Friday, August 26, 2016

ပြည်မြို့ အထက်နိဗ္ဗိန္ဒကျောင်းသွားသည့် လမ်းဘေးတွင် အမျိုးသမီး သတ်သည့်ပြစ်မှုကျုးလွန်သူအား ပြည်မြို့မရဲစခန်းမှစုံစမ်းဖမ်းဆီးလျှက် ရှိကြောင်းသိရ

Leave a Comment

ပြည်မြို့ အထက်နိဗ္ဗိန္ဒကျောင်းသွားသည့် လမ်းဘေးတွင် အမျိုးသမီး
သတ်သည့်ပြစ်မှုကျုးလွန်သူအား ပြည်မြို့မရဲစခန်းမှစုံစမ်းဖမ်းဆီးလျှက်
ရှိကြောင်းသိရ

ပြည် သြဂုတ်(၂၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့၊နဝဒေးရပ်ကွက်ရှိ အထက်နိဗ္ဗိန္ဒကျောင်း
သွားသည့် လမ်းဘေး လမင်းရောင် စက်သုံးဆီဆိုင် အနောက် သြဂုတ်လ(၂၆)
ရက်နေ့ ည(၈)နာရီအချိန်ခန့်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှပြစ်မှုကျုးလွန်သူအား
ပြည်ခရိုင်ရဲတပ်ဖွဲ့နှင့်ပြည်မြို့မရဲစခန်းတို့ ပူးပေါင်း၍ လိုက်လံစုံစမ်းဖမ်းဆီးလျှက်ရှိ
ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်မြို့ ၊နဝဒေးရပ်ကွက် ၊ အထက်နိဗ္ဗိန္ဒကျောင်းသွားသည့် လမ်းဘေး
လမင်းရောင် စက်သုံးဆီဆိုင် အနောက်တွင် အမျိုးသမီးတစ်ဦး ဓါးဖြင့် ခုတ်ခံရ၍
ယာဘက်လက်မောင်ရင်းပြတ်ရှဒဏ်ရာ(၃)ချက်၊ဝဲလက်ဖျံအတွင်းဘက် ပြတ်ရှဒ
ဏ်ရာ(၂)ချက်၊ယာလက်ဖဝါးပြတ်ရှဒဏ်ရာ(၁)ချက်၊ယာနံဘေးထိုးသွင်းဒဏ်ရာ(၁)
ချက်ရရှိသဖြင့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်သေဆုံးခဲ့သည့်အမှုနှင့်ပတ်သက်
၍ မောင်ဖြစ်သူ ဇော်မင်းလတ်မှ တရားခံအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ပြ
ည်မြို့မရဲစခန်းသို့ တိုင်းတန်းသဖြင့် ပြည်မြို့မရဲစခန်း(ပ)၁၆၃၄/၂၀၁၆ ၊ရာဇသတ်ကြီး
ပုဒ်မ-၃၀၂ အရမှုဖွင့်စစ်ဆေးခဲ့ကြောင်း ကနဦးသိရသည်။

ထို့ကြောင့် တရားခံဖော်ထုတ်ဖမ်းဆီးရေးအတွက် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး
ကြီး မြင့်ကြည်၊ပြည်မြို့နယ် ရဲမှူးမောင်မောင်စိုးတို့သည် အမှုစစ် ပြည်မြို့မရဲစခန်းမှူး
ဒုရဲမှူးမျိုးမြင့်နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး အဖွဲ့များခွဲ၍ စုံစ
မ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူ မကေကေ(ခ)မအေလာဝင်းသည် ခင်ပွန်းဖြစ်သူ ဖိုးသား
ထူး(ခ)မျိုးညွန့်နှင့်အတူ ခင်ပွန်းသည်၏ မိဘများနေအိမ်ဖြစ်သော ပြည်မြို့၊ခေတ္တရာမြို့
သစ်ရပ်ကွက် အောင်သီရိရပ်ကွက်တွင် အတူနေထိုင်ကြောင်း၊သြဂုတ်လ(၂၆)ရက်နေ့
နေ့လည်(၃)နာရီ(၃၀)အချိနခန့်တွင် ခင်ပွန်းဖြစ်သူနှင့်စကားများရန်ဖြစ်ခဲ့ပြီး ၄င်း၏ညီမ
အရင်းဖြစ်သူ မဇင်ဖြူပြုံး နေထိုင်ရာ ပြည်မြို့၊ဆင်စုရပ်ကွက်၊ကမ်းနားလမ်းရှိနေအိမ်သို့
အဝတ်အစားအိတ်များယူဆောင်၍ သွားရောက်နေထိုင်ခဲ့ကြောင်း၊ညနေ(၆)နာရီ(၃၀)
အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူ ဖိုးသားထူး(ခ)မျိုးညွန့် မှအဆိုပါနေအိမ်သို့ဆိုင်ကယ်ဖြင့်
ရောက်လာကာ ဇနီးဖြစ်သူ မအေလာဝင်းအား ပြန်လည်ခေါ်ဆောင်သွားကြောင်း၊ဖိုး
သားထူး(ခ)မျိုးညွန့်သည် လာရောက်ခေါ်ဆောင်စဉ်က ရှပ်အကျီင်္အဖြူရောင်နှင့်ဂျင်း
ဘောင်းဘီအပြာရောင်အား ဝတ်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်ဟုဆို၏။

ထို့နောက်အခင်းဖြစ်နေရာရှိ လမင်းရောင်စက်သုံးဆီဆိုင် ရောင်းဝယ်ရေးမှ အလုပ်သ
မား သက်ဇင်ထွန်း ၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူမှအခင်းဖြစ်ပွားစဉ်က သေဆုံးသူ၏
“ကယ်ကြပါအုံး ….ကယ်ကြပါအုံး…”ဟုအော်ဟစ်သံကြားရ၍ သွားရောက်ကြည့်ရှု့စဉ်
ပြစ်မှုကျုးလွန်သူသည် ဆိုင်ကယ်နှင့်မောင်းနှင်ထွက်ပြေးသွားပြီားဘောင်ဘီအရှည်နှင့်
ရှပ်အကျီင်္အဖြူရောင်ဝတ်ဆင်ထားသည်ကိုတွေ့မြင်လိုက်ရကြောင်း ပြောပြချက်အရ ဖိုး
သားထူးဝတ်ဆင်ထားသည့် အဝတ်အစားများနှင့်တူညီနေကြောင်း တွေ့ရှိရသဖြင့် စစ်
ဆေးမေးမြန်းရန် ဖိုးသားထူး(ခ)မျိုးညွန့်အား လိုက်လံရှာဖွေသော်လည်းတွေ့ရှိရခြင်းမရှိ
ဘဲ တိမ်းရှောင်နေကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

သို့ပါသောကြောင့် အမှုနှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူသည် မအေလာဝင်း၏ ခင်ပွန်း
ဖိုးသားထူး(ခ)မျိုးညွန့် ဖြစ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပြီး ဖိုးသားထူး(ခ)မျိုးညွန့်
အား နယ်ထိန်းတပ်ဖွဲ့များ ၊ တကယ့်ဖြစ်ရပ်မှုခင်းသတင်းတာဝန်ခံနှင့်သတင်းထောက်များ
၊ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းအဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊
အမာခံသတင်းပေးများနှင့် ပူးပေါင်းရှာဖွေဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page