Thursday, March 31, 2016

သမ္မတသစ် နှင့် အစိုးရသစ်အား ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဂုဏ်ပြုကြိုဆိုထောက်ခံပွဲကျင်းပပြုလုပ်ခဲ့

Leave a Comment


  
 
သမ္မတသစ် နှင့် အစိုးရသစ်အား ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဂုဏ်ပြုကြိုဆိုထောက်ခံပွဲကျင်းပပြုလုပ်ခဲ့

ပြည်၊မတ်၊၃၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS) မိသားစုဝင်များမှ မတ်လ ၃၀-ရက်နေ့မှာ အာဏာလွဲပြောင်းခြင်းခံရသည့် သမ္မတသစ် နှင့် အစိုးရသစ်အဖွဲ့အား လှိုက်လဲကြိုဆိုထောက်ခံပွဲအား မတ်လ ၃၁-ရက်နေ့ နံနက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် နှင့် အစိုးရအသစ်တို့အားကြိုဆိုဂုဏ်ပြုထောက်ခံပွဲအား ပြည်ခရိုင်နိုင်ငံရေးအကျဉ်းစားဟောင်းများအဖွဲ့၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊စိတ်ပါဝင်စားသူ ပြည်သူများမှ ၄င်းထောက်ခံကြိုဆိုဂုဏ်ပြုပွဲသို့တက်ရောက်ခဲ့ကြောင်းသိရသည်။


“ပြည်သူတွေ ရွေးချယ်ခဲ့လို့ အခုလို သမ္မတစနစ်မျိုးက ၁၉၆၂ ခုနှစ်ကတည်းက ဆိတ်သုဉ်းသွားခဲ့ရတာ။ကျွန်တော်တို့အိမ်မက်တွေ တစ်ရေးနိုးအိမ်မက်ဖြစ်လာပါပြီ။မိုးလင်းအိမ်မက်ကတော့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကိုသွားနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ပါတယ်။အဲဒိအတွက်ကြောင့်လည်း ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေက ကျရာနေရာက ပါဝင်သွားမှာပါ။” ဟု ပြည်ခရိုင် နိုင်ငံရးအကျဉ်းသားဟောင်း ဦးကျော်ဆန်း ကပြောသည်။

အဆိုပါ နိုင်ငံတော်သမ္မတသစ် နှင့် အစိုးရသစ်ကြိုဆိုထောက်ခံဂုဏ်ပြုပွဲအား ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးတင်မြင့် ၏နေအိမ်ရှေ့တွင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။


“ပြည်သူရဲ့အာဏာ လက်ဝယ်ရပြီဆိုတဲ့အနေနဲ့ အခုသမ္မတသစ်ကိုလည်း ကြိုဆိုတယ်။အစိုးရသစ်ကိုလည်းကြိုဆိုတယ်။ပြည်သူဆန္ဒနဲ့တစ်ထပ်တည်းကျနေတဲ့ နိုင်ငံတော်သစ်ရဲ့ ပထမဆုံးခြေလှမ်းလည်း ဖြစ်တဲ့အတွက်ကြိုဆိုထောက်ခံတာပါ။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ လူ့ဘောင်သစ်ပါတီ မှ ဦးဝဏ္ဏ ကပြောသည်။

အဆိုပါအခမ်းအနားတွင် ခေတ်အဆက်ဆက်မှ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီတိုက်ပွဲဝင်ရင် အသက်ပေးလှူသွားရသည့် ရဟန်းရှင်လူကျောင်းသားပြည်သူမျာအား ဦးညွှတ်အလေးပြုခြင်းများပါကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှီ ခရီးသွားပြည်သူများ နှင့် လမ်းသွားလမ်းလာများအား အအေးဒါနအလှူများပြုလုပ်ခဲ့ကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

နှင့် 

 ပြည်သတင်းလူငယ်(ပြည်သတင်း) 09253311019



 

0 comments:

Post a Comment

Facebook Like Page