Thursday, January 7, 2016

ကုလားပဲဘိုးငွေများလိမ်လည်ရယူသွားသူအား အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားထားကြောင်းသိရ ပြည့်သဲမောင်(ပြည်)

Leave a Comment

ကုလားပဲဘိုးငွေများလိမ်လည်ရယူသွားသူအား အရေးယူပေးပါရန်
အမှုဖွင့်တိုင်ကြားထားကြောင်းသိရ

ပြည် ဇန်နဝါရီ (၆) ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ၊ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ကန်လမ်းနေ
ဦးဌေးအောင်(ခ)ဦးကိုဌေး ဆိုသူမှကျောင်းကြီးအိုးတန်းရပ်ကွက်၊လမ်းမတော်လမ်း
ရှိ”ကျော်”ပဲ၊နှမ်း ၊သီးစုံရောင်းဝယ်ရေးပိုင်ရှင်ဖြစ်သူအား ကုလားပဲအိတ်(၃၅၀)အိတ် အတွက်တန်ဘိုးငွေတွက်ချက်ရှင်းလင်းမပေးသဖြင့် ဇန်နဝါရီ(၂)ရက်နေ့တွင်အမှုဖွင့်  
တိုင်တန်းခဲ့ကြောင်းသိရသည်။
အမှုမှာ ၂၀၁၅ခုနှစ်၊အေပီ(၃၀)ရက်နေ့တွင် ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊
ကန်လမ်းနေ ဦးဌေးအောင် (ခ)ဦးကိုဌေး(ဘ)ဦးအုန်းကျော်၊ကုန်သည်လုပ်သူသည် ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊လမ်းမတော်လမ်း ရှိ”ကျော်”ပဲ၊နှမ်း၊သီးစုံ
ရောင်းဝယ်ရေးပိုင်ရှင်ဖြစ်သူ ဦးဖိုးကျော်နှင့်ဇနီးဖြစ်သူဒေါ်လှလှဦး တို့ထံတွင်
ကုလားပဲ တစ်တင်းခွဲအိတ်(၃၅၀)အိတ်အား တစ်တင်းလျှင်(၂၀၀၀၀ိ/)ဖြင့်ငွေ
ကျပ်သိန်း(၉၀)ဘိုးဝယ်ယူပြီး ၄င်းတို့ထံ တွင်ပြန်လည်အပ်နှံထားရှိခဲ့ကြောင်း၊
၂၀၁၅ စက်တင်ဘာ(၁၀)၇က်နေ့တွင် ကုလားပဲအိတ်(၃၅၀)အား တန်ဘိုး
တွက်ချက်ရှင်းလင်းပေးရန်ပြောဆိုရာ ဦးဖိုးကျော်နှင့်ဇနီးဒေါ်လှလှဦးတတို့မှ
တစ်တင်းလျှင်(၃၁၃၀၀ိ/)ဖြင့်ဈေး ဖြတ်ပြီး တန်ဘိုးငွေ(၁၆၄၃၂၅၀၀ိ/)အား
၃၁.၉.၂၀၁၅ ရက်နေ့တွင် အကျေပေးချေမည်ဟုပြောဆိုသဖြင့် ချိန်းဆို ရက်တွင်သွားရောက်တောင်းသောအခါအကြောင်း အမျိုးမျိုးပြလိမ်လည်
ပြောဆိုနေခဲ့ကြောင်း၊ထို့နောက်၂၀၁၅ ဒီဇင်ဘာ (၂၁)ရက်နေ့တွင်ထပ်မံ
တောင်းခံရာ ဦးဖိုးကျော်နှင့်ဒေါ်လှလှဦးတို့မှာထွက်ပြေးတိမ်းရှောင်သွား
သဖြင့် အရေးယူပေးပါရန် ရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ကြောင်း
ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
ထို့ကြောင့်အမှုနှင့်ပတ်သက်ပြီး ဦးဌေးအောင်(ခ)ဦးကိုဌေးမှကုလားပဲဘိုး
ငွေများအားလိမ်လည်ရယူသွားသူ ဦးဖိုး ကျော် နှင့်ဒေါ်လှလှဦးအားအရေး
ယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းချက်အရ ပြည်အမှတ်(၁)နယ်မြေ 
ရဲစခန်း(ပ)၃/၂၀၁၆၊ပြစ်မှုပုဒ်မ-၄၂၀ ဖြင့်အမှုရေးဖွင့်ပြီး အမှုအား ရဲအုပ်
ခင်ဝင်းထွန်းမှလက်ခံစစ်ဆေးလျှက်ရှိ ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883


ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page