Thursday, July 21, 2016

မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း မီးအားမြှင့်စက်မှ ဝါယာရှော့ဖြစ်မီးလောင်ကျွမ်း ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း မီးအားမြှင့်စက်မှ
ဝါယာရှော့ဖြစ်မီးလောင်ကျွမ်း

သဲကုန်းမြို့နယ် ဇူလိုင်(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊သဲကုန်းမြို့နယ်၊အင်းမနယ်မြေရဲစခန်းအပိုင်
သီရိကန်သာရပ်ကွက်၊မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း
တွင် ဇူလိုင်(၂၁)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)အချိန်ခန့်၌ မီးလောင်မှုဖြစ်ပွား
ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း(အလျား၂၀
ပေ xအနံ ၅ ပေ)ကွန်ကရစ်(၁)ထပ်၊သွပ်မိုးကျောင်းဆောင် ဘုရားခန်းအတွင်း
ရှိ မီးအားမြှင့်စက်မှ ဝါယာရှော့ဖြစ်ပြီး ၄င်းအောက်ရှိ သစ်သားခုံအား အပူလွန်
ကဲလောင်ကျွမ်းပြီး ၄င်းမှတဆင့် အပေါ်(၂)တောင်အကွာခန့်ရှိ မိန်းပလပ်ခုံ
အားအပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းခဲ့ဟုသိရသည်။

အဆိုပါ ပါဠိတောရ မအူကန် ရွာဦးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ဥူံး
ဥာဏောဘာသ သက်တော်(၈၀)နှစ်သည် ကျန်းမာရေးမကောင်းသဖြင့် ကျေ
ာင်းနှင့်ကိုက်(၁၀၀) ခန့်အကွာရှိ သိမ်ကျောင်းတွင် ပြောင်းရွေ့သီတင်းသုံးလျှ
က်ရှိပြီး အဆိုပါကျောင်းတွင် ခန်းနေဆရာတော် ဦးခေမိန္ဒ သက်တော်(၃၁)နှစ်
သီတင်းသုံးနေထိုင်ရာမှ နံနက်(၆)နာရီအချိန်ခန့် ပြည်မြို့သို့ ဆေးကုသမှုခံယူ
ရန် သွားရောက်ခဲ့ပြီး ကျောင်းစောင့်အဖြစ် ကိုပေါက်(၄၅)နှစ်(ဘ)ဦးကျော်သိန်း
မအူကန်ရွာ သီရိကန်သာရပ်၊အင်းမမြို့၊သဲကုန်းမြို့နယ်နေသူအား ထားရှိခဲ့ချိန်
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

၎င်းမီးလောင်မှုကြောင့် လူနှင့်သံဃာတော်များ ထိခိုက်မှုမရှိသော်လည်းကျော
င်းဆောင်အတွင်းရှိ သစ်သားပလ္လင်(၂)လုံး၊ဗီဒို(၅)လုံး၊တီဗီ ၂၄ လက်မ(၁)လုံး၊
မက်တပ်ပန်ကာ(၃)လုံး၊ဘုရားကျောင်းဆောင်ခန်း(၁)ခန်း၊ဝတ္တူငွေ(၈)သိန်း၊ကွန်
ပျုတာ(၁)လုံး၊သင်္ကန်းမျိုးစုံ(၂၂)စုံ မီးလောင်ပျက်စီးခဲ့ပြီးပျက်ဆီးဆုံးရှုံးမှုတန်ဖိုး
မှ(၁၇၅၀၀၀၀ိ/)ကျပ်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော်နှင့်
တပ်ဖွဲ့ဝင်များ၊သဲကုန်း မီးသတ်ဦးစီးမှူးဦးဝေယံမြင့်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊
အင်းမအရန်မီးသတ်တပ်ဖွဲ့ဝင်များရွှေတောင်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ပု
တီးကုန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊သဲကုန်းမြို့နယ်မှူးနှင့်မြန်မာနိုင်ငံရဲတပ်
ဖွဲဝင်များ၊ခလရ(၈၀)မှ ဗိုလ်မှူးထိန်လင်းနှင်ပတပ်မတော်သားများ၊ပြည်သူများ 
စုပေါင်း၍ မီးသတ်ယာဉ်(၈)စီးဖြင့်ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်းသတင်းရရှိ
သည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



0 comments:

Post a Comment

Facebook Like Page