Monday, August 15, 2016

ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှစည်းကမ်းပျက်အရာရှိနှင့် ယာဉ်နောက်လိုက်အားအရေးယူ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှစည်းကမ်းပျက်အရာရှိနှင့်
ယာဉ်နောက်လိုက်အားအရေးယူ


ပြည် သြဂုတ်(၁၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွှေတစ်ချောင်းလမ်း
အမှတ်(၁)ရဲစခန်းရှေ့တွင် သြဂုတ်လ(၁၅)ရက်နေ့ နံနက်(
၉း၁၀)မိနစ်အချိန်ခန့်က ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှဒုခရိုင်
အုပ်ချုပ်ရေးမှူးသည် ၄င်းနောက်၌ဆိုင်ကယ်စီးဦးထုပ်ဆောင်း
ထားခြင်းမရှိသော အရပ်သားတစ်ဦးအားတင်ဆောင်လာပြီး
ယာဉ်စစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူအား မခြေမငံပြောဆိုခြင်း
နှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ဝန်ထမ်း
စည်းမျဉ်းစည်းကမ်းဥပဒေချိုးဖောက်ခြင်းတို့အားပြုလုပ်ခဲ့သဖြင့်
ပြည်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရအ
ရေးယူခဲ့ကြောင်းသိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ခရိုင်အုပ်ချုပ်ရေးရုံးမှဒုခရိုင်
အုပ်ချုပ်ရေးမှူးအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရအရေးယူခဲ့
ပြီး ဆိုင်ကယ်စီးနှင်းစဉ်နှင့်မောင်းနှင်စဉ်တွင်ဆိုင်ကယ်စီးဦးထုပ်
မဆောင်သူ စိုးထိုက်အောင်အား မော်တော်ယာဉ်ဥပဒေ ၅၄(ဃ)
/၆၂ အရပြည်အမှတ်(၁)ရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်ခဲ့
ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page