Saturday, March 26, 2016

ပြည်မြို့ ခေတ္တရာရပ်ကွက် သန့်ရှင်းသာယာရေး ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်သိမ်းမည်

Leave a Comment


ပြည်မြို့ ခေတ္တရာရပ်ကွက် သန့်ရှင်းသာယာရေး ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်သိမ်းမည်


ပြည်မြို့ ခေတ္တရာမြို့သစ် ရပ်ကွက် သန့်ရှင်းသာယာရေးအ တွက် ရပ်ကွက်အတွင်းရှိ အမှိုက် များကို ကိုယ်ထူကိုယ်ထ အမှိုက် သိမ်းယာဉ်ဖြင့် အခမဲ့သိမ်းဆည်း မည်ဖြစ်ကြောင်း ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အမှိုက်သိမ်းယာဉ်ကို ရပ် ကွက်အတွင်းရှိ ရပ်မိရပ်ဖများနှင့် စေတနာရှင် ပြည်သူ ၄၀ ဦးက ကိုယ်ထူကိုယ်ထ ၀ယ်ယူကာ ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ယူပြီး အမှိုက်သိမ်း မည်ဖြစ်ကြောင်း ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသန်းဝင်းက ပြောကြားသည်။
‘‘အမှိုက်သိမ်းယာဉ်အနေနဲ့ ဦးစွာအမြင်မတော် ညစ်ပတ်နေ တဲ့ အမှိုက်ပုံကြီးတွေကို အရင် ရှင်းမယ်။ ပြီးရင် မြို့နယ်စည်ပင် က လာရောက်သိမ်းယူတဲ့ ရက် မဟုတ်တဲ့နေ့တွေမှာ လမ်းတွေထဲ အထိ သိမ်းယူပေးဖို့ စီစဉ်ထားပါ တယ်။ အဓိကကတော့ ကိုယ့်ရပ် ကွက်၊ ကိုယ့်ဒေသသန့်ရှင်းသာ ယာဖို့ ရပ်ကွက်က တာဝန်ရှိသူ တွေက ဆောင်ရွက်ပေးတာပါ။ မတ်လ ၁၉ ရက်ကစပြီး အမှိုက်ပုံ ကြီးတွေကို စတင်ရှင်းလင်းနေပါပြီ’’ဟု ဦးသန်းဝင်းက ပြောကြား သည်။
အမှိုက်သိမ်းယာဉ်မှာ ယာဉ် အဟောင်းကို ပြန်လည်ဝယ်ယူ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ကျပ်သုံး ဆယ့်ရှစ်သိန်းခန့် ကုန်ကျခဲ့ ကြောင်း၊ ရပ်ကွက်သန့်ရှင်းသာ ယာလှပရေးအတွက် အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ရန် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးအား အခကြေးငွေပေးနိုင်ရေးအတွက် ရပ်ကွက်ရှိ ရပ်မိရပ်ဖ၊စီးပွားရေး လုပ်ငန်းရှင်များစုဖွဲ့ကာ ရန်ပုံငွေတည်ထောင်မည်ဖြစ် ကြောင်း ခေတ္တရာရပ်ကွက် အုပ် ချုပ်ရေးမှူးရုံးမှ သိရသည်။
‘‘ဒီလိုမျိုး ကိုယ်ရပ်ကွက်၊ ကိုယ့်ဒေသသန့်ရှင်းဖို့ကို ကိုယ်ထူ ကိုယ်ထ အမှိုက်သိမ်းကားဝယ် ပြီး လုပ်ဆောင်ကြတာ မရှိသ လောက်ပဲ။ စည်ပင်ကို အခွန်ပေး နေရလို့ စည်ပင်ကသိမ်းတာစောင့် နေပြီး တချို့ဆို အမှိုက်တွေ များ နေတာတို့၊ စည်းကမ်းမဲ့စွန့်ပစ်ကြ တော့ သန့်ရှင်းမှုအားနည်းတာ တွေကြုံရတယ်။ အဲဒီလိုမျိုးမဖြစ် အောင် ရပ်ကွက်ကနေ ကိုယ်ထူ ကိုယ်ထ အမှိုက်သိမ်းကားနဲ့ သန့် ရှင်းအောင် ဆောင်ရွက်တာ ဂုဏ် ယူစရာကောင်းပါတယ်’’ဟု ခေတ္တရာရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဇော်မင်းထိုက်( 7 day Daily)
ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

0 comments:

Post a Comment

Facebook Like Page