Saturday, May 28, 2016

သရက်မြို့က ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း

Leave a Comment



သရက်မြို့က ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း

 

သရက်၊မေ၊၂၇

 

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊သရက်မြို့၊ဈေးရပ်ကွက်တွင်ရှိသည့် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းတိုက်တွင် ဒေသခံကလေးသူငယ်တွေကို ယဉ်ကျေးလိမ္မာလာမှုရှိလာအောင် ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ သင်ကြားပေးတဲ့ သင်းတန်းလေးဖွင့်လှစ်ခဲ့တာ ၃၅ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် နှစ်စဉ်ကလေးသူငယ် ဦးရည်-၅၀ ကျော်တက်ရောက်သင်ကြားခဲ့ပြီး ယခုနှစ်မှာတော့ ဆရာမ ၄ ဦး နှင့် ကလေးသူငယ် ၅၂ ဦးတက်ရောက်သင်ကြားခဲ့တယ်လို့ သရက်မြို့နယ်သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူး ရွှေဘုံသာကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝိသုတသာရ က မိန့်ပါတယ်။

“နှစ်စဉ် ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ ကလေးတွေကိုယဉ်ကျေးလိမ္မာလာအောင်သင်ကြားပေးခဲ့တာ ၃၅ ကြိမ်ရှိပါပြီ။ အဓိကတော့ ကလေးငယ်တွေ ယဉ်ကျေးမှုရှိစေဖို့နဲ့ ဗုဒ္ဓဘယစယတရားတော်တွေသိရှိပြီး ဘာသာသာသနာ ပြန့်ပွားရန်အတွက်ပါ။” လို့ ဆရာတော်က မိန့်ပါတယ်။

 

အဆိုပါ သရက်မြို့ရှိ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်လျှက်ရှိသည့် ကလေးသူငယ် ၅၂-ဦးသည် မေ-၂၆ ရက်နေ့မှစတင်ကာ မေ ၂၈ ရက်နေ့အထိ မြန်မာစာ၊သင်္ချာ၊အင်္ဂလိပ်စာ နှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာဆိုင်ရာ စာပေသုတများအားနေ့အလိုက် စာမေးပွဲဖြေဆိုသွားမည်ဖြစ်ကြောင်းသိရပြီး ယခုကဲ့သို့ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများ မြန်မာပြည်အနှံ့ပေါ်ပေါက်လာမှုသည် အနာဂတ်ရင်သွေးငယ်များတွင် ဗုဒ္ဓဘာသာဆိုင်ရာ အသိပညာများထွန်းကား၍ ယဉ်ကျေးမှုအမွေအနှစ်တွေကိုထိန်းသိမ်းသွားနိုင်သည်ဟု သရက်မြို့နယ်သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူး ရွှေဘုံသာကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝိသုတသာရ ထံကသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ

 

ပြည်သတင်းလူငယ်-ပြည်သတင်း-၀၉၂၅၃၃၁၁၀၁၉


 

 

 

0 comments:

Post a Comment

Facebook Like Page