Thursday, January 21, 2016

ဖိတ်​ကြားစာ

Leave a Comment

ဖိတ်ကြားစာ

ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်း တို့မှ ကြီးမှူးကျင်းပသော
စတုတ္ထကြိမ်မြောက် #ICT & Mobile Exhibition Pyay ဈေးရောင်းပွဲတော်ကြီး နှင့် Short Message ပြိုင်ပွဲကြီး ကို ပြည်မြို့တွင် ကျင်းပမည်။ (Short Message ပြိုင်ပွဲဆိုသည်မှာ သတ်မှတ်ထားသော ဖုန်းနံပါတ်သို့ သတ်မှတ်ထားသော စာသားများအား အမှန်ဆုံးနှင့် အမြန်ဆုံးပို့နိုင်သူကို ဆုချီးမြင့်မည့် ပွဲဖြစ်ပါသည်။ ပွဲစဉ် (၅)ပွဲသတ်မှတ်ထားပြီး ပွဲစဉ်တိုင်းတွင် အနိုင်ရရှိသူများအား တစ်သိန်းထက်မနည်းသော Hand Set များ ချီးမြင့်သွားမည်။ ဖိုင်နယ်တွင်အနိုင်ရသူအား ၂သိန်း ထက်မနည်းသော ပစ္စည်းထပ်မံ ဆုချပေးသွားပါမည်။ မတ်လ ၄.၃.၂၀၁၆ မှ ၆ . ၃.၂၀၁၆ အထိ ကျင်းပသွားမည် ဖြစ်ပါသည် ။#နေရာ - ယဉ်ကျေးမှုရုံ ပြည်မြို့ ။ ပြိုင်ပွဲဝင်လိုသူအားလုံး၂.၃.၂၀၁၆ ရက်နေ့နောက်ဆုံးထားပြီး နာမည် နှင့် ပါဝင်မည့် ဖုန်းနံပတ် များအား ကွန်ပျူတာအသင်းရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ မည်သည့်ဝင်ကြေးမျှ ပေးစရာမလိုပါ။
ဆက်သွယ်ရန် - ဦးကျော်မိုးခိုင် - 095310587
ဦးရဲမြင့်အောင် - 095311085
ဦးစည်သူ - 09788888465
ဒေါ်ငြိမ်းငြိမ်းထိုက် - 09788888407
ဒေါ်လွင်ဦးခိုင် - 09790154535/09450715646
ဒေါ်ဇင်သူထက် - 09794094981



ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
09253311019


0 comments:

Post a Comment

Facebook Like Page