Saturday, April 2, 2016

ပြည်မြို့တွင် နံနက်လင်းအားကြီးချိန် အမှုတွဲများထားသည့်ရုံး နှင့် ကူရှင်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့

Leave a Comment


ပြည်မြို့တွင် နံနက်လင်းအားကြီးချိန် အမှုတွဲများထားသည့်ရုံး နှင့် ကူရှင်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့



ပြည်၊ဧပရယ်၊၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ပြည်မြို့တွင် ၂.၄.၂၀၁၆ ရက်နေ့ နံနက် ၃နာရီ ၂၅ မိနစ်အချိန်ခန့်တွင် လမ်းရှည်လမ်း နှင့် ဆွေးနွေးဘုရားလမ်းထောင့် နှင့် ကမ်းနားလမ်း တိုင်းရင်းဆေးရုံရှေ့တွင် တစ်ချိန်တည်းနှစ်နေရာ မီးလောင်မှုဖြစ်ပွားသွားကြောင်းသိရသည်။
...
အဆိုပါမီးလောင်မှုမှာ တစ်နေ့တည်း နှစ်ချိန်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်မြို့လမ်းရှည်လမ်း နှင့် ဆွေးနွေးဘုရားလမ်းထောင့်ရှိ ရန်ကုန်မောင်မောင် ကူရှင်ဆိုင် နှင့် ကမ်းနားလမ်းရှိ တရားဌာန အမှုတွဲခန်း (ရုံးအဟောင်းကြီး)မျက်နှာစာဘက်တွင်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရသည်။
“မီးကတစ်ချိန်တည်းမှာ နှစ်နေရာလောင်တာ။ထူးဆန်းတာက လောင်တဲ့နေရာနှစ်ခုလုံးမှာ လူမနေဘူး။ အမှုတွဲခန်းကတော့ အချိန်မှီရောက်လို့ မီးဆိုးဆိုးရွားရွားလောင်တာမရှိပါဘူး။အမှုတွဲခန်းမှာလောင်တဲ့မီးက လူတစ်ယောက် ဓါတ်ဆီကိုဖြန်းပြီး မီးရှို့တယ်လို့တော့ပြောနေကြတာပဲ။ဘယ်သူမှတော့ဖမ်းဆီးတာ ဖမ်းမိတာမကြားမိဘူး။မီးလောင်မှုတွေမကြာခဏဖြစ်နေတော့ ကိုယ့်အိမ်မှာကိုယ်နေရတာတောင်ကြောက်လာပြီ။ရိုးသားတဲ့မီးမဟုတ်တာတော့ကျိန်းသေတယ်။မီးဘေးအန္တရာယ်ကို လူတိုင်းသတိထားသင့်ပါတယ်။” ဟု အဆိုပါမီးလောင်ပြင်တွင် လာရောက်ခဲ့သည့် ပြည်မြို့ဒေသခံ ကိုဇော်မင်း ကပြောသည်။
အဆိုပါ မီးလောင်မှုနှစ်ခုကြောင့် ပြည်မြို့ပေါ်ရှိ အရံမီးသတ်ကား ၁၀-စီးခန့် နှင့် ဗဟိုမီးသတ်မှ မီးငြိမ်းသတ်ယာဉ် ၄-စီး စုစုပေါင်း ၄င်းမီးလောင်မှုကြောင့် မီးငြိမ်းသတ်ယာဉ် ၁၄-စီးခန့် မီးငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။
“မီးလောင်မှုတစ်ခုဖြစ်ရင် ကျွန်တော်တို့ကအချက်လေးချက်နဲ့စတင်စစ်ဆေးတယ်။ရိုးရိုးမီး၊လျှပ်စစ်မီး၊ဂစ်မီး၊ဆီမီးဆိုပြီးစစ်ဆေးပါတယ်။ရှို့မီးလို့လည်းတိုက်ရိုက်မပြောနိုင်ပါဘူး။သက်သေခံ လူသတ်သေ၊ပစ္စည်းသက်သေ၊သက်မဲ့သက်သေ၊ပါတ်ဝန်းကျင်သက်သေမရှိဘူး။နှစ်ခုစလုံးမီးလောင်မှုမှာ လူမနေဘူး။မဆင်မခြင်ပေါ့ဆမီးနဲ့ ရန်ကုန်မောင်မောင် ကူရှင်ဆိုင်က ဆိုင်ရှင် နဲ့ အိမ်ရှင်ကိုတရားစွဲဆိုထားပါတယ်။မီးလောင်မှုတိုင်းဟာ နွေရာသီမှရယ်မဟုတ်ပါဘူး။ဥတုသုံးချိန်စလုံးမှာလောင်ကျွမ်းနိုင်တာကြောင့် မီးဂရုစိုက်ကြပါတယ်။”ဟု ပြည်ခရိုင် မီးသတ်ဦးစီးဌာန ဗဟိုမီးသတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော် ကပြောသည်။
အဆိုပါမီးလောင်မှုများမှာ ပြီးခဲ့သည့် ဇန်န၀ါရီလမှစတင်ကာ ယခု ဧပရယ်လအစပိုင်းအတွင်း ၁၄-ကြိမ်ခန့် ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး လေးသိန်းကျပ်ခန့်သာရှိကြောင်း ဗဟိုမီးသတ်ဦးစီးဌာနမှသိရသည်။ယခုဖြစ်ပေါ်ခဲ့သည့် မီးလောင်မှုနှစ်ခုထဲမှ လမ်းရှည်လမ်း နှင့် ဆွေးနွေးဘုရားလမ်းထောင့်ရှိ ရန်ကုန်မောင်မောင် ကူရှင်ဆိုင်မီးလောင်မှုအား ပေါ့ဆမီးအနေဖြင့် ဦးဇော်မျိုးထက် နှင့် ဦးမောင်မောင် နှစ်ဦးတို့အား ပုဒ်မ-(၂၈၅)-ပ/၂၆၆/၂၀၁၆ ဖြင့် မီးသတ်ဦးစီးဌာန(ပြည်ခရိုင်)ဗဟိုမီးသတ်မှ အမှုဖွင့်အရေးယးဆောင်ရွက်ထားလျှက်ရှိကြောင်းသိရသည်။
K3(pyay) ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
09-253311019



 

0 comments:

Post a Comment

Facebook Like Page