Saturday, December 5, 2015

တောင်များဖြိုချနေခြင်း နှင့် တောင်ကျရေစီးဆင်းသည့် ချောင်းအား မြေများဖို့ပစ်နေမှုအား ရပ်ကွက်အုပ်ချုပ်ရေးရုံး မှာတားမြစ်ထားသော်လည်း ဆက်လက်လုပ်ကိုင်

Leave a Comment

တောင်များဖြိုချနေခြင်း နှင့် တောင်ကျရေစီးဆင်းသည့် ချောင်းအား မြေများဖို့ပစ်နေမှုအား ရပ်ကွက်အုပ်ချုပ်ရေးရုံး မှာတားမြစ်ထားသော်လည်း ဆက်လက်လုပ်ကိုင်



ပြည်၊ဒီဇင်ဘာ၊၆



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀ဒေးနယ်မြေ သန္ဓေပင်ရပ်ကွက် နှင့် ပေါက်ပင်စခန်းရပ်ကွက်အတွင်း သဘာဝမြေတောင်များ ဖြိုချပြီး ရပ်ကွက်အတွင်းဖြတ်ကျော်လျှက်ရှိသည့် ချောင်းတစ်ခုအားမြေဖို့ရာ ဒေသခံများ နှင့် လုပ်ငန်းရှင်တို့ခြား ညှိနှိုင်းဖြေရှင်းမှုမရရှိကြောင်းသိရသည်။ အဆိုပါ ရပ်ကွက်အတွင်းရှိ တောင်များဖြိုချနေခြင်း နှင့် တောင်ကျရေစီးဆင်းသည့် ချောင်းအား မြေများဖို့ပစ်နေမှုအား ရပ်ကွက်အုပ်ချုပ်ရေးရုံး မှာတားမြစ်ထားသော်လည်း ဆက်လက်လုပ်ကိုင်လျှက်ရှိနေကြောင်းသိရသည်။



“ဒီချောင်းကို အားကိုးပြီး လယ်စိုက်တယ်၊ယာစိုက်တယ်၊သီးပင်စားပင်ကအစ လယ် နဲ့ ခြံ အကုန်စိုက်ပျိုးရေးအတွက် ရေသုံးနေရတဲ့ သဲချောင်းပါ။ဒီချောင်း ရှိနေလို့ ရေဘေးတွေမှာခံသာရတယ်။ ဒီချောင်းက တောင်ကျရေအများဆုံးကျတဲ့ချောင်းပါ။ဒီချောင်းပိတ်ရင် န၀ဒေးရပ်ကွက် နဲ့ စက်မှုကွက်သစ် ရပ်ကွက်အကုန်ရေ၀င်ကုန်မှာ တစ်ချို့အိမ်အသေးလေတွေဆိုရင် အကုန်နစ်ကုန်မှာပါ။သူတို့က တောင်ဖြိုပြီး ရလာတဲ့မြေကို ဒီသဲချောင်းထဲဖို့ပြစ်နေတယ်။အကုန်လုံးဒုက္ခရောက်အောင်လုပ်နေတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ဆက်မလုပ်ဖို့တားတယ်။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတယ်။ တားလို့လည်းမရဘူး သူတို့ကဆက်လုပ်နေကြတယ်။ဒီချောင်းကို ပြန်ဖော်ပေးစေချင်ပါတယ်။” ဟု န၀ဒေးနယ်မြေ သန္ဓေပင်ရပ်ကွက် ဦးတင်ဝင်း ကပြောသည်။



အဆိုပါ တောင်ဖြို ၍ သဲချောင်းအားမြေဖို့နေမှုကို လွန်ခဲ့သည့် တစ်လခန့်ကတည်းမှ ဒေသခံ ၁၃ ဦး လက်မှတ်ရေးထိုး၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားထားခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာရောက်တားဆီးခဲ့သော်လည်း ယနေ့အထိဆက်လက်လုပ်ကိုင်လျှက်ရှိနေကြောင်းသိရသည်။



“ရပ်ကျိုး ရွာကျိုးအတွက် ဖွံ့ဖြိုးရေးလမ်းလျှောက်ထားပြီး အထက်ကခွင့်ပြုလို့ ကျွန်တော်လုပ်ပေးနေတာပါ။ ဗလိုင်းကြီး လုပ်နေတာမဟုတ်ဘူး။ ရွာထဲအထိ စက်နဲ့ထိုးပေးမယ်။ ဒီလမ်း နဲ့ ခြံ ကို ကျွန်တော်ဝယ်ထားတာ လမ်းဝယ်ထားတာပါ။ သူတို့တစ်ပြားတစ်ကျပ်မှ မကုန်ပဲ လမ်းလုပ်ပေးမယ်။ ဒီရွာထဲ မီးလောင်ရင် ဘယ်လိုလုပ်မလည်း။ ဒီချောင်းမြောင်းနဲ့ မီးသတ်ကားဘယ်လိုမှ ၀င်မရဘူး။လူမှုရေးအရလည်း ကားဝင်မရဘူး။လုပ်မပေးနဲ့ဆိုလည်း ကျွန်တော်လုပ်မပေးတော့ဘူး။ရေထွက်ပေါက်ကို ၂ပေ ချန်ပြီး ပြန်ဖောက်ပေးမှာပါ။လမ်းကော်မတီဖွဲ့ပြီး ဖွံ့ဖြိုးရေးလမ်းလုပ်တာ။” ဟု  ခြံပိုင်ရှင်(လုပ်ငန်းများ ဦးဆောင်လုပ်သူ) ဦးထူးအောင် ကပြောသည်။



မြန်မာနိုင်ငံအတွင်း သဘာဝတောင်များ ဖြိုချဖျက်စီးခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များတားမြစ်ပိတ်ပင်ထားသော်လည်း ပြည်ခရိုင်အတွင်း နေရာတစ်ချို့တွေမျာ တောင်ဖြိုမြေသယ်မှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်။ အဆိုပါ ရပ်ကွက်အတွင်း တောင်ဖြိုနေမှုကို လွန်ခဲ့သည့် တစ်လကျော်လောက်မှ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး သဲချောင်းအတါင်း မြေဖို့နေမှုကို  ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့မှစတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက  ဆက်မလုပ်ရန်တားဆီးထားသော်လည်း ဒီဇင်ဘာ ၅ ရက်နေ့အထိ ဆက်လက်လုပ်ကိုင်နေခြင်းကြောင့် ဒေသခံများကျေနပ်မှုမရှိကြောင်းသိရသည်။ တောင်ကျရေစီးဆင်းလျှက်ရှိသည့် သဲချောင်းမှာ န၀ဒေရပ်ကွက် ပေါက်ပင်စခန်း၊သန္ဓေပင်၊ရတနာထီးဖြူ၊ပွင့်လှသိမ်ကုန်း၊မြကန်သာ၊တကောင်းတွင်း စသည့်ရပ်ကွက်များအတွင်းမှ တဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းလျှက်ရှိကြောင်းသိရသည်။



K3(pyay)

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page