Saturday, January 16, 2016

ပြည်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ထားရှိပေးရန် ကျောင်းသားထုအများစုလိုလားကြောင်း စစ်တမ်းအရသိရ

Leave a Comment


ဇော်မင်းထိုက်
7Day  News Journal

ပြည်နည်းပညာတက္ကသိုလ် တွင် ဘွဲ့နှင်းသဘင်ခန်းမ တည် ဆောက်ပေးရန် ကျောင်းသားထု အများစုလိုလားနေကြောင်း ပြည် နည်းပညာတက္ကသိုလ် ကျောင်း သားသမဂ္ဂက ကောက်ယူခဲ့သည့် စစ်တမ်းအရ သိရှိရသည်။

သဘာထားအမြင် စစ်တမ်းကို ဇန်န၀ါရီ ၆ ရက်က ကောက်ခံခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၅ ရက် တွင် ပြည်နည်းပညာတက္ကသိုလ် ရှေ့၌ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက အဆိုပါ စစ်တမ်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်း ပြုလုပ်ခဲ့ကြသည်။

စစ်တမ်းတွင် အချက် ၂၀ ပါ ၀င်ပြီး ကျောင်းသား၊ ကျောင်းသူ ၁,၂၀၀ ကျော်ထံမှ ကောက်ယူခဲ့ ခြင်း ဖြစ်သည်။ ယင်းစစ်တမ်း ကောက်ယူမှုအရ ပြည်နည်းပညာ တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင် ခန်းမရှိရန် လိုအပ်ကြောင်း စစ် တမ်း၏ ၉၀ ရာခိုင်နှုန်းကျော်က ဖြေကြားခဲ့ကြသည်ဟု ဆိုသည်။

စစ်တမ်း ကောက်ခံမှုအရ ပြည်နည်းပညာ တက္ကသိုလ်တွင် သင်ထောက်ကူ ပစ္စည်းများ လုံ လောက်မှုရှိရန်၊ သင်ကြားရေးတွင် စာတွေ့၊ လက်တွေ့မျှတမှုရှိရန်၊ တက္ကသိုလ် ကိုယ်စားပြု သမဂ္ဂရှိ ရန်၊ နယ်ဝေးကျောင်းသား၊ကျောင်းသူများ နေထိုင်စားသောက်မှု အဆင်ပြေစေရန်အတွက် ကျောင်းအဆောင်များ ထားရှိပေးရန်၊ တစ်ဘာသာချင်း ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်မှ စာမေးပွဲဖြေဆိုရမည့် အချက်များသည် မသင့်လျော်ကြောင်း၊ ကျောင်းတက်ချိန်ကို နံနက် ၈ နာရီသတ်မှတ်ထားခြင်းသည် အဆင်မပြေကြောင်း စသည့်အချက်များလည်း အများဆုံးရရှိခဲ့ကြသည်။

‘‘ဘွဲ့ရတဲ့အခါ ကိုယ့်တက္က သိုလ်ရှိပါလျက် တခြားနေရာမှာ သွားယူရတယ်။ ကိုယ့်တက္ကသိုလ် မှာပဲ ဘွဲ့ယူချင်တယ်။ ဘွဲ့နှင်းသဘင်ခန်းမရှိစေလိုတယ်။ နောက်ပြီး ကျောင်းက မြို့အပြင်မှာဆိုတော့ သွားရေး၊ လာရေး ခက်ခဲပြီး ကျောင်းမှာပဲညအိပ်ဆောင်တွေ ထားပေးစေချင်တယ်။ နေထိုင်စားသောက်မှု အဆင်ပြေအောင်ဆောင်ရွက်ပေးစေချင်တယ်’’ဟု  ပြည်နည်းပညာ တက္ကသိုလ်ကျောင်းသူ မသိမ့်သန္တာဦးက ပြောသည်။

ယင်းစစ်တမ်းကို ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတောင်းဆိုသွား မည်ဖြစ်ကြောင်း ပြည်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ မှ သိရသည်။

စစ်တမ်းကောက်ယူမှုများကို မှတ်တမ်းများထားရှိကာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး အလေးထားဆောင်ရွက်သွား မည်ဟု ပြည်နည်းပညာ တက္က သိုလ်မှ တွဲဖက်ပါမောက္ခဒေါက် တာဇော်မင်းဦးက ပြောသည်။

‘‘ကျောင်းသားတွေရဲ့ သဘောထားစစ်တမ်းကောက်ယူ မှုတွေ ရှိသင့်ပါတယ်။ ပြည်နည်းပညာ တက္ကသိုလ်ကြီးကို တက္က သိုလ်ရဲ့ အင်္ဂါရပ်တွေနဲ့အညီ ဘွဲ့ နှင်းသဘင်ခန်းမတို့၊ ကျောင်းအ ဆောင်တို့ အားလုံးပြည့်ပြည့်စုံ စုံဖြစ်ချင်ပါတယ်။ ဒီလိုဖြစ်အောင် ပြည်ထောင်စုဝန်ကြီးဌာနတွေ အထိ တင်ပြတောင်းဆိုမှုတွေလည်း လုပ်နေပါတယ်’’ဟု ၎င်းကပြောသည်။

၁၉၉၇ တွင် ဖွင့်လှစ်ခဲ့သည့် ပြည်အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်းမှ ၂၀၀၅ တွင် ပြည်နည်း ပညာတက္ကသိုလ်အဖြစ် ပြောင်း လဲကာ ပြည်မြို့အလွန် ပြည်- ပေါက်ခေါင်း ကားလမ်းကြီးပေါ် ၌ ဖွင့်လှစ်ထားရှိခဲ့သည်။

ပြည်နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ သဘောထားအမြင် စစ်တမ်းကောက်ယူမှုများအား ရှင်းလင်းနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)


0 comments:

Post a Comment

Facebook Like Page