Sunday, September 25, 2016

မှုခင်းကျဆင်းရေးအသိပညာပေးပြခန်းယာဉ်ဖြင့် ပြည်ခရိုင်တွင်းလှည့်လည်ပြသ

Leave a Comment


မှုခင်းကျဆင်းရေးအသိပညာပေးပြခန်းယာဉ်ဖြင့် ပြည်ခရိုင်တွင်းလှည့်လည်ပြသ

ပြည် စက်တင်ဘာ(၂၄)ရက်နေ့
မှုခင်းအသိပညာပေးပြခန်းယာဉ်သည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်
အတွင်းရှိ ကျောင်းနေအရွယ်ကလေးသူငယ်များနှင့်ပြည်သူများအား
မှုခင်းအသိပညာပေးဟောပြောပွဲယာဉ်ဖြင့်  စက်တင်ဘာ(၂၃)ရက်
နေ့တွင် ပြည်မြို့တွင်းသို့လိုက်လံဟောပြောပြသခဲ့ကြောင်း သိရသည်။

အဆိုပါ မှုခင်းကျဆင်းရေးဟောပြောရေးယာဉ်သည် ပဲခူးတိုင်းဒေသကြီး
တိုင်းရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှုဖြင့် စက်တင်ဘာ(၂၃)ရက်နေ့တွင် ပေါင်း
တလည်မြို့အနောက်ပိုင်းရပ်ကွက် ၊ ပေါင်းတလည်-ပေါက်ခေါင်းကားလ
မ်းဘေး၊ဇေယျမုနိဘုရားရှေ့တွင် မှုခင်းကျဆင်းရေးအသိပညာပေးခဲ့ရာ
ပေါင်းတလည်အ.ထ.ကမှ ဆရာ/ဆရာမများ(၂၅)ဦး ကျောင်းသား/သူ၊
အရပ်သားပြည်သူများလာရောက် ကြည့်ရှုနားထောင်ခဲ့ကြောင်းသိရသည်။

ထိုမှတဆင့် ပြည်မြို့ အမှတ်(၃)နယ်မြေရဲစခန်းအပိုင် ပြည်သာယာရပ်ကွက် ၊
အောင်ဆန်းအ.ထ.ကခွဲရှေ့တွင်လည်းကောင်း၊ခေတ္တရာမြို့သစ်ရပ်ကွက် ၊မူလ
ရွှေတံခါးလမ်း၊အ.ထ.က(၅)ကျောင်းရှေ့တွင်လည်းကောင်း ၊ရွှေကူရပ်ကွက်၊အ.
ထ.က(၁)ကျောင်ဝန်းတွင်လည်းကောင်း ၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊လက်
သမားလမ်းပေါ်၊မြို့မဈေးရှေ့တွင်လည်းကောင်း၊ဆင်စုရပ်ကွက်ပြည်-ရန်ကုန်
လမ်းဘေး ဒ.က.စ(ပြည်)နဝဒေးခန်းမတွင်လည်းကောင်း နှစ်ရက်တိတိ မှုခင်း
ကျဆင်းရေးအသိပညာပေးခဲ့ပြီး အဆိုပါယာဉ်၏အတွင်းအပြင်တွင် ယာဉ်တိုက်
မူဖြစ်စဉ်ကအခင်းဖြစ်ဓါတ်ပုံများ ၊မူးယစ်ဆေးဝါးသုံးစွဲသူများ၏ကျန်းမာရေးဆိုး
ကျိုးများ ၊လူကုန်ကူးမှုခံရသူများနှင့်လူကုန်းရန်မည်သို့စည်းရုံးခေါ်ဆောင်သည့်
ဓါတ်ပုံမှတ်တမ်းများ၊ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်သက်ဆိုင်သောဥပဒေ
မျာျးနှင့်အချက်ပြများအား ရှင်းလင်းဟောပြောပြခဲ့သည်။

ထို့နောက် မှုခင်းကျဆင်းရေးဟောပြောသည့်အဖွဲ့သည်ပြည်ခရိုင်ပန်းတောင်းမြို့
သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ







0 comments:

Post a Comment

Facebook Like Page