။ရေကလည်းဆက်တက်လာတယ်။မြေတွေလည်းပြိုပြိုလာတယ်။စာရေးအတွက်ရောနေရေးအတွက်ရောဒုက္ခ တွေရောက်နေပါတယ်။မဘသဆရာတော်တွေလာလှူတဲ့မြေကွက်မှာတဲထိုးနေပါတယ်။နေစရာရှိနေပေမဲ့ လုပ်စားစရာမြေကွက်မရှိဘူး။မြေကွက်မရသေးတဲ့အိမ်တွေလည်းရှိနေတယ်။အစိုးရအနေနဲ့ဘာမှလာလုပ်ပေးထားတာမရှိသေးပါဘူး။လာရောက်ပြီးအကူအညီပေးစေချင်ပါတယ်။” ဟု ရေလယ်ကျွန်းအုပ်စု ကျောင်းကုန်းကျေးရွာ ဦးဝင်းအောင်မှသမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါရေလယ်ကျွန်းအုပ်စုအတွင်းမှာ ကမ်းပါးကျမှုများအဆက်မပျက်ဖြစ်ပေါ်လျှက်ရှိရာမြို့နယ်အုပ်ချုပ်ရေးမှူးဆုံးဖြတ်ချက်ဖြင့် နေအိမ်များအရေးပေါ်ပြောင်းရွေ့နေခဲ့ရပြီး နေထိုင်ရန်နှင့်စာသောက်ရေးများလိုအပ်လျှက်ရှိကြောင်းသိရသည်။ရေကြီးနစ်မြပ်စဉ်နှင့် ကမ်းပါးပြိုကျရာတွင် ပါရှိသွားသည့် နှမ်း၊ပဲစသည့်စိုက်ပျိုးသီးနှံများပျက်စီးသွားခဲ့၍ ပြန်လည်စိုက်ပျိုးရန်မြေနေရာနှင့်နေထိုင်ရန်မြေနေရာများလိုအပ်လျှက်ရှိကြောင်းသိရသည်။ကမ်းပါးပြိုကျမှုများကြောင့် အသက်ဘေးထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်


