Tuesday, July 26, 2016

ပြည်မြို့ ပြင်းထန်ကူးစက်မြန် ၀မ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသည့် နေရာများသို့ ပဲခူးတိုင်းဝန်ကြီးချုပ် သွားရောက်ကြည့်ရှု - - - - - - - - - -

Leave a Comment



ပြည်မြို့ ပြင်းထန်ကူးစက်မြန် ၀မ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသည့် နေရာများသို့ ပဲခူးတိုင်းဝန်ကြီးချုပ် သွားရောက်ကြည့်ရှု
- - - - - - - - - -
သီဟလွင်( မြစ်မခ)
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ရှိ့ ပြင်းထန်ကူးစက်မြန်ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသည့် ဇစ်မြစ်နေရာဟု ယူဆရသောမလကာကုန်းရပ်ကွက် အတွင်းသို့ ယခုဇူလိုင်လ(၂၆)ရက်နေ့ ညနေ(၆)နာရီခန့်က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
“ဘယ်လိုဆောက်ရွက်ပေးရင်ကောင်းမလဲကလို့ ကျနော်တို့လာကြည့်တာသတင်းအချက်အလက် ကတော့ ကျနော်တို့ရပြီးသွားပြီ ကျန်းမာရေးနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကို လွှတ်ပေးထားတယ်။ နောက်ပြီးတော့ ဒီမှာရှိတဲ့ FDAကိုစစ်ခိုင်းထားတယ်။ ဒီမှာရှိတဲ့ရေတွေကို စစ်မယ်။ဓာတ်ခွဲခန်းက ရန်ကုန်မှာပဲရှိတာဆိုတော့ရန်ကုန်ကိုပို့ပြီးစစ်ဆေးခိုင်းဖို့တော့ရှိတယ်”ဟုပဲခူးတိုင်းဝန်ကြီးချုပ်ကပြောသည်။
လက်ရှိအချိန်ထိ ပြည်မြို့ထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက်ကုသသော
ဝမ်းပျက်ဝမ်းလျော လူနာ(၁၅၀)ဦးထိရှိနေပြီ တစ်ဦသေဆုံးခဲ့ကြောင်းသိရသည်။
Shwe Myitmakha Media Group
https://www.facebook.com/myitmakhanews




0 comments:

Post a Comment

Facebook Like Page