အရှေ့တောင်အာရှရှိ ရှေးအကျဆုံးစေတီတော်များအနက်မှ တစ်ဆူဖြစ်သည့် ဘောဘောကြီးစေတီတော်
CREDIT TO >> http://sriksetraheritagezone.wordpress.com/
သရေခေတ္တရာ မြို့ဟောင်း၏ အနောက်တောင်ဘက်တွင် တည်ရှိပါသည်။ အရှေ့တောင်အာရှရှိ အစောဆုံးသော စေတီတော်များအနက်မှ တစ်ဆူဖြစ်သည်။ ဘောဘောကြီးစေတီတော်၏ ဥာဏ်တော်မှာ အမြင့်ပေ (၁၅၃)ပေ၊ လုံးပတ်တော် (၂၁၀) ပေ ရှိပါသည်။ အေဒီ (၅)ရာစုထက်မစောပေ၊ အေဒီ (၆)ရာစုနှင့် (၇)ရာစုထက်လည်း မနောက်ကျသောပျူခေတ်လက်ရာ စေတီတစ်ဆူဖြစ်ပါသည်။ စေတီအတွင်းချန်လှပ်ထားသည့် နေရာမှအပ အုတ်အပြည့်စီထားသော ထုလုံးရှည် (ဆလင်ဒါပုံသဏ္ဍာန်) အုတ်စေတီ ဖြစ်ပါသည်။ ပစ္စယာ(၅)ဆင့်ခံ၍ တည်ထားသည့် မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော စေတီတော်များ၏ ရှေ့ပြေး ပုံစံဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဆာရ်နက်အရပ်ဒေသရှိ ဓမ္မိတ်စေတီ၊ အသောကမင်းကြီး၏ ကောင်းမှုတော် ဆန်ချီစေတီနှင့် သွင်ပြင်ပုံစံ ဆင်တူသည်။ သရေခေတ္တရာ အစောပိုင်းကာလတွင် တည်ထားခဲ့ပြီး မြန်မာနိုင်ငံ၏ အစောဆုံးနှင့် ရှေးအကျဆုံး စေတီဖြစ်ကာ၊ ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ကောင်းမှုတော်စေတီ (၉)ဆူအနက် တစ်ဆူဖြစ်ပြီး၊ မြတ်စွာဘုရားရှင်၏ ဓါတ်တော်၊ မွေတော်များ ဋ္ဌာပနာထားကြောင်း မြန်မာရာဇ၀င်ကျမ်းအချို့တွင် ဖော်ပြပါရှိသည်။
http://sriksetraheritagezone.wordpress.com/

0 comments:
Post a Comment