Monday, July 25, 2016

ပြည်မြို့တွင် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားမှု ဆက်လက်မြင့်တက်နေပြီး ကူးစက်မြန်ပြင်းထန် ၀မ်းရောဂါ ဖြစ်ပွားသူများ ထပ်မံတွေ့ရှိ

Leave a Comment

ပြည်မြို့တွင် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားမှု ဆက်လက်မြင့်တက်နေပြီး ကူးစက်မြန်ပြင်းထန် ၀မ်းရောဂါ ဖြစ်ပွားသူများ ထပ်မံတွေ့ရှိ

ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့တွင်း ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားမှု ဆက်လက်မြင့်တက် လျက်ရှိပြီး ကူးစက်မြန် ပြင်းထန် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများ ထပ်မံတွေ့ရှိနေကြောင်း သိရသည်။

ဇူလိုင် ၉ ရက်မှ စ၍ ပြည်ခရိုင်တွင်း ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု စတင်ဖြစ်ပေါ်ခဲ့ကာ ဇူလိုင် ၂၂ ရက်တွင် ၉၆ ဦး၌ ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွား သူ ၅၀ ဦးခန့် တစ်ဦးသေဆုံး ဇူလိုင် ၂၃ တွင် ၁၀၄ ဦး၊ ဇူလိုင် ၂၄ ရက်တွင် ၁၁၂ ဦး ဇူလိုင် ၂၅ ရက် နေ့လယ်အထိ ၁၁၉ ဦးထိ ရှိလာ ပြီးဖြစ်ကြောင်း ယင်းတို့အထဲတွင် ကလေးငယ်များလည်း ပါဝင်ကာ ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားသူများလည်း ထပ်မံတွေ့ရှိကြောင်း သိရသည်။

“ဒီနေ့မနက်မှာတင် လူကြီးငါးဦး ကလေး နှစ်ဦးမှာ ပြင်းထန်ကူးစက်က နှစ်ယောက်ပါလာတယ်။ ဖြစ်ပွားနေမှုတွေ အတွက် မနေ့ကလည်း တပ်မတော်သား ကိုယ်စားလှယ်ကို အကြောင်းကြားပါတယ်။ ဆင့်ကဲဆင့်ကဲ အကြောင်းကြားပြီး ဒီနေ့မနက်မှာလည်း တပ်မတော်သား ကိုယ်စားလှယ် အယောက် တစ်ရာလောက်နဲ့ ကျန်းမာရေးဘက်ကလည်း နေပြည်တော် တိုင်းကျန်းမာရေးက ဆရာကြီးတွေ ခရိုင်ကျန်းမာရေးနဲ့ ပေါင်းစပ်ပြီး ဒီရောဂါကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေပါတယ်။ လောလောဆယ်တော့ သေဆုံးသူ တစ်ဦးပဲ ရှိပါသေးတယ်။ စဖြစ်တဲ့အချိန်ကနေ ဒီနေ့ အထိပေါ့” ဟု ပြည်မြို့နယ်အမှတ် (၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ပြောကြားသည်။

လက်ရှိအချိန်ထိ ရောဂါအများဆုံး ဖြစ်ပွားနေရာ ပြည်မြို့၊ မကလာကုန်း ရပ်ကွက်အတွင်း ရေ၀ပ်နေရာများမှ ရေပုပ်များအား စုပ်ထုတ်ခြင်း ထပ်မံရေမ၀င် ရောက်နိုင်ရန် တမံဘောင်များဖို့ခြင်း၊ ယာယီဆေးခန်းများ ဖွင့်ခြင်း၊ ကယ်လိုရင်းခတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

“ဒီမှာ ၀ပ်နေတဲ့ ရေပုပ်တွေကိုဆယ် ထုတ်မယ်။ ဒီဘက်က ရေတွေလိုက်မသွား အောင်ကန့်ပြီး ရေပုပ်တွေ ထွက်သွားအောင် ဆယ်ထုတ်ပစ်မယ် မြန်မာ့တပ်မတော် မီးသတ်သန္ဓေ၊ အရန်၊ ကြက်ခြေနီ နယ်မြေခံ ပြည်သူတွေနဲ့ ၀ိုင်းဝန်းပြီးတော့ အကောင်ထည်ဖော် ဆောင်ရွက်ပြီးကာမှ ဒီနေရာမှာတင် မဟုတ်ဘဲ သဘာဝဘေး ဖြစ်တဲ့နေရာတွေမှာ ခရိုင်အုပ်ချုပ်ရေး၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံဥာဏ်တွေနဲ့ ၀ိုင်းဝန်းပြီး သဘာဝဘေးမှာ ကျန်းမာရေးလည်း ပါတာပေါ့။ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြည်ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော်က ပြောကြားသည်။

ရောဂါဖြစ်ပွားရာ နေရာများမှ မိသားစုဝင်များအား န၀င်းဝါဆိုကျောင်း ဓမ္မာရုံတွင်း ရွှေ့ပြောင်းနေရာချထားခြင်း၊ ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်သည့် အခြေအနေ ရောက်သည်အထိ ပြည်မြို့တွင်း မုန်ဟင်းခါးနှင့် လက်သုပ်ဆိုင်များ ၀မ်းနူးစေသည့် စားသောက်ဆိုင်များကို ပိတ်ခိုင်းထားခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

Eleven Media Group
Writer:
ဝေလင်း (ပြည်)

0 comments:

Post a Comment

Facebook Like Page