Friday, May 27, 2016

ဆိုင်ကယ် ကယ်ရီမောင်းသူအမျိုးသားတစ်ဦး သေဆုံးမှုအား ပြည်မြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ်နေ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ဆိုင်ကယ် ကယ်ရီမောင်းသူအမျိုးသားတစ်ဦး သေဆုံးမှုအား ပြည်မြို့မရဲစခန်းမှ
စုံစမ်းဖော်ထုတ်နေ

ပြည် မေလ(၂၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ ၊ ရွာဘဲရပ်ကွက်၊သန္ဓေပင်ရပ် ၊
နဝင်းဒေးလမ်းမပေါ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့်ဆိုင်ကယ်တိမ်းမှောက် သေဆုံးမှုအား ပြည်မြို့မရဲမှအမှုမှန်
ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ မေလ(၂၇)ရက်နေ့ ည(၁၁း၄၀)အချိန်ခန့် နဝဒေးလမ်းအတိုင်း
နဝဒေးကားကြီးဝန်းဘက်မှနဝဒေးတံတားဘက်သို့ သီးအေးလွင်(၅၆)နှစ်၊
(ဘ)ဦးထွေး၊ဆိုင်ကယ် ကယ်ရီမောင်း၊သရက်တောရပ်ကွက်၊ပြည်မြို့နေသူ
သည် ဆိုင်ကယ်အမှတ် မတလ/၁၂၂၅၃၃ Smash YANDE (၁၁၀)အနက်
ရောင်ဆိုင်ကယ်အား တစ်ဦးတည်းမောင်းနှင်လာစဉ် ပြည်မြို့ ၊ရွာဘဲရပ်ကွ
က်၊သန္ဓေပင်ရပ်၊ကသစ်ပန်းတည်းခိုခန်းအနီးအရောက် လမ်းယာဘက်ခြမ်း
တွင် ဆိုင်ကယ်တိမ်းမှောက်၍ ဦးအေးလွင်၏ဦး ခေါင်းနောက်စေ့ ဖူးရောင်ဒ
ဏ်ရာ ၊ယာဘက်လည်ပင်းတွင် ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာ
တွင်သေဆုံးကာ ဆိုင်ကယ်တွင် ဝဲ/ယာနောက်ကြည့်မှန်ကွဲ ၊ ဝဲလက်ကိုင်ပွန်း၊
ဝဲဒူးကာပွန်းသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ကြောင်း။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့အမှတ်(၁၃)ပြည်တပ်ဖွဲ့
စုမှ ရဲအုပ်အောင်မျိုးဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း
ယာဉ်(ပ)၃၆/၂၀၁၆ ၊ ပြစ်မှုပုဒ်မ ၃၀၄-ကအရအမှုရေးဖွင့်ပြီး အဆိုပါ ဦးအေး
လွင်သေဆုံးမှုအား အမှုမှန်ပေါ်ရန်အတွက် ဒုရဲအုပ်မြတ်သူစိုးမှ လိုက်လံစုံစမ်း
စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






0 comments:

Post a Comment

Facebook Like Page