Sunday, January 17, 2016

ပြည်မြို့တွင်သနပ်ခါးများ ယခင်နှစ်ထက်ရေ ဧည့်သည်အ၀င်ထွက်များ၍ ရောင်းအားကောင်း

Leave a Comment

ပြည်မြို့တွင်သနပ်ခါးများ ယခင်နှစ်ထက်ရေ ဧည့်သည်အ၀င်ထွက်များ၍ ရောင်းအားကောင်း







ယခုဆောင်းရာသီကာလ ပြည်မြို့အတွင်းသို့ ခရီးသွား ဧည့်သည်များလာခြင်း၊ ဘုရားဖူးဧည့်သည်အလာများခြင်း တို့ကြောင့် ပြည်မြို့ မြို့မဈေးကြီး ကမ်းနားလမ်းတွင် သနပ်ခါးဈေးကွက် ကြီးမား ကျယ်ပြန့် လာပြီး ယခင်နှစ်များထက် ရောင်းအား မြင့်တက်လာကြောင်း ဇန်န၀ါရီလ ၁၄ ရက်နေ့က သိရ သည်။

အဆိုပါ သနပ်ခါးမှားမှာ ပခုက္ကူဒေသမှ ပြန်လည်ဝယ်ယူခဲ့တာဖြစ်ပြီး ပခုက္ကူဒေသရှိ  ရှင်မတောင်သနပ်ခါးသည် ပြည်တွင်းသာမက ပြည်ပအထိပျံ့နှံ့၍ ပခုက္ကူသို့ ရောက် သူတိုင်း အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြသလို အခြားသောမြို့နယ်ကြီးများမှာလယ် တဆင့်ပြန်လည်ရောင်းရန်ဝယ်ယူလျှက်ရှိနေကြောင်းသိရသည်။ ယခင်နှစ်များထက် သနပ်ခါးဈေးကွက် တွင်ကျယ်လာသည်နှင့် အမျှ သနပ်ခါး ရောင်းဝယ်သူ စိုက်ပျိုးသူများ တစ်နှစ်ထက် တစ်နှစ် များပြားလာခဲ့ကြောင်းသိရသည်။



''သနပ်ခါးပင်က နှစ်ရှည်ပင် ဆိုတော့ ကြားထဲမှာ သီးထပ်သီးညှပ် စိုက်ထားရတယ်။ သနပ်ခါးဈေး ကလည်း ကောင်းလာတဲ့ အတွက် အပျောက်အရှကလည်း ရှိလာတယ်။ သနပ်ခါးခြံစောင့်ကို မျှော်စင်နဲ့ ထားရတယ်။ အပင်သက်တမ်းရင့်ရင် ရင့်သ လို ဈေးကောင်းတော့ အစောင့်တွေနဲ့ နေ့ည မပြတ် စောင့် ပေးနေ ရတယ်'' ဟု ပြည်မြို့တွင် သနပ်ခါးကို စီးပွားဖြစ် စိုက်သူ ဦးကျော်မျိုးဦးက သမဂ္ဂဂျာနယ်သို့ ပြောသည်။


သနပ်ခါးပင်သည် လူတစ်ရပ်ခန့် ရှိပြီး အပွေးကောင်းလျှင်ကောင်းသလောက် တစ်ပင်လျှင် ငွေကျပ် ၃ဝဝဝဝ မှ ငွေကျပ် ၅ဝဝဝဝ ဝန်းကျင်ဈေး ပေါက်လျက်ရှိပြီး သနပ်ခါးပင်ကို ပြည်မြို့အတွင်းရှိ ကျေးရွာများ အပြင် ငွေကြေးတတ်နိုင်သူ များက စီးပွားဖြစ် အပင်ရေ ၃ဝဝဝ မှ ၅ဝဝဝ နီးပါး စိုက်ပျိုးလာခဲ့ကြောင်း သိရသည်။ သနပ်ခါးခြံ တစ်ခြံလျှင် အပင်ရေနှင့် သက်တမ်းပေါ် မူတည် ၍ ငွေကျပ်သိန်း ၅ဝဝ အထိ အရောင်းအဝယ် ဖြစ်နေသည်။



“သနပ်ခါးဆိုတာ မြန်မာအမျိုးသမီးတွေရဲ့ အမြတ်တနိုးတန်ဖိုးထားတဲ့ မြန်မာ့ရိုးရာ ချယ်သစရာတစ်ခုပါ။ ပခုက္ကူကနေ သနပ်ခါးစိုက်တဲ့အမျိုးတွေဆီကတဆင့်ယူပြီးရောင်းတာပါ။ သနပ်ခါးစစ်ကြောင်းလဲအာမခံပါတယ်။တစ်ချို့က သီးပင်တွေကို သနပ်ခါးအစစ်ပုံစံပြန်လုပ်ပြီး ရောင်းတာတွေလဲရှိနေတယ်။ သနပ်ခါးရောင်းရတာ တခြားကုန်တွေထက်ပိုသာတယ်။ အရင်းနှီးတော့နည်းနည်းကြီးတာပေါ့။ရောင်းသူ ၀ယ်သူ အဆင်ပြေအောင် ၀ယ်သူရဲ့တတ်နိုင်နဲဈေးနူံးနဲ့ ဒီဘက်ကရောင်းနိုင်တဲ့ဈေးနူံးပြန်ချိန်ပြီး ခုတ်ဖြတ်ရောင်းနေရတာများပါတယ်။”ဟု ပြည်မြို့မဈေးကြီး ကမ်းနားလမ်းတွင် သနပ်ခါးရောင်းသူ ဒေါ်စိုးစိုးမြင့်က သမဂ္ဂဂျာနယ်သို့ ပြောသည်။

ပြည်မြို့တွင် သနပ်ခါးစီးပွားဖြစ်စိုက်ပျိုးသူ နှင့် ဈေးသည် ဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိပြီး ပြည်မြို့နယ်အတွင်းက ရှေးဟောင်းစေတီပုထိုးများ နှင့် အခြားသောစိတ်ဝင်စားစရာ အဆောက်အဦးများအား အနယ်နယ်အရပ်ရပ်လာရောက် လှည့်လည်ကြသည့် ဘုရားဖူးများ အပါဝင် ဧည့်အဝင်အထွက် များလာသည် နှင့်အမျှ သနပ်ခါးရောင်းဝယ်မှုများလာခဲ့ကြောင်းသိရသည်။ သနပ်ခါးစိုက်ပျိုး ရောင်းဝယ်မှုကို မြန်မာပြည်အတွင်း ပခုက္ကူမြို့တွင် အများဆုံး ရေရှည်စီးပွားအဖြစ်လုပ်ကိုင်လျှက်ရှိသော်လဲ ပြည်မြို့ဒေသရှိ သနပ်ခါးစိုက်ပျိုးသူများ နှင့် ရောင်းဝယ်သူများမှာလဲ သနပ်ခါးစိုက်ပျိုးခြင်း နှင့် ရောင်းချခြင်းလုပ်ငန်းများကြောင့် စီးပွားရေးကောင်းမွန်လျှက်ရှိနေကြောင်းသိရသည်။



မောင်ပန်ကာ(ပြည်)
သမဂ္ဂဂျာနယ်....


0 comments:

Post a Comment

Facebook Like Page