Saturday, April 23, 2016
ရွှေတောင်မြို့ ဈေးထဲရှိရွှေဆိုင်အား တူဖြင့်ထုရိုက်သူမှာ စိတ်မနှံ့သူ ဖြစ်သဖြင့် ရွှေဆိုင်ပိုင်ရှင်မှ အမှုမဖွင့်လိုကြောင်း သိရ
ရွှေတောင်မြို့ ဈေးထဲရှိရွှေဆိုင်အား တူဖြင့်ထုရိုက်သူမှာ စိတ်မနှံ့သူ
ဖြစ်သဖြင့် ရွှေဆိုင်ပိုင်ရှင်မှ အမှုမဖွင့်လိုကြောင်း သိရ
ရွှေတောင်မြို့ ဧပြီ (၂၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊ ရွှေတောင်မြို့မ
ရဲစခန်းအနောက်ဖက်(၁)ဖာလုံခန့် အကွာ ယွန်းတန်းရပ်ကွက်၊ရွှေေ
တာင်မြို့ မှ ဈေးအတွင်းရှိ “ကောင်စံ”ရွှေဆိုင်အား စိတ်မနှံ့သူအမျိုးသား
(၁)ဦးမှဧပြီလ(၂၁)ရက်နေ့ နေ့လည်(၁၁း၄၅)အချိန်ခန့် ရွှေဝယ်ယူမည်
ဟုပြောဆိုပြီး ရွှေဆိုင်အားတူ ဖြင့်ထုရိုက်မှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ကိုအောင်ကိုမြင့်(စိတ်မနှံသူ)(၂၉) နှစ်(ဘ)ဦးတင်ရွှေ၊ကျဘမ်း
လုပ်၊ ထန်းလုံးချောင်းကျေးရွာ၊ သာစည်ကုန်းအုပ်စု၊ရွှေတောင်မြို့ နယ်နေ
သူသည် ရွှေတောင်မြို့ မ ဈေးအတွင်းလှည့်လည်ကြည့်ရှရင်း၊ဒေါ်အေးေ
ကျာ့ စံ (၄၄) နှစ်(ဘ)ဦးအေးလွင် ၊ ဈေးရောင်း ၊ဆေးရိုးတန်းလမ်း ၊ ကြာ
နီကန်ရပ်ကွက် နေသူပိုင်သော ကောင်းစံရွှေဆိုင်သို့ ရောက်ရှိပြီး ၊ နားက
ပ်ဝယ်ယူလိုကြောင်းပြော၍ ဆိုင်ရှင်ဒေါ်အေးကျော့ စံမှ မည်သည့်နားကပ်
ဝယ်ယူမလည်းဟုမေးရာ ကိုအောင်ကိုမြင့်မှာ ကြိုက်တဲ့ နားကပ်ပြဟု ပြန်
ပြောသဖြင့်နားကပ်(၁)ရံအား ထုပ်ပြခဲ့ ကြောင်း ။
ထို့နောက် ကိုအောင်ကိုမြင့်မှာ နားကပ်အားကြည့်ရှပြီး မကြိုက်ကြောင်း
နှင့်နောက်ထပ် နားကပ်(၁)ရံ ထပ်ပြရန်ပြောရာ ဆိုင်ရှင်မှနားကပ်ဝယ်
ဖို့  ပိုက်ဆံပါလားဟု မေးမြန်းခဲ့ကြောင်း၊ ကိုအောင်ကိုမြင့်မှ ပိုက်ဆံကို
နောက်လူလာရှင်းပေးမည့်ဟုပြန်ပြောသဖြင့် ဆိုင်ရှင်မှကိုအောင်ကိုမြင့်
၏ ပုံစံမှာမူမှန်သဖြင့် သူမ၏လက်ကိုင်ဖုန်းအား ဆိုင်အတွင်းရှိ ပန်းတိမ်
ဆရာ ကိုရဲအောင်(၃၉) နှစ်(ဘ) ဦးထိန်ဝင်း ၊ ရွှေပန်တိမ်လုပ်၊ကြာနီကန်
လမ်း ၊ကြာနီကန်ရပ်ကွပ်၊ ရွှေတောင်မြို့ နယ်နေသူထံပေး၍ ရဲစခန်းသို့ အ
ကြောင်းကြားရန် ပြောခဲ့ ကြောင်း၊ကိုရဲအောင်မှရဲစခန်းသို့ ဖုန်းဆက်အ
ကြောင်းကြားနေစဉ် ကိုအောင်ကိုမြင့်မှ ငါ့အကြောင်း သိမည်ဟုပြောကာ
၎င်းလွယ်ထားသည်လွယ် အိတ်အတွင်းမှ တူ(၁)ချောင်းအားထုတ်၍ ရွှေ
ထည့်ထားသည့် မှန်ပုံး ၏ ရှေ့မျက်နှာစာ မှန်အား ထုရိုက်ခဲ့ ရာ မှန်ပုံးအပ်
သွားခဲ့ ကြောင်း ။
ထိုအချိန် ဆိုင်အတွင်းရှိ ပန်းတိမ်းဆရာ ကိုရဲအောင်မှ ကိုအောင်ကိုမြင့်
အားဝင်ရောက်လုံးထွေးဟန့် တားစဉ် ကိုအောင်ကိုမြင့် လက်ထဲကိုင်ေ
ဆာင်ထားသော တူမှာအရိုးကျွတ်၍ ကိုရဲအောင်၏ ၀ဲဘက် ခြေမျက်စိ
အပေါ်ကျသွားခဲ့ကြောင်း၊ဘေးပါတ်ဝန်းကျင်ရှိ လူများမှဝိုင်းဝန်းထိန်း
သိမ်းနေစဉ် (၁၁း၅၀) အချိန် ရွှေတောင်မြို့ မရဲစခန်းမှ န/ထ ခေါင်းေ
ဆာင် ဒုရဲအုပ်သော်ဇင် ဦးစီး၍ ရဲတပ်ဖွဲ့ဝင်(၇)ဦးတို့  ရောက်ရှိလာပြီး
ကိုအောင်ကိုမြင့်အား ဖမ်းစီးကာ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည် ။
ထို့နောက် ရဲစခန်းသို့  ရောက်ရှိပြီး စစ်ဆေးခဲ့ ရာ ကိုအောင်ကိုမြင့်မှာ
စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း သိရှိရပြီး ၄င်း၏အုပ်ထိမ်းသူဒေါ်ဝင်းကြည်
(အဒေါ်တော်စပ်သူ) (၆၁) နှစ် (ဘ) ဦးမောင်မောင်၊ ကျဘမ်းလုပ် ထန်း
လုံးချောင်းကျေးရွာ၊ သာစည်ကုန်းအုပ်စု ၊ရွှေတောင်မြို့နယ်နေသူထံ
ဆက်သွယ်ခဲ့ ရာဒေါ်ဝင်းကြည်နှင့် သာစည်ကုန်ကျေးရွှာ အုပ်ချုပ်ရေး
မှုးဦးသန်းဝင်း သာစည်ကုန်းကျေးရွှာ /အုပ်စု၊ရွှေတောင်မြို့နယ်နေသူ
တို့ ရောက်ရှိလာပြီး ကိုအောင်ကိုမြင့်အား စိတ်ကျန်းမာရေးဆေးရုံသို့  ပို့ ဆောင်၍ ဆေးကုသမည်ဖြစ်ကြောင်းနှင့် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ေ
အးကျော့ စံ မှလည်း ကိုအောင်ကိုမြင့်မှာ စိတ်မနှံသူ(၁)ဦး ဖြစ်သဖြင့်
အမှုဖွင့်ဆောင်လိုသည့် ဆန္ဒမရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
0 comments:
Post a Comment