Wednesday, May 25, 2016

ခေါင်းရင်းပြတင်းပေါက်တံခါးအား ဂျက်မချဘဲ အိပ်ယာဝင်ခဲ့သူအမျိုးသမီးတစ်ဦး လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုးဆွဲယူထွက်ပြေးခံရ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment



ခေါင်းရင်းပြတင်းပေါက်တံခါးအား ဂျက်မချဘဲ အိပ်ယာဝင်ခဲ့သူအမျိုးသမီးတစ်ဦး
လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုးဆွဲယူထွက်ပြေးခံရ

ပြည် မေ (၂၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် မေလ(၂၂)ရက်နေ့
(၁၀း၃၀)အချိန်ခန့်ခေါင်းရင်းပြတင်းပေါက်အား ဂျက်မချဘဲ အိပ်
ယာဝင်ခဲ့သူ အမျိုးသမီးတစ်ဦး လည်ပင်း၌ဆွဲထားသော ရွှေဆွဲ
ကြိုးဆွဲယူထွက်ပြေးခံရမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့မရဲစခန်းအရှေ့ဘက်(၂)မိုင်ခန့်၊ခေတ္တရာမြို့သစ်၊
ဧကရာဇ်လမ်း၊“ဂန့်ဂေါ်ရွှေ”အဆောင်၌ ပြည်ဆေးရုံကြီးတွင်ဖွင့်လှစ်
သော ဓါတ်ခွဲကျွမ်းကျင်သင်တန်းတက်ရောက်ရန် ငှားရမ်းနေထိုင်သော မစုသန္တာ(၁၈)နှစ်၊(ဘ)ဦးဇော်ဦး၊(တောင်ငူတက္ကသိုလ်အဝေးသင်၊တတိ

ယနှစ်၊အင်္ဂလိပ်စာ)သရက်အုပ်ကျေးရွာ၊ကြိမ်ခါးကုန်းအုပ်စု၊ကျောက်တံ
ခါးမြို့နယ်နေသူသာ် အဆောင်အောက်ထပ်တွင်တစ်ဦးတည်း ခေါင်း
ရင်းပြတင်းပေါက်အားချက်မချဘဲအိပ်ယာဝင်ခဲ့သည်ဆို၏။


ထိုသို့အိပ်ယာဝင်စဉ် ခေါင်းရင်းပြတင်းပေါက်သံတိုင်များစိုက်ထားသော 
အပေါက်မှမေလ(၂၃)နံနက်(၃း၁၅)အချိန်ခန့်တွင် ခေါင်းရင်းပြတင်းပေါက်
သံတိုင်ကြားမှလူတစ်ဦးသည် လည်ပင်းတွင်ဆွဲထားသော ရွှေ(၅)မူးသား
(ကာလတန်ဘိုး-၃၈၀၀၀၀ိ/-)ကျပ်ရှိရွှေဆွဲကြိုး(အပြား)အားလှမ်းဆွဲသဖြင့် 
မစုသန္တာမှာ မအော်မိဘဲ ရွှေဆွဲကြိုးအားပြန်လည်ဆွဲယူခဲ့ရာ ရွှေဆွဲကြိုး
အရှည်(၅)လက်မခန့်(ခန့်မှန်းတန်ဘိုး-၁၃၀၀၀၀ိ/-)မှာ ၄င်းဆွဲရာနောက်
သို့ပါသွားခဲ့ကြောင်း၊ရွှေဆွဲကြိုးဆွဲယူသူမှာထွက်ပြေးသွားသဖြင့် အခန်းတွင်း
စစ်ဆေးကြည့်ရာအိပ်နေသော ကုတင်ခေါင်းရင်းတွင်အားသွင်းထားသည့် 
HONOR (အဖြူရောင်)လက်ကိုင်ဖုန်း၊(တန်ဘိုး-၁၁၀၀၀၀ိ/-)နှင့်အနက်ေ
ရာင်ပိုက်ဆံအိတ်နှင့်အတွင်းတွင်ထည့်ထားသော ရွှေကွပ်ထားသော ကျော
က်စိမ်းလော့ကတ်သီး(၁)ခု၊(တန်ဘိုး-၂၀၀၀၀ိ/-)၊ငွေစက္ကူရောရာ(၅၆၃၀၀ိ/
-)၊မှတ်ပုံတင်ကဒ်(၁)ခုနှင့် ကျောင်းသားကဒ်(၁)ခုတို့ပပျောက်ဆုံးနေသည်ဟု 
ရဲမှတ်တမ်းများအရသိရသည်။


ထို့ကြောင့်ရွှေ/ငွေ ၊လက်ကိုင်ဖုန်းနှင့်ပစ္စည်းများခိုးယူသူအား စုံစမ်းဖော်
ထုတ်ပေးပါရန် မစုသန္တာ မှမေလ(၂၃)ရက်နေ့ နေ့လည်တွင် တရားလို
ပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း(ပ)၆၂၅/၂၀၁၆ ၊ပြစ်မှုပုဒ်မ
-၃၈၀ အရအမှုရေးဖွင့်ကာ အမှုမှပြစ်မှုကျုးလွန်သူအမြန်ဖမ်းဆီးရမိရေး
နှင့်အမှုမှန်ပေါ်ပေါက်ရေး ရဲအုပ်သန်းထွန်းအောင်မှလက်ခံစစ်ဆေးဆောင်
ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page