Sunday, November 29, 2015

နိုင်ငံမှာ စစ်ဗိုလ် ၊ ဆရာဝန် ၊ အင်ဂျင်နီယာတွေပဲလိုသလား

Leave a Comment



သရ၀ဏ်(ပြည်)

ရန်ကုန်တက္ကသိုလ်က ကျောင်းဝင်ခွင်.များကိုကြေငြာသောအခါ နိုင်ငံရေးသိပ္ဖံ(Political Science )ဖြင်.၀င်ခွင်.ရသောကျောင်းသူတစ်ယောက်က သူ.၀င်ခွင်.အောင်စာရင်းကိုဖေ.စ်ဘွတ်ပေါ်၌ ဂုဏ်ယူဝမ်းမြောက်စွာဖြင်.တင်ထားသည်ကို မကြာမီကတွေ.မြင်ခဲ.ရသည် ။ မိဘတော်တော်များများကလည်း မိမိတို.သားသမီးများ အမှတ်မည်မျှဖြင်. ရန်ကုန်တက္ကသိုလ်တွင် ဘယ်မေဂျာကို အထူးကျောင်းသားကျောင်းသူအနေဖြင်.တက်ခွင်.ရကြောင်း တင်လာကြသော ပို.စ်တော်တော်များများကိုလည်းဝမ်းမြောက်ဖွယ်တွေ.မြင်ရပါသည် ။ အချို.ဆေးတက္ကသိုလ်အမှတ်မီသော ၊စက်မှုတက္ကသိုလ်အမှတ်မီသောကျောင်းသားကျောင်းသူအချို. ပင် ၀ိဇ္ဖာ နှင်.သိပ္ဖံဘာသာရပ်အသီးသီးတွင် အထူးပြုဘာသာများလျှောက်ထားလာကြတာတွေ.ကြရတော.တိုင်းပြည်အတွက်အားတက်ရသည် ။ ဘာသာစကာနှင်.ပါတ်သက်၍ နိုင်ငံခြားဘာသာတက္ကသိုလ်များ ၊ ခရီးသွားလုပ်ငန်းအတွက် Tourism မေဂျာ ၊ နိုင်ငံရေးနှင်.ပါတ်သက်၍ နိုင်ငံရေးသိပ္ဖံ ( PS ) ၊ နိုင်ငံတကာဆက်ဆံရေးပညာ ( International Relations ) ၊ ရေကြောင်းသွားလာရေးအတွက် ရေကြောင်းတက္ကသိုလ် ၊ ကွန်ပျူတာနှင်.ပါတ်သက်၍ ကွန်ပျူတာတက္ကသိုလ် ၊အနုပညာဝါသနာပါသူများအတွက်ယသ်ကျေးမှုတက္ကသိုလ် ၊ စိုက်ပျိုးရေးတက္ကသိုလ် ၊သစ်တော တက္ကသိုလ် ၊များကို မိမိဝါသနာပါရာ ရွေးချယ်ခွင်.လျှောက်ထားခွင်.ရှိလာသည်မှာတိုင်းပြည်အတွက်ကောင်းလှသည် ။

ကျွန်တော်တို.ငယ်စဉ်ကဆိုလျှင် လူငယ်တစ်ယောက်၏ဘ၀ရည်မှန်းချက်ကိုမေးလိုက်လျှင်

“ စစ်ဗိုလ်ကြီးလုပ်မယ် “

“ ဆရာဝန်ကြီးလုပ်မယ် “

“အင်ဂျင်နီယာကြီးလုပ်မယ် “

ဟူသော သုံးမျိုးသော ဘောင်ထဲမှာသာ ဂိတ်ဆုံးနေလေ.ရှိသည် ။ လူငယ်တစ်ယောက်အတွက် ဤသုံးမျိုးကလွဲလျှင် လူရာဝင်နိုင်သော ရည်မှန်းချက်မရှိတော.ဘိသကဲ.သို.ဖြစ်သည် ။ ၁၉၈၈ ခု စစ်အစိုးရအုပ်ချုပ်ပြီးနောက်ပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ် ၊တပ်မတော်ဆေးတက္ကသိုလ် ၊စစ်တက္ကသိုလ် စသည်. ကျောင်းများသာ ပို၍ ဂုဏ်ကြီးသလိုရှိနေပေ၏ ။ အခြားသောတက္ကသိုလ်များမှာ အရည်အသွေးနိမ်.သယောင်ယောင် ၊မြန်မာစာ ၊ ပထ၀ီ ၊သမိုင်း ၊ Physics ၊ Chemistry စသော ဘာသာရပ်များ မှာ ကျောင်းပညာတွင်မထူးချွန်သော ညံ.ဖျင်းလှသောကျောင်းသားတို.လေ.လာသည်.ဘာသာရပ်များသဖွယ် သတ်မှတ်ခံရသည် ။ ထူးချွန်သောကျောင်းသားအားလုံးသည် စစ်တက္ကသိုလ်မှာ ၊ဆေးတက္ကသိုလ်မှာ ၊နည်းပညာတက္ကသိုလ်မှာသာရှိသည် ဟုအားလုံးကသတ်မှတ်ခဲ.ကြသည် ။ ထိုတက္ကသိုလ် သုံးခုကသာလူတော်တွေကိုမွေးထုတ်ပြီး ကျန်သော ၀ိဇ္ဖာသိပ္ဖံဘာသာရပ်များမှာ သုံးမရသော ဘာသာရပ်များဟုထင်မြင်ယူဆခဲ.ကြသည် ။

ထိုအထဲတွင် တပ်မတော်စစ်တက္ကသိုလ် ( DSA ) မှထွက်သောသူများသည် သူတို.သာ တိုင်းပြည်ကိုချစ်သော ဘက်စုံတော်သည်.သူများဖြစ်ကာ ကျန်သည်.သူများသည် မျိုးချစ်စိတ်ဓါတ်သူတို.လောက်မရှိသူများဟုထင်မြင်ယူဆခဲ.ကြသည် ။ နိုင်ငံတော်ကိုတပ်မတော်သားများကသာချစ်သည် ။သူတို.သာတိုင်းပြည်အတွက်အနစ်နာခံကြသည် ။ အရပ်သားများသည် ဘာမှတိုင်းပြည်အတွက် အသုံးမကျသူများဖြစ်သယောင်ပြုမူကျင်.ကြံတွေ.ခေါ်ခဲ.သည် ။ တပ်မတော်သာအမိ ၊တပ်မတော်သာအဖ ။ တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော.မှသစ္စာမဖောက်ဟူသောဆောင်ပုဒ်များ ကိုကြွေးကြော်ရင်း တပ်မတော်အရာရှိကြီးများသည် တဖြည်းဖြည်းနှင်.ထားစရာမရှိအောင်ကျိကျိတက်ချမ်းသာလာကြသည် ။ အရပ်သားများအပေါ်အထင်သေးသောစိတ်ဓါတ်သည် ကား ထိုစဉ်မှစကာပျောက်ကွယ်မသွားပဲ စိတ်ဓါတ်လက်ဆင်.ကမ်းကာ ၂၀၁၅ အထိရောက်လာသည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင်တော. မြန်မာနိင်ငံသားများသည် တပ်မတော်အရာရှိကြီးများပါဝင်သော လွှတ်တော်ကိုယ်စားလှယ်အများစုကိုချန်လှပ်ခဲ.ကာ ပညာတတ်အရပ်သားအများစုပါဝင်သော NLD ပါတီကိုအပြတ်အသတ်မဲပေးရွေးချယ်ခဲ.ကြခြင်းဖြင်. အရပ်သားများလည်း နိုင်ငံကိုအုပ်ချုပ်သင်.ကြောင်း ၊ တပ်မတော်သားများသာနိုင်ငံကိုချစ်သူများမဟုတ်ကြောင်းအထင်အရှား ၀ိုင်းဝန်းပြသခဲ.ကြပါသည် ။

ယခင်က စစ်တက္ကသိုလ်မှ ၊ ဆေးတက္ကသိုလ်မှ ၊ စက်မှုတက္ကသိုလ်မှ အရေးပါသည်ဟုထင်လာကြရာမှ နိုင်ငံရေးသိပ္ဖံ ၊နိုင်ငံတကာဆက်ဆံရေး ၊ မြန်မာစာ ၊သမိုင်း ၊စီးပွားရေး ၊ ဘူမိဗေဒ စသောဘာသာရပ်များကို တက္ကသိုလ်တွင်တက်၍လေ.လာရန် စတင်လျှောက်ထားလာကြသည် ။ နိုင်ငံတနိုင်ငံတွင် စစ်သားများသာလိုသည်မဟုတ် ၊ အနုပညာသမားများ ၊ နိုင်ငံရေး သမားများ ၊လယ်သမားများ ၊သိပ္ဖံပညာရှင်များ ၊ကျောင်းဆရာများ ၊အတွေးအခေါ်ပညာရှင်များလည်း ဟန်ချက်ညီညီလိုအပ်ကြောင်းပိုမိုလက်ခံလာကြသည် ။ စစ်တက္ကသိုလ်တက်မှဘ၀တွင်အရေးပါအရာရောက်သောလူတစ်ယောက်ဖြစ်မည်ဟူသောအယူအဆကို ယနေ.ခေတ်လူငယ်တွေကရိုက်ချိုးလိုက်သည် ။ တပ်မတော်အရာရှိဟောင်းစစ်ဗိုလ်ချုပ်ကြီး တို. သာမန်ဘွဲ.ရပညာတတ်လူငယ်များကိုရွေးကောက်ပွဲတွင်ရှုံးနိမ်.လိုက်ခြင်းက အရပ်သားတို.သည် တပ်မတော်အရာရှိကြီးများကိုယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဆိုသည်.လူစွမ်းလူစကိုအထင်အရှားပြသလိုက်နိုင်ခြင်းဖြစ်သည် ။
ထိုရိုက်ခတ်မှုသည် ပညာရေးနယ်ပါယ်နှင်. လူငယ်တို.၏ ဘ၀ရည် မှန်းချက်ပုံစံကိုပါပြောင်းပစ်လိုက်သည် ။သားသားကြီးလာရင် စစ်ဗိုလ်ကြီး လုပ်မယ်ဟူသော ဖန်တရာတေရည်မှန်းချက်ဘောင်ထဲမှခွဲထွက်ကာ သမီးကြီးလာရင် နိုင်ငံရေးကျွမ်းကျင်သူဖြစ်အောင် လုပ်မယ်တို. ၊ အိုင်တီပညာရှင်ဖြစ်ချင်တယ်တို. ၊ CNN လိုသတင်းဌာနမျိုးတွင် သတင်းကြေငြာသူဖြစ်ချင်တယ်တို. ၊ မီဒီယာတစ်ခုခုတွင် သတင်းထောက်ဖြစ်လိုသည်တို. ၊ ရုပ်သံအစီအစဉ်တင်ဆက်သူဖြစ်လိုသည်တို. ကွန်ပျူတာပရိုဂရမ်မာဖြစ်ချင်သည်တို. ၊ ရုပ်ရှင်ဒါရိုက်တာဖြစ်လိုသည်တို. ၊ ဖလင်တည်းဖြတ် ( Editing ) ပညာရှင်ဖြစ်လိုသည်တို. ၊ MBA ဘွဲ.ရလိုသည်တို.၊ပရဟိတသမားလုပ်လိုသည်တို. ၊ NGO တွင် အရာရှိဖြစ်လိုသည်တို.စသည်ဖြင်. လူငယ်တို.၏အိပ်မက်များသည် တပ်မတော်ဥခွံထဲမှဖောက်ထွက်လာခဲ.ပြီဖြစ်သည် ။

စစ်ဗိုလ်မဖြစ်လျှင်ခွေးဖြစ်ပြီဆိုသောအယူအဆသည် ခေတ်ဟောင်းတွင်ကျန်ခဲ.ပြီဖြစ်သည် ။ ယခုခေတ်သည် လယ်ကွင်းထဲတွင်ဒါးချင်းယှဉ်ခုတ်သောပဒေသရာဇ်ခေတ်မဟုတ် ။ လူအချင်းချင်းဘက်နက်နှင်.တက်ထိုးကြသော ဒုတိယကမ္ဘာစစ်ခေတ်မဟုတ်တော. ။ ကွန်ပျူတာတစ်ချက်ခေါက်ရုံနှင်.တတိယကမ္ဘာစစ်ဖြစ်နိုင်သောခေတ်ဖြစ်သည် ။ သံတမန်တစ်ယောက်၏ စကားကြောင်. စစ်ပွဲတွေကိုရပ်တန်.ပစ်နိုင်သောခေတ်ဖြစ်သည် ။စီးပွားရေးပညာရှင်တစ်ယောက်ကြောင်. သန်းပေါင်းများစွာသောလူတွေကို ဆင်းရဲတွင်းမှဆွဲထုတ်နိုင်သောခေတ်ဖြစ်သည် ။ အိုင်တီပညာရှင်တစ်ယောက်၏အကူအညီမပါပဲ စစ်တိုက်၍ မရတော.သောခေတ်ဖြစ်သည် ။ အနုပညာသမားတစ်ယောက်၏တန်ဖိုးသည် လက်နက်ကိုင်တိုက်ခိုက်သူတစ်ယောက်၏တန်ဖိုးထက်အလေးထားခံရသောခေတ်ဖြစ်သည် ။ ဥယျာဉ်အတွင်းဝယ်ပန်းပေါင်းစုံဖူးပွင်.တော.မည်.ဖြစ်သည် ။

ကြီးလာလျှင်စစ်ဗိုလ်ကြီးဖြစ်ချင်တယ်ဆိုသော ဘ၀ရည်မှန်းချက်မျိုးသည် ဖွံ.ဖြိုးပြီးနိုင်ငံကြီးများတွင်သိပ်ပြီးခေတ်မစားတော.ပေ။ ဤနိုင်ငံမှာတော. သားသားကြီးလာလျှင် စစ်ဗိုလ်ကြီးလုပ်ချင်တယ်ဟုပြောသောကလေးရှိကောင်းရှိပါဦးမည် ။သို.သော်အခြားသောရွေးချယ်ပိုင်ခွင်.တို.ကိုလည်း ရွေးချယ်ချင်လျှင်ရွေးချယ်ပိုင်ခွင်.ရှိသောလူငယ်တို.၏တက်လမ်းသည် ဒီမိုကရေစီစနစ်တွင် တဖြည်းဖြည်းပိုမိုပွင်.လင်းတော.မည်ဖြစ်သည် ။ တကယ်တော.ဒီမိုကရေစီစနစ်တွင်မည်သူ.ထက်မည်သူကပို၍ မျိုးချစ်စိတ်ရှိသည် ၊နိုင်ငံအတွက်အရေးပါသည်ဟူ၍ စစ်အစိုးရခေတ်ကလို ကောက်ချက်လွယ်လွယ်ချ၍ မရတော. ။ ထိုသဘောကို ရန်ကုန်တက္ကသိုလ်တွင် အတောမသတ်ဝင်လာကြသော ပညာတတ်လူငယ်များကသက်သေပြနေကြသည် ။

သေနတ်ကိုကိုင်၍ နိုင်ငံတော်ကိုချစ်နိုင်သလို ၊ Laptop ကိုကိုင်၍ ၊ ပန်းချီစုတ်တံကိုကိုင်၍ ၊ နိုင်ငံရေးကျမ်းကိုကိုင်၍ ၊ဘောဂဗေဒစာအုပ်များကိုကိုင်၍ ၊ သိပ္ဖံဓါတ်ခွဲခန်းထဲမှကရိယာများကိုကိုင်၍ ၊ သမိုင်းသင်ခန်းစာများကို သင်ယူ၍ ၊ နိုင်ငံတော်ကိုချစ်နိုင်ကြကြောင်း တစထက်တစ လူတို.သိလာကြပြီဖြစ်သည် ။ ဒိုင်နိုဆောတို.မျိုးတုန်းပျောက်ကွယ်သွားကြသည်မှာ ကမ္ဘာကြီးကသူတို.ကိုမလိုအပ်တော.သောကြောင်.ဖြစ်သည် ။ မြန်မာနိုင်ငံတွင်လည်း မလိုအပ်တော.သော အတွေးအခေါ်၊အလုပ်အကိုင် ၊အယူအဆ ၊အကျင်.အကြံ များသည် တဖြည်းဖြည်းနှင်.သူ.ဘာသာ လူကြိုက်နည်းကာတစတစနှင်. ပျောက်ကွယ်သွားမည်ဖြစ်ပါကြောင်း ။

သရ၀ဏ်(ပြည်)

သူရိယအလင်းဂျာနယ်
၂၉.၁၁.၂၀၁၅


0 comments:

Post a Comment

Facebook Like Page