Friday, September 23, 2016

ပေါင်းတလည်မြို့တွင်လည်းထပ်မံဖမ်း ဆီးလိုက်တဲ့ကား ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

ပေါင်းတလည်မြို့တွင်လည်းထပ်မံဖမ်း
ဆီးလိုက်တဲ့ကား

ပေါင်းတလည် စက်တင်ဘာ(၂၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ပေါင်းတလည်မြို့
အနောက်ပိုင်းရပ်ကွက်တွင် စက်တင်ဘာ (၂၀)ရက်နေ့ နေ့လ
ည်(၂)နာရီအချိန်ခန့်တွင် လိုင်စင်မဲ့ကားတစ်စီးဖမ်းဆီးလိုက်ေ
ကြာင်းသိရသည်။

ပြည်မြို့နယ်၊ပေါင်းတလည်နယ်မြေရဲစခန်း အနောက်မြောက်
ဘက်(၃)ဖာလုံခန့်ပေါင်းတလည်မြို့၊ အနာက်ပိုင်းရပ်ကွက်၊
ဈေးပတ်လမ်းတွင် မော်တော်ယာဉ်အမှတ်-9e/7386အပြာ
ရောင် လိုင်စင်မဲ့ယာဉ်(၁)စီးရောက်ရှိနေကြောင်း ဖုန်းဖြင့်သ
တင်းပေးတိုင်ကြားချက်အရ အမှတ်(၁၃)ယာဉ်ထိန်းတပ်ဖွဲ့စု
(ပြည်) မှ ရဲအုပ်အောင်မျိုးဦး ၊ ပေါင်းတလည်နယ်မြေရဲစခန်းမှ
ခေတ္တနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး နိုင်ဝင်းတို့အဖွဲ့
သည် သက်သေများနှင့်အတူ ၄င်းမော်တော်ယာဉ်အား သွား
ရောက်စုံစမ်းခဲ့ရာ ပေါင်းတည်မြို့၊ အနောက်ပိုင်းရပ်ကွက်၊ဈေး
ပတ်လမ်းနေ ကိုမျိုးဇံဝင်း(၄၀)နှစ်၊အရောင်းအ၀ယ်လုပ်ကိုင်သူ ၏နေအိမ်တွင်တွေ့ရှိရသည်ဆို၏။

ထို့ကြောင့် ကိုမျိုးဇံဝင်း အား မော်တော်ယာဉ်လိုင်စင်နှင့် ပတ်
သတ်၍မေးမြန်းရာ အထောက်အထားတစ်စုံတစ်ရာပြသနိုင်
ခြင်းအရှိသဖြင့် ကညနတွင်တရားဝင်မှတ်ပုံတင်ထားခြင်းမရှိ
သောယာဉ်ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသည်ဟုရဲမှတ်တမ်း
အရသိရပြီး တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော မော်တော်
ယာဉ်အားလက်ဝယ်ထားသူ ကိုမျိုးဇံဝင်း အား  အရေးယူပေး
ပါရန် ရဲအုပ်အောင်မျိုးဦးမှတရားလိုပြုလုပ်တိုင်တန်းချက်အရ ပေါင်းတလည်နယ်မြေရဲစခန်း(ပ)၉၅/၂၀၁၆၊ ပို့/သွင်း ၈ဖြင့်
အမှုဖွင့် တို်င်ကာ အမှုအား ဒုရဲအုပ်ထွန်းထွန်းဦး မှလက်ခံစစ်
ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page