Friday, October 25, 2013

ပြည်မြို့က BURMA-၀င်းမောင်(ဘောလုံး)သမားဟာင်းကြီးကို ပြစ်မထားသင့်ပါ

Leave a Comment


                                 ပြည်မြို့က BURMA-၀င်းမောင်(ဘောလုံး)သမားဟာင်းကြီးကို ပြစ်မထားသင့်ပါ
**********************************************
မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက်ရွှေခေတ်ဘောလုံးသမားများ၏အကြံဥာဏ်ရယူသင့်
သည်ဟုရွှေခေတ်ရှေ့တန်းကစားသမားတစ်ဦးဖြစ်ခဲ့ဖူးသူ-ဦးဝင်းမောင်မှဆိုပါသည်။
သူသည်-အခုတွင်ပြည်မြို့-အောင်ဆန်းပြည်သာယာကွပ်သစ်တွင်-တပ်ကရသည့်ပင်စင်လေးနင့် နောက်တပ်လူငယ်အားကစား-များကိုဘောလုံးပညာသင်ပေးရင်းနေထိုင်နေခဲပါသည်။
ရွှေခေတ်မြန်မာ့နိုင်ငံလက်ရွေးစင်ဘောလုံးအသင်း၏ရှေ့တန်းကစားသမားတစ်ဦးဖြစ်သူဗိုလ်ကြီးဝင်း
မောင်(အငြိမ်းစား)ကမြန်မာဘောလုံးလောကတိုးတက်ရေးအတွက်ရွှေခေတ်ဘောလုံးသမားများ၏အ
ကြံဥာဏ်ရယူသင့်သည်ဟုသတင်းဌါနမှတဆင့်ပြောကြားခဲ့သည်။

“ရွှေခေတ်ဘောလုံးသမားတွေထဲကအသက်ရှင်ရက်ကျန်ခဲ့တဲ့လူတွေကိုဆက်သွယ်ရမယ်။လိုအပ်
ချက်တွေဖြည့်ဆည်းဖို့အကြံဥာဏ်တောင်းရမယ်။နိုင်ငံတကာပွဲကစားမယ်ဆိုရင်အသင်းအဆင့်မှီမမှီ
အောင်မြင်မှုရနိုင်မရနိုင်ဒီလူတွေနဲ့ခန့်မှန်းခိုင်းပြီးပြင်ဆင်သင့်တာကိုအကြံဥာဏ်တောင်းရမယ်။”ဟု၎င်းကဆိုသည်။

ဦးဝင်းမောင်သည်မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ၁၉၆၉၊၁၉၇၁၊၁၉၇၃၊ကျွန်းဆွယ်ပြိုင်ပွဲရွှေတံဆိပ်ဆုသုံးကြိမ်၊၁၉၇၀ခုနှစ်အာရှဖလားပြိုင်ပွဲတွင်ေ၇ွတံဆိပ်ဆု၊၁၉၇၀ခုနှစ်တွင်မာဒေးကားပြိုင်ပွဲငွေတံဆိပ်ဆု၊၁၉၇၁ခုနှစ်မာဒေးကားပြိုင်ပွဲရွေတံဆိပ်ဆု၊၁၉၇၃ခုနှစ်မာဒေးကားပြိုင်ပွဲကြေးတံဆိပ်ဆု၊၁၉၇၉ခုနှစ်ကိုးရီးယားဖလားပြိုင်ပွဲရွေတံဆိပ်ဆုများ၇၇ှိခဲ့သည်။

ထိုအပြင်၁၉၇၁၊၁၉၇၃၊၁၉၇၄၊၁၉၇၅ခုနှစ်ဂျကာတာပြိုင်ပွဲရွေတံဆိပ်ဆုသုံးကြိမ်၊၁၉၇၂ခုနှစ်အာ၇ှ(၂)ဇုံအိုလံပစ်ခြေစစ်ပွဲရွှေတံဆိပ်ဆု၊၁၉၇၂ခုနှစ်မြူးနစ်အိုလံပစ်ပြိုင်ပွဲအသန့်ရှင်းဆုံးဆု၊၁၉၇၂၊၁၉၇၃မြောက်ကိုရီးယားသမ္မတဖလားပြိုင်ပွဲရွေတံဆိပ်ဆုနှစ်ကြိမ်၊၁၉၇၃ခုနှစ်ထိုင်းဘုရင့်ဖလားပြိုင်ပွဲအသန့်ရှင်းဆုံးဆုများရရှိခဲ့ကြောင်းသိရပါသည်။

၎င်းအပြင်မြန်မာလူငယ်အသင်းနှင့်လည်းရွှေတံဆိပ်နှစ်ခု၇၇ှိခဲ့ပြီးစုစုပေါင်းနီုင်ငံတကာပြိုင်ပွဲများ၌ဆုတံဆိပ်(၁၉)ခုရ၇ှိခဲ့သည့်ကမ္ဘာကျော်ဘော်လုံးသမားပီလီနှင့်အသက်တူရွှေခေတ်ကဂိုးအများဆုံးသွင်း
သောခေါင်းတိုက်အကောင်းဆုံးရှေ့တန်းအလယ်လူတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်းသိရပါသည်။

မြန်မာဘောလုံးအသင်းတိုးတက်ရေးအတွက်အသက်ရှင်ကျန်ရှိသောလက်ရွေးစင်ဘောလုံးသမားများ
ဟောင်းကြီးများဖြစ်သည့်ရဲညွန့်၊တင်ကြည်၊စပ်သီး၊အေးမောင်ကြီး၊စံအေး၊မျိုးဝင်းညွန့်၊ကျော်သောင်း၊တင်အေး၊တင်အောင်၊မြင့်ကြူး၊ဘပု၊ခင်မောင်လေးထားဝယ်စိန်ဝင်း၊ဗဟာဒူး၊ဦးအောင်ရှိန်(နည်းပြ)တို့ထံမှအကြံ ဥာဏ် တောင်းခံသင့်ကြောင်း၎င်းမှပြောသည်။

“ဒီလူတွေကိုနည်းပြခိုင်းဘို့မဟုတ်ဘူး။ဒီလူတွေကိုအစောကြီးကတည်းကသုံးသပ်ခိုင်းဖို့ခေါ်ထားသင့်တယ်။လိုအပ်ချက်တွေကိုအကြံပေးဖို့အနီးကပ်ခေါ်ထားရမှာ။ဒီလူတွေဘယ်လောက်ကစားခဲ့တယ်ဆိုတာနဲ့အားကစားပညာရှင်တွေဖြစ်တယ်ဆိုတာမှတ်တမ်းတွေရှိတယ်။လိုအပ်ရင်ခေါ်သုံးရမယ်။”ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဧပြီလ(၅)ရက်နေ့တွင်ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းမိုးလုံလေလုံခန်းမတွင်နိုင်ငံဂုဏ်ဆောင်အားကစားသမားများဂုဏ်ပြုပွဲပြုလုပ်ခဲ့ပြီးဦးဝင်းမောင်မှာဂုဏ်ပြုငွေနှစ်သိန်းရရှိခဲ့ကြောင်းသိရပါသည်။

အဆိုပါပွဲတွင်အားကစားဒုဝန်ကြီးဦးသောင်းထိုက်ကမြန်မာလက်ရွေးစင်ဘောလုံးအသင်းကိုလာရောက်လေ့လာနိုင်သည်ဟုပြောခဲ့သော်လည်းကုန်ကျစရိတ်မတတ်နိုင်ကြောင်း၎င်းကပြောပါသည်။

“ကိုယ့်စားရိတ်နဲ့ကိုယ်သွားရမှာ။ချမ်းသာတဲ့လူတွေမဟုတ်ဘူး။ဝန်ကြီးကလေ့လာနိုင်ပါတယ်လို့လက်အုပ်လေးချီပြီးပြောတယ်။ဦးတို့ကအသက်ကြီးတဲ့လူတွေမလို့။မြန်မာပြည်ဘောလုံးလောကတိုးတက်
ရေးအတွက်အားလုံးမှာတာဝန်ရှိပါတယ်။”ဟုဆက်လက်ပြောကြားသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏နည်းပြများရွေးချယ်ခန့်ထားရာတွင်ရွှေခေတ်လက်ရွေးစင်ဘောလုံးသမားများထံမှအကြံဥာဏ်ရယူသင့်ကြောင်းနှင့်၎င်းတို့ကိုနည်းပြများကြီးကြပ်ကွပ်ကဲသည့်တာဝန်ု
ပေးသင့်ကြောင်းဦးဝင်းမောင်ကပြောပါသည်။

“လေ့ကျင့်မှုလိုအပ်ချက်ကိုအကြံဥာဏ်ပေးချင်တယ်။ကစားတဲ့နေရာမှာလိုအပ်ချက်တွေရှိမယ်။ဒါတွေကိုဖြည့်စည်းပေးဖို့ကြံ့ခိုင်မှုသက်လုံနည်းပညာပိုင်းတိုက်စစ်ဆင်ရာတွင်ဂိုးသွင်းနိုင်မှုနည်းပရိယာယ်ဒီဟာတွေအားလုံးတစ်ကယ်ကမ္ဘာအဆင့်အိုလံပစ်အဆင့်သွားခဲတဲ့လူတွေသာနားလည်နိုင်မယ်။”ဟု၎င်းကပြောကြားခဲ့သည်။

နိုင်ငံခြားနည်းပြများဌါး၇မ်းခြင်း၊ဘောလုံးသင်တန်းများပို့ချပေးခြင်းနှင့်ပြည်တွင်းကလပ်အသင်းပြိုင်ပွဲ
များကျင်းပပေးခြင်းများပြုလုပ်နေသော်လည်းအောက်ခြေအဆင့်ဘောလုံးသမားများမွေးထုတ်နိုင်ခြင်းမရှိတော့ကြောင်း၎င်းကပြောသည်။

“ပြည်နယ်နဲ့တိုင်းမှာထူးချွန်တဲ့ဘောလုံးသမားတွေမထွက်တော့ဘူး။ပြိုင်ပွဲတွေမှာကြေးပေးပြီးအသင်း
တွေလုပ်ကစားတယ်။အမှန်တစ်ကယ်ကျေးရွာကနေပြီးမြို့နယ်၊ခရိုင်၊တိုင်းအဆင့်ဘောလုံးသမားတွေ
မွေးထုတ်ပေးရမယ်။ကျောင်းသားပွဲတွေလည်းလုပ်ပေးရမယ်။အခုမြို့ကြီးတွေမှာတောင်အဖြစ်လဲလုပ်
ကြတယ်။”၄င်းကဆက်လက်ပြောကြားခဲ့သည်။
ဦးဝင်းမောင်သည်ယခုအခါအသက်(၇၅)နှစ်ရှိပြီဖြစ်ပြီးကပစ(၅)စစ်တပ်ဘောလုံးအသင်း၏ နည်းပြအဖြစ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့်မြန်မာဘောလုံးအသင်းတိုးတက်ရေးအတွက်လုပ်ဆောင်လိုကြောင်း၎င်း၏ဆန္ဒကိုထုတ်ဖော်ပြောကြားလိုက်သည်။   ။ပြည်သတင်း  ...မှတ်ချက် အဆိုပါသတင်းကို သွားရောက်ယူပေးခဲ့သော ကိုသန်းထိုက်အောင်(ခ)ကိုဗရှီး အားပြည်သတင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။...

0 comments:

Post a Comment

Facebook Like Page