Saturday, January 28, 2017

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တတိယအကြိမ်မြောက် အသက်(၆၀)ကျော် ဝန်ထမ်းမိဘများနှင့်အငြိမ်းစား(ပင်စင်စား) များအား ဂါရဝပြူအခမ်းအနား ကျင်းပ

Leave a Comment

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တတိယအကြိမ်မြောက်
အသက်(၆၀)ကျော် ဝန်ထမ်းမိဘများနှင့်အငြိမ်းစား(ပင်စင်စား)
များအား ဂါရဝပြူအခမ်းအနား ကျင်းပ

ပြည် ဇန်နဝါရီ(၂၈)ရက်နေ့
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်း ၊ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)
ပြည်မြို့၊တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးနှင့်ပြည်ခရိုင်ရုံးရှိဝန်ထမ်း
များမှအသက်(၆၀)ကျော် ဝန်ထမ်းမိဘများနှင့်အငြိမ်းစား(ပင်စင်စား) များ
အားဂါရဝပြူအခမ်းအနားကို ဇန်နဝါရီ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်
တွင်တိုင်းအင်ဂျင်နီယာရုံး၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဝန်ထမ်းဟောင်းနှင့်တိုင်း/ခရိုင်/မြို့နယ်/လိုင်းရုံးရှိ
အသက်(၆၀)ပြည့် မိဘများအား ဂါရဝပြုကန်တော့ခြင်း၊ကွယ်လွန်ပြီး
သော ဝန်ထမ်းမိဘများ/ဝန်ထမ်းများ/အငြိမ်းစား/ပင်စင်စား ဝန်ထမ်း
များအား ဆုတောင်းခြင်းခေတ္တတိုင်းအင်ဂျင်နီယာနှင့်ဝန်ထမ်းများမှဂါ
ရဝပြုခြင်းအား နှစ်စဉ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန်အမှာစကားပြောကြားခြင်း၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှ 
ဝန်ထမ်းဟောင်းများ ဂါရဝပြုခြင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်း
လင်းပြောကြားခြင်း၊တိုင်းလျှပ်စစ်ဝန်ထမ်းဟောင်းတစ်ဦးမှသြဝါဒဆုံး
မစကားပြောကြားခြင်းနှင့်အငြိမ်းစား/ဝန်ထမ်းဟောင်း ကူညီစောင့်ေ
ရှာက်ရေးအသင်းပုံစံများဖြင့်အသင်းဝင်ခြင်းကိစ္စများ ပြောကြားခြင်း
တို့ဆောင်ရွက်ခဲ့ကြပြီး ဂါရဝပြုလက်ဆောင်ပစ္စည်များပေးအပ်ခြင်း
တို့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသည် (၃)ကြိမ်မြောက်ပြုလုပ်သည့် အခမ်းအ
နားဖြစ်ပြီးယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများသည် 
မိမိတို့၏ရှေ့ဆရာများဖြစ်သလို ၊ပင်စင်နားပြီးနောက်ပိုင်း လက်ရှိ
ဝန်ထမ်းများ၏ မလေးမစားဆက်ဆံခြင်းများ မပြုလုပ်ရန်နှင့်ရိုသေ
လေးစားမှုအမြဲရှိစေရန် တစ်ဦးနဲ့တစ်ဦးဖေးမကူညီပြီး စည်းစည်း
လုံးလုံးရှိစေရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်ခရိုင်လျှပ်
စစ်အင်ဂျင်နီယာကပြောသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




0 comments:

Post a Comment

Facebook Like Page