Tuesday, January 10, 2017

“ခေတ် ….. အဲဒါ …… ဒီခေတ် ……’’

Leave a Comment

“ခေတ် …..  အဲဒါ …… ဒီခေတ် ……’’

“ငါ့ မိန်းမက အိမ်ထောင်သည်ပါကွာဆိုပြီး……
စိတ်ချထားလို့မရတဲ့ ခေတ်……. အဲဒါ……. ဒီခေတ်…..”


“ငါ့ သမီးကအရွယ်မရောက်သေးပါဘူး ငယ်ပါသေးတယ်ဆိုပြီး….
စိတ်ချထားလို့မရတဲ့ ခေတ်…… အဲဒါ……. ဒီခေတ်…..”


“ငါ့ သမီးကစွံ့အနားမကြား မသန်စွမ်းလေးပါဆိုပြီး……
စိတ်ချထားလို့မရတဲ့ ခေတ်…… အဲဒါ……… ဒီခေတ်…..”


“သန်သန်မာမာ ယောကျာ်းချင်းတောင်……
မတော်မတရား ကြံစည်တဲ့ ခေတ်……… အဲဒါ…..   ဒီခေတ်…..”


“ညဘက် ဗိုက်ဆာလို့မှ…..
လမ်းပေါ်တက် ဈေးဝယ်မထွက်ရဲတဲ့  ခေတ်….. အဲဒါ…..   ဒီခေတ်…..”


“လမ်းပေါ်က စိတ်ဝေဒနာခံစားနေရတဲ့ အရှုးမတောင်…..
ချမ်းသာမပေးတဲ့ ခေတ်…..  အဲဒါ……  ဒီခေတ်….”


“စိတ်ပုတီးလည်မှာဆွဲ ဘုရားစဉ်ရှေ့မှာ သံကုန်ခဲနေသူက…..
မတော်မတရားကြံတဲ့ ခေတ်……. အဲဒါ……  ဒီခေတ်……. ”


“သက်ငယ်မုဒိမ်းကို အဖက်ဆည်ကာ …..
ထိန်းပေးတဲ့ ခေတ်…..  အဲဒါ…… ဒီခေတ်……”


“အော်……  ခေတ်………   ခေတ်…….  ခေတ်……”


မှတ်ချက်။          ။ရေးတတ်သလိုရေးသားထားပါသဖြင့် အမှားပါရင်
ခွင့်လွတ်စေချင်ပါတယ်ခင်ဗျ……..။


ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page