Sunday, January 22, 2017

လူမှုကယ်ဆယ်ရေးအဖွဲ့သို့ လူနာတင်ယာဉ်နှင့်ဆေးပစ္စည်းများ လှူဒါန်း

Leave a Comment

လူမှုကယ်ဆယ်ရေးအဖွဲ့သို့ လူနာတင်ယာဉ်နှင့်ဆေးပစ္စည်းများ
လှူဒါန်း

ပြည် ဇန်နဝါရီ(၂၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် လူနာတင်ကားနှင့်ဆေးပစ္စည်းများ
လှူဒါန်းပေးအပ်ပွဲအခမ်းကို ဇန်နဝါရီ(၂၂)ရက်နေ့ ၊နံနက်(၉)နာရီအချိန်ခန့်က
ပြည်မြို့ ဆယ်ထပ်ကြီးဘုရားအနီး ၊ ဆင်တဲကျောင်းဓမ္မာရုံတွင်ကျင်းပခဲ့ကြောင်း
သိရသည်။

အဆိုပါ လူနာတင်ကားနှင့် ဆေးဝါးပစ္စည်းများအား ပြည်မြို့၊နဂါးလိန်လမ်းရှိ
ပရဟိတပရမီ(Rescue)လူမှုကယ်ဆယ်ရေးအဖွဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီးအ
လှူရှင်မိသားစုမှာ ဦးအေးကျော်+ဒေါ်သဲသဲ(ခ)ဒေါ်စံပယ်(သား)မောင်ရန်ေ
အးကျော် (ခ)ဖီးဖီး မိသားစုမှလှူဒါန်းခဲ့ခြင်းသည်။

ထိုသို့လှူဒါန်းရခြင်းမှာ ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာ(၂၅)ရက်နေ့ နံနက်(၅)
နာရီတွင် ကွယ်လွန်သွားသော သားလေးမောင်ဖီးဖီးသည် ယာဉ်မေ
တ်ာတဆမှုဖြစ်ချိန် ထိခိုက်ဒဏ်ရာရရှိသော သားဖြစ်သူ၏ အသက်
ကိုကယ်တင်ရန်ကြိုးစားခဲ့စဉ်က လိုအပ်ချက်ရှိခဲ့သောအထောက်အ
ကူပြုပစ္စည်းများနှင့်ဆေးပစ္စည်းများအားရေစက်သွန်းချ အမျှအတန်း
ပေး ဝေလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ပရဟိတပါရမီ(Rescue)လူမှုကယ်ဆယ်ရေးအဖွဲ့သို့
Toyota AlphardAmbulance ကား(၁)စီး ၊ အောက်ဆီဂျင် အိုး(၃)လုံး ၊
Stretcher ခုံ (၁)ခု ၊လူနာတင်ကဒ်(၁)ခု ၊ကယ်ဆယ်ရေးသုံး ဖိုက်ဘာဦး
ထုပ်+ခေါင်းမီးအပါ(၅)လုံး ၊ကယ်ဆယ်ရေးသုံး ဝတ်စကုတ်(၈)စုံ ၊ခြေကျိုး
/လက်ကျိုး/ခါးကျိုး လူနာအတွက်အသုံးပြုသည့်ပစ္စည်း (၁)စုံ ၊Dvcဘောလုံး
(၂)လုံး ၊လည်ထောက် size အစုံ(၃)စုံ ၊သွေးခုန်နှုန်းတိုင်း ကိရိယာ (၁)ခု ၊
ဆေးအိပ်(၂)လုံး ၊မီးသတ်ဆေးဗူးသေး(၁)ဗူး ၊Battery Power Bank (၁)
လုံး ၊ဆေးပစ္စည်း အစုံ၊ပစ္စည်းအစုံထည့်ဖိုက်ဘာဗုံး(၃)ဗုံး ၊ ကားအတွက်ဂွင်း
ဂွ အစုံ ၊အရေးပေါ် အချက်ပြ မီးချောင်း(၂)ချောင်း စသည့်ပစ္စည်းများကိုလှူဒါန်း
ခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ










0 comments:

Post a Comment

Facebook Like Page