Showing posts with label ကန့်ကွက်လွှာ. Show all posts
Showing posts with label ကန့်ကွက်လွှာ. Show all posts

Friday, August 7, 2015

ပွင့်လင်းမြင်သာသော အသင်းတော်ဖြစ်ရေး ( ကန့်ကွက်လွှာ )

Leave a Comment

သို့ 
ယုံကြည်သူများအသင်းတော် 
ဘိရှောပ်စီကေနိုချွမ်း

 နေ့စွဲ၊ ၂၀၁၅ခုနှစ်၊ သြဂုတ်လ (၃)ရက် 
အကြောင်းအရာ။ ။ ပွင့်လင်းမြင်သာသော အသင်းတော်ဖြစ်ရေး ( ကန့်ကွက်လွှာ ) 

၁။ ပြည်မြို့၊ ကိုးသောင်းချင်းစု၊ ယုံကြည်သူ အသင်းတော်သည် 
ဗဟိုနှင့် အစဉ်သဖြင့် ဖိလာကန့်လန့် လုပ်သည်ဟူ၍ ပြည်မြို့
သို့ရောက်လာသော ဆရာများက ထင်ကြပါသည်။
 ပြည်မြို့ရှိ အသင်းတော်သူ အသင်းတော်သားများအနေဖြင့်
 ရောက်လာသော ဆရာ/ဆရာမများအပေါ်တွင် အစဉ်သဖြင့် 
အဆင်ပြေရန် ရောက်လာသော ဆရာများအား တစ်ခါမျှ 
ထိခိုက်နစ်နာမှုရှိရန် ယနေ့တိုင်လုပ်ဆောင်ခြင်းမရှိခဲ့ပါ။ 

၂။ ရောက်ရှိလာသော ဆရာများနှင့် ကျွန်တော်၊ ကျွန်မတို့
သည် လူမှုရေးစရိုက်လက္ခဏာ ကွဲလွဲကောင်းကွဲလွဲမည်။
မည်သည့်အခါမျှစိတ်ဆင်းရဲရန်မလုပ်ခဲ့ပါ။ဆရာ/ဆရာမ
များတောင်းဆိုမှုများကို အတတ် နိုင်ဆုံးဖြည့်ဆည်းပေးခဲ့
သည်က များပါသည်။ သို့ရာတွင် ငွေရေးကြေးရေးအခက်
အခဲအရ ပြည့်ပြည့်၀၀မဖြစ်တောင်(၇၅%) ထက်အထက်တော့ 
လိုက်လျောခဲ့ပါသည်။ 

၃။ ယခုအခါတွင်လည်း အသင်းတော်မြေကွက်အား ပေ၃၀x၈၀(၂) 
ထပ်အဆင့်မြင့်ဆောင်လုပ်ရန် လျာထားပြီးလျှင် ခရိုင်ရုံး၊ ခရိုင်ဆရာ
နေရန်/ အသင်းတော် သင်းအုပ်နေရန်နှင့် အသင်းတော်ပိုင်ခန်းမ
 တစ် ခုတည်ဆောက်နိုင်ရန် ရည်ရွယ်ဆုတောင်းနေလျှက်ရှိပါသည်။ 

၎။ သို့ပါသော်လည်း ခရိုင်ဆရာအနေဖြင့် ယခုအခါပူးတွဲပါ (၃၀.၇.၂၀၁၅)
စာကို သောကြာနေ့ (၃၀.၇.၂၀၁၅) မနက်ပေးပြီး ကျေးဇူးတော်ချီးမွမ်းတယ်
ဆိုပြီး အဓမ္မ၀င်ဆောက်ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အသင်းတော်
၏ မိခင်ကြီး ဒေါ်တင်စိန်မှ ၄င်းကိစ္စအပေါ် ၀မ်းနည်းစွာပြောဆိုပြီး ဆရာ
ခွာကျုံး နှင့်စကားတင်းမာစွာ ပြောဆိုခဲ့သလို အချို့သောသူများနှင့်လည်း
 ပြောခဲ့ရပါသည်။ ၄င်းကိစ္စကို သင်း ထောက်လူကြီးများ ကိုပြောပြ၍ 
သင်းထောက်များမှလည်း ဗဟိုအထိအခြေအနေ တင်ပြခဲ့ပါသည်။
သို့သော် လည်း ဘိရှောပ်အနေဖြင့် လူတစ်ဦး၏ စကားအပေါ်တွင် 
အဓိကထားလာသဖြင့် အသင်းတော်တွင် ပွင့်လင်း မြင်သာမှုလိုအပ်
လာပါသည်။ အသင်းတော်မှ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပတ်ဝန်းကျင်
တွင် အကျယ်ကျယ် မဖြစ်လို၍ တင်ပြရပါသည်။ ၅။ လူတစ်ဦးတစ်ယောက်နှင့် 
အသင်းတော်သူ အသင်းတော်သားများကို ဦးစားပေးမည်လားဟူ၍ 
စဉ်းစားပေးပါရန် ဘုရားရှင်၌ ဆုတောင်းရင်း တင်ပြအပ်ပါသည်။
Read More...

Facebook Like Page