Sunday, September 11, 2016

အများကောင်းမှုပေါင်းစုကာလမ်းခင်းခဲ့ကျ ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

အများကောင်းမှုပေါင်းစုကာလမ်းခင်းခဲ့ကျ

ပြည် စက်တင်ဘာ(၁၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ဇီးအုပ်အုပ်စု
မြောင်းငယ်လှကျေးရွာအဝင်လမ်း ပျက်ဆီးနေသဖြင့်မြောင်း
ငယ်ကျေးရွာ မြောင်းငယ်လှကျောင်းတိုက်ဆရာတော်ဦးဝိမလ
မှမတည်လှူဒါန်းကာ ဒကာ ဒကာမအများကောင်းမှုဖြင့်ပေါင်းစု
၍ပျက်ဆီးနေသော ရွာအဝင်းလမ်းလေးအား ပြုပြင်မွမ်းမံခဲ့ကျ
ကြောင်းသိရသည်။

အဆိုပါ ပျက်ဆီးနေသောရွာအဝင်လမ်းအား ပြုပြင်ရန်မြောင်း
ငယ်လှဘုန်းကြီးကျောင်းမှဆရာတော်ဦးဝိမလ၏ဖြူစင်စိတ်ထား
မုဒိတာပွားပရဟိတအဖွဲ့မှမတည်အလှူငွေထည့်ကာ ကျေးရွာသူ
ရွာသားများ အများကောင်းမှုဖြင့် ကျောက်(၁၀)ကျင်း(၁)ကျင်းလျှင်
(၃)သောင်းခွဲကျပ် စုစုပေါင်း(၃)သိန်းခွဲအကုန်ကျခံကာပြုပြင်ခဲ့ပြီး
လမ်းပြုပြင်ရာသို့ ဆရာတော်နှင့်ဖြူစင်စိတ်ထား မုဒိတာပွားပရဟိ
အဖွဲ့ဝင်များ မြောင်းငယ်လှကျေးရွာသူ ကျေးရွာသားများ စုပေါင်း
ကာလုပ်အားပေးခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်စုံ





0 comments:

Post a Comment

Facebook Like Page