Monday, November 30, 2015

ခေတ်ပြောင်းဖို့ဆိုရင် ကိုယ့်​အကျင့်​တွေ အရင်ပြင်

Leave a Comment



သရ၀ဏ်(ပြည်)

ပဒေသရာဇ်ခေတ်က သီပေါမင်းနှင်.စုဖုရားလတ်
အရှင်နှစ်ပါးပါတော်မူသွားသောအခါ မြန်မာနိုင်ငံသားအများစုတောင်.တကြသည်မှာ
ကိုယ်.မင်းကိုယ်.ချင်း ကိုယ်.ထီးကိုယ်.နန်းနှင်.
အုပ်ချုပ်နိုင်ဖို.ဖြစ်သည် ။ နန်းကျသွားသော ကိုယ်.ဘုရင်
ကိုယ်.ရပ်ကိုယ်.မြေသို.ပြန်လာစေချင်သော
မင်းလောင်းမျှော်ဝါဒကိုကျင်.သုံးခဲ.ကြသည် ။
အချို.စိတ်ကူးယဉ်တတ်သူများကဆိုလျှင် ယခုပါတော်မူသွားသောဘုရင်မှာ
သီပေါကိုယ်တော်ကြီးအစစ်မဟုတ် ၊ ဘုရင်မင်းတ၇ားသည်
အခါအခွင်.မသင်.သေးသဖြင်.ရုပ်ဖျက်ထွက်ခွာသွားကာ
လူသူလက်နက်စုရုံးပြီးသည်နှင်. ကုလားဖြူများကိုတော်လှန်ကာ
နန်းသိမ်းပွဲခံပြီးစည်တော်ရွမ်း၍
မန္တလေးနန်းတော်ထဲသို.ပြန်လည်ကြွမြန်းစိုးစံလိမ်.မည်ဟု
တမ်းတပြောဆိုကြကုန်လေသည် ။ သို.သော်တနှစ်ပြီးတနှစ်သာကြာသွားသည် သီပေါ
ကိုယ်တော်ကြီးကားပေါ်မလာ ၊ ပြင်သစ်ပိုင်ပွန်ဒီချယ်ရီ၌ ခိုလှုံနေပြီး
မြန်မာ.ထီးနန်းကို ပြန်လည်သိမ်းပိုက်လုပ်ကြံမည်ဟုအများကမျှော်လင်.နေသော
မြင်ကွန်းမင်းသားနှင်. မြင်းခုံတိုင်မင်းသားတို.လည်းပေါ်မလာပါပေ
။နောက်ဆုံး၌ ရတနာဂီရိတွင်အကျဉ်းစံနေရသော သီပေါဘုရင်မင်းမြတ်
နတ်ရွာစံပြီဟူသော ခိုင်မာသည်.သတင်းသာမြန်မာပြည်သို.ရောက်လာလေသည် ။
ဤသို.ဖြင်.မင်းလောင်းမျှော်ဝါဒလည်းနိဂုံးချုပ်နိဌိတံခဲ.ရပေ၏ ။
ပဒေသရာဇ်စနစ်လည်းမြန်မာ.မြေမှစုံးစုံးမြုပ်ပျောက်ကွယ်သွားတော.သည် ။

နောက်ထပ်အသစ်ရောက်လာသောစနစ်တစ်ခုမှာ
နေမ၀င်အင်ပါယာဟုမိမိဘာသာဂုဏ်တင်၍ခေါ်ကြသောဗြိတိသျှတို.၏ ကိုလိုနီ
အုပ်ချုပ်ရေးစနစ်ပင်ဖြစ်သည် ။ထိုစနစ်သည် အုပ်ချုပ်သူဗြိတိသျှများနှင်.
မင်းမြှောင်ကပ်ပါးမြန်မာအရာရှိများအတွက်အကျိုးရှိလှသော်လည်း
အုပ်ချုပ်ခံပြည်သူလူထုမှာ နင်းပြားဘ၀မှမတက်နိုင်ပဲ
အဖက်ဖက်မှမျက်နှာငယ်ခဲ.ရသည် ။ထိုအချိန်တွင်
သခင်ကိုယ်တော်မှိုင်းတို.ကဲ.သို.သော မြန်မာဘုရင်ခေတ်ကို မီလိုက်သော
ပုဂ္ဂိုလ်အချို.နှင်. အောက်ခြေလူတန်းစားတို.၏စိတ်ထဲတွင်
နယ်ချဲ.အင်္ဂလိပ်တို.ကိုမြန်မာ.မြေမှမောင်းထုတ်၍
နိုင်ငံရေးစနစ်သစ်တစ်ရပ်ထူးထောင်လိုခြင်းမှာ
ထိုစဉ်ကမြန်မာ.လူ.အဖွဲ.အစည်းတွင် အားလုံးရင်ထဲ၌
လောင်မြိုက်နေသောဆန္ဒမီးဖြစ်ခဲ.သည် ။ သို.သော်
ဤဆန္ဒကိုမည်သူမျှပြည်.၀အောင်ဖြည်.ဆည်းမပေးနိုင်ခဲ.။ မိမိမြေမှာနေ
၊မိမိတို.စိုက်သော စပါးသီးနှံများကိုစား
၊မိမိမြေမှသယံဇာတများကိုဝါးမြိုကာချမ်းသာနေပြီးမိမိတို.ကို လူရာမသွင်း
ဂုတ်သွေးစုတ်နေသော အင်္ဂလိပ်တို.ကို
သစ္စာဖောက်ကပ်ပါးများမှတစ်ပါးတစ်နိုင်ငံလုံးကရွံမုန်းလှသည် ။ ၁၈၈၅
တွင်မြန်မာတစ်နိုင်ငံလုံးအင်္ဂလိပ်လက်အောက်ကျရောက်ပြီး ၅၄ နှစ်လုံးလုံး
အင်္ဂလိပ်ကိုတော်လှန်ရန်အကွက်ကောင်းမပေါ်ပဲရှိခဲ.သည် ။ ဤသို.နှင်.
ဒုတိယကမ္ဘာစစ်မီးကြီးစတင်တောက်လောင်လာသောအခါအင်္ဂလိပ်အခက်ဗမာ.အချက်ဆိုသော
ကြွေးကြော်သံနှင်.အတူသခင်အောင်ဆန်းခေါင်းဆောင်သည်.မြန်မာလူငယ်တစ်သိုက်
နိုင်ငံရေးလောကထဲသို.ရောက်လာကာ အင်္ဂလိပ်ကိုအန်တုဖက်ပြိုင်ရန်
ပြည်ပအကူအညီရှာခဲ.သည် ။ ဂျပန်နှင်.ဆက်သွယ်ကာ မြန်မာ.မြေသို. ၁၉၄၂
ဇန်န၀ါရီလ ၁၅ ရက်နေ.တွင် ဗမာ.လွတ်လပ်ရေးတပ်မတော်( B.I.A ) တပ်များ
ကော.သောင်းမြို.ကိုစတင်ဝင်ရောက်သိမ်းပိုက်လိုက်ခြင်းဖြင်.
အင်္ဂလိပ်ကျွန်အဖြစ်မှလွတ်မြောက်ရေးလမ်းစတင်သည် ။

အင်္ဂလိပ်ပြေးသည် ။ ဂျပန်ဝင်လာသည် ။
မြန်မာတို.သည်လွတ်လပ်တော.မည်ဆိုပြီးပျော်ရွှင်ကြသည် ။
သို.သော်ကံ.ဆိုးသောမြန်မာနိုင်ငံသားများသည်
ဗြိတိသျှနယ်ချဲ.စနစ်ထက်ဆိုးသော ဂျပန်တို.၏ဖက်ဆစ်စနစ်နှင်.တည်.တည်.တိုးသည်
။ ဒယ်အိုးပေါ်မှာပူသဖြင်.ခုန်ချကာမှ မီးပုံထဲတည်.တည်.ကျခြင်းပေတည်း ။
သို.သော်မြန်မာတို.သည်
အခက်အခဲတွေ.တိုင်းရင်ဆိုင်ကျော်လွှားခဲ.တာချည်းပဲဖြစ်သည် ။
ဖက်ဆစ်စနစ်မကောင်းလျှင်ဖက်ဆစ်စနစ်ကိုတော်လှန်ရမည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သူခေါ်လာသော ဂျပန်များကိုသူကိုယ်တိုင်
မြန်မာ.မြေမှအောင်မြင်စွာမောင်းထုတ်ပြခဲ.သည် ။
ထိုသို.မောင်းထုတ်တော်လှန်ခဲ.သော် ၁၉၄၅ မတ်လ ၂၇ ရက်နေ.ကို
တော်လှန်ရေးနေ.ဟုခေါ်တွင်ခဲ.သည် ။ ဂျပန်တို.ထွက်ခွာသွားသောအခါ
အင်္ဂလိပ်တို.ပြန်ဝင်လာသည် ။ နိုင်ငံသည်
နယ်ချဲ.စနစ်လက်အောက်သို.ပြန်ရောက်ပြန်သည် ။ လူတွေလိုချင်တာ
နယ်ချဲ.စနစ်မဟုတ် ၊ကိုလိုနီစနစ်မဟုတ် ၊ဖက်ဆစ်စနစ်မဟုတ်ကြောင်း
ဗိုလ်ချုပ်အောင်ဆန်းကအတိအလင်းကြေငြာကာ အင်္ဂလိပ်ထံမှလွတ်လပ်ရေးတောင်းသည် ။
တစ်နှစ်အတွင်းလွတ်လပ်ရေးပေးပါမည်ဟူသော ကတိ ဗြိတိသျှပါလီမန်ထံမှရသည် ။
ထို.နောက်လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည် ။
သခင်နုကဆက်လက်ခေါင်းဆောင်ကာ လွတ်လပ်ရေးတောင်းခဲ.သဖြင်. မြန်မာနိုင်ငံသည်
ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ ၁၈၂၄ တွင်စတင်သည်မှ နှစ်ပေါင်း ၁၂၄
နှစ်အကြာတွင်လွတ်လပ်ရေးရသည် ။

လွပ်လပ်ကာစမြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင်.သုံးသည် ။
အစိုးရမှာ ဖ.ဆ.ပ.လ အစိုးရ ။ ၀န်ကြီးချုပ်က သခင်နု (ခေါ်)ဦးနု ။
ထိုအချိန်တွင် ကမ္ဘာ၌ ခေတ်စားလာသည်မှာ ကွန်မြူနစ်ဝါဒ ၊ ကွန်မြူနစ်စနစ် ။
သခင်နုက ကွန်မြူနစ်ဝါဒကိုမယုံ ၊ဆိုရှယ်လစ်လည်းမဟုတ် ။
ထို.ကြောင်.မကြေနပ်သူများကတောခိုကာ သူပုန်ထကြသည် ။
မြန်မာ.တပ်မတော်မှပင်တပ်ရင်းတစ်ရင်းလုံးတောခိုသွားသည်
။ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ ) ၊ ကွန်မြူနစ်ပါတီဗမာပြည် (အလံနီ)
တို.အားကောင်းလာသည် ။ ကရင်သူပုန်များ ရန်ကုန်မြို.အ၀င်ဝအထိရောက်လာသည် ။
ထိုအချိန်တွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းသည်
ဝန်ကြီးချုပ်ဦးနုထံမှ စစ်အာဏာသိမ်းရန်ကြံစည်နေသည်ဟူသောသတင်းများ
ပျံ.နှံ.နေသည် ။ ဦးနုသည် ကွန်မြူနစ်ဝါဒကိုရော ၊
ရောင်စုံသူပုန်များကိုရော ၊တိုင်းရင်းသား
သူပုန်များကိုရောရင်ဆိုင်နေရသည်.အထဲ မိမိတပ်မတော်ကပါ
အာဏာပြန်သိမ်းမည်သတင်းထွက်လာသဖြင်. စိတ်ပျက်သွားသည် ။ ထို.ကြောင်.
အာဏာတော.မသိမ်းပါနဲ. ၊ လူကြားလို.မကောင်းပါဘူး ၊ တပ်မတော်ရော
တိုင်းပြည်ပါသိက္ခာကျပါသည် ။ထို.ကြောင်.အစိုးရက
နိုင်ငံတော်အာဏာကိုတပ်မတော်သို.ခေတ္တလွဲပြောင်းပေးပါမည်ဟုဆိုကာ
နိုင်ငံတော်အာဏာအား ၁၉၅၈ တွင် ဗိုလ်ချုပ်နေ၀င်းလက်ထဲသို.အပ်လိုက်သည် ။
ဗိုလ်ချုပ်နေ၀င်း၏အိမ်စောင်.အစိုးရက တိုင်းပြည်ငြိမ်ဝပ်ပိပြးအောင်လုပ်ကာ
၂ နှစ်အကြာတွင်ရွေးကောက်ပွဲကျင်းပ၍အနိုင်ရသူဦးနုလက်ထဲသို.အာဏာအပ်လိုက်သည်
။သို.သော် အာဏာအရသာသိသွားသူ ဗိုလ်ချုပ်နေ၀င်းသည် နောက်ထပ် ၂ နှစ်အကြာ
၁၉၆၂ မတ်လ ၂ ရက်နေ.တွင်
ဦးနုအစိုးရထံမှအာဏာသိမးလိုက်ခြင်းဖြင်.မြန်မာနိုင်ငံဝယ်
စစ်အာဏာရှင်စနစ်ကိုစတင်ထူထောင်လိုက်လေသည် ။

ထိုစစ်အာဏာရှင်မျိုးဆက်သည်
တစ်ယောက်ပြီးတစ်ယောက်ပြောင်းကာပုံစံအမျိုးမျိုးဖြင်.အုပ်ချုပ်ခဲ.သည်မှာ
ယနေ.ထက်တိုင်ဖြစ်၏ ။ ယခုအခါ ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင်
မြန်မာတစ်နိုင်ငံလုံး ညီညာဖျဖျ NLD ပါတီကိုဝိုင်းဝန်းမဲပေးလိုက်သည်မှာ
မြန်မာသာမက ၊ ကမ္ဘာကပါအံ.သြချီးကျူးကြရ၏ ။ ၁၉၆၂ မှစကာ
ပုံစံအမျိုးမျိုးဖြင်.အာဏာရယူအုပ်ချုပ်လာခဲ.သော စစ်အာဏာရှင်စနစ်ကို
ပြည်သူလူထုကလုံးဝလိုလားနှစ်ခြိုက်ခြင်းမရှိဘူးဆိုသည်ကို နိုဝင်ဘာ
ရွေးကောက်ပွဲကပြလိုက်ခြင်းဖြစ်သည် ။ ပြည်သူလူထုသည် လူသစ် ၊မူသစ်
၊စနစ်သစ်ဆီသို.သာသွားချင်သည်ဆိုခြင်းကိုရှင်းရှင်းလင်းလင်းပြသလိုက်ခြင်းဖြစ်သည်
။ စနစ်ပြောင်းဖို.မဲပေးလိုက်သောပြည်သူတွေသည် တာဝန်ကြေပေပြီ ။
ကျန်သောတာဝန်မှာ
အာဏာလွှဲပေးရတော.မည်.ဦးသိန်းစိန်ခေါင်းဆောင်သောလက်ရှိအစိုးရ နှင်.
အာဏာလက်ခံရယူရမည်.ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD
ပါတီမှလွှတ်တော်အမတ်များ ၊ ၀န်ကြီးဝန်ကလေးများ၏တာဝန်ဖြစ်သည် ။

နောက်အစိုးရသည် ၂၀၁၆ မတ်လကုန်တွင်ရုပ်လုံးပေါ
်လာပေတော.မည် ။ ကျွန်တော်တို.သည် သမိုင်းဝယ်
ပဒေသရာဇ်စနစ်ကိုလည်းကြုံခဲ.ဖူးပြီ ၊ ဖက်ဆစ်စနစ်အောက်တွင်လည်းနေခဲ.ဖူးပြီ
။ ကွန်မြူနစ်စနစ်ကိုလိုလားသူတို.နှင်.လည်းတွေ.ကြုံခဲ.ရဖူးပြီ ၊
မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ဟူသော တစ်ဖက်လှည်.အာဏာရှင်စနစ်အောက်တွင်လည်း
နေခဲ.ကြရဖူးပြီ ။ စစ်အစိုးရဟူသော န.၀.တ ၊ န.အ.ဖ အစိုးရများအောက်တွင်
ပြားပြားမှောက် ငြိမ်ဝပ်ပိပြားအောင် လူ.ဂုဏ်သိက္ခာကင်းမဲ.စွာနေခဲ.ကြရပြီ ။
စည်းကမ်းပြည်.၀သောဒီမိုကရေစီစနစ်ဆိုသော နာမည်လှလှလေးနှင်.
တပ်မတော်လူထွက်ဗိုလ်ချုပ်ဟောင်းများအုပ်ချုပ်သာ
ငါးနှစ်တာကာလကိုလည်းဖြတ်ကျော်ခဲ.ကြဖူးပြီ ။ ပြောရလျှင် ပြည်သူလူထုသည်
စနစ်ဟောင်းများ၊လူဟောင်းများ ၊ အုပ်ချုပ်ရေးပုံစံဟောင်းများကို
အော.နှလုံးနာနေပြီဖြစ်သည် ။ လူသစ် ၊မူသစ်၊
လမ်းစဉ်သစ်ကိုစောင်.မျှော်နေကြပါ၏ ။ လူကိုလူလိုဆက်ဆံသော ၊
လူ.ဂုဏ်သိက္ခာများကိုလေးစားသော ၊ လူ.အခွင်.အရေးအပြည်.ရှိသော
၊ဥပဒေစိုးမိုးမှုရှိသော ၊ ဥပဒေအထက်တွင်မည်သူမျှတကယ်မရှိသော ၊
အဂတိလိုက်စားမှုကင်းစင်သော၊စစ်ပွဲတွေမရှိတော.သော
လူ.အသိုင်းအ၀ိုင်းတစ်ခုကိုမြန်မာနိုင်ငံသားအားလုံးသည်
စောင်.မျှော်နေကြပါ၏ ။ စနစ်ပြောင်းသွားသောအခါ အဓိကဆုတောင်းကြရမည်မှာ
ယခင်စစ်အာဏာသိမ်းမှုမျိုးဆီသို.ပြန်မသွားကြစေဖို.ဖြစ်သည် ။
ထိုအပြုအမူများကိုသတိကြီးစွာရှောင်ရှားကြရမည်ဖြစ်ပါ၏ ။ ကမ္ဘာတွင်
မည်သည်.စစ်အာဏာသိမ်းအစိုးရမှ
တိုင်းပြည်ကြီးပွားတိုးတက်အောင်မစွမ်းဆောင်နိုင်ပါ ။
ပညာတတ်အရပ်သားအစိုးရသာတိုင်းပြည်တိုးတက်အောင်လုပ်နိုင်စွမ်းရှိကြောင်း
စင်္ကာပူနိုင်ငံနှင်. ၊အမေရိကန်ပြည်ထောင်စုက ဥပမာပြနေပါသည် ။
ဒီမိုကရေစီစနစ်ကသာတိုင်းပြည်တစ်ပြည်ကိုတိုးတက်ကြွယ်ဝသောလမ်းကြောင်းဆီသို.သယ်ဆောင်သွားနိုင်မည်ဖြစ်သည်

ဒီမိုကရေစီတွင်နိုင်ငံသားတို.သည် Right and Duty
ဟူသောတာဝန်နှင်.ရပိုင်ခွင်.များရှိပါသည် ။
ရပိုင်ခွင်.များကိုအထက်တွင်ပြောခဲ.ပါပြီ ။ တာဝန်ကိုလည်းရှောင်၍မရပါ ။
အနည်းဆုံးတော. မိမိထံမှထွက်သော ၊မိမိအိမ်မှထွက်သော ၊မိမိ
စက်ရုံအလုပ်ရုံမှထွက်သော အမှိုက်များကို စည်းကမ်းရှိရှိ
စွန်.ပစ်ကြဖို.ဖြစ်သည်။ မြန်မာသည်
အမှိုက်ပစ်ရာတွင်စည်းကမ်းအမဲ.ဆုံးနိင်ငံတစ်နိုင်ငံဖြစ်နေတာစိတ်မကောင်းစွာတွေ.မြင်ရသည်
။ ထို.နောက်နိုင်ငံကြီးသားဖြစ်ချင်လျှင်
နိုင်ငံကြီးသားအပြုအမူများဖြစ်သော စနစ်တကျတန်းစီခြင်း ၊အချိန်လေးစားခြင်း ၊
မိမိရပိုင်ခွင်.ထက်ပိုမယူခြင်း ၊အားလပ်ချိန်ရသည်နှင်.စာဖတ်ခြင်း
စသည်.ကောင်းမြတ်သောအလေ.အထများကိုဆောင်ရမည်ဖြစ်သလို ၊
မိမိအကျိုးအတွက်လာဘ်ထိုးခြင်း ၊စည်းကမ်းဖောက်ဖျက်ကာ
အထက်လူကြီးနှင်.ပိုင်သည်ဟုခြိမ်းခြောက်ခြင်း ၊
လုပ်ပေးနိုင်ပါလျက်လာဘ်ငွေမရသဖြင်.ညစ်ထားခြင်း ၊ ကိုယ်.ထက်သာမနာလိုခြင်း
၊ အချင်းချင်းခြေထိုးခံခြင်း ၊
အားလပ်ချိန်ကိုလောင်းကစားကိစ္စများတွင်အချိန်ကုန်စေခြင်း
၊အချိန်ဖြုန်းခြင်း ၊ သိမ်ဖျင်းသောစကားပြောခြင်း မူးယစ်ရမ်းကားခြင်း
၊ပညာရေးကိုအားမပေးခြင်း၊ မြင်.မြတ်သောစိတ်ဓါတ်မမွေးခြင်း ၊ တွေ.ကရာနေရာကွမ်းတံတွေးထွေးခြင်း ၊ နေရာမရှောင်ဆေးလိပ်သောက်ခြင်း ၊ လုပ်ငန်းချိန်တွင်အရက်သောက်ခြင်း ၊
စသည်.အကျင်.ဆိုးများကိုပြင်ရမည်ဖြစ်သည် ။

ခေတ်ကောင်းတစ်ခုဆိုသည်မှာ
မိုးပေါ်မှအလိုလိုကျလာခြင်းမဟုတ် ၊
အစိုးရဘက်ကကျင်.သုံးရမည်.တာဝန်များရှိသလို
၊တိုင်းသူပြည်သားတိုဘက်မှလိုက်နာကျင်.သုံးရမည်.၀တ္တရားများလည်းရှိနေပါကြောင်း
။ ထိုအခါမှသာ ပြာပုံထဲမှထလာသော ဂျပန် ၊ စစ်ပြီး တောင်ကိုရီးယား ၊
တံငါရွာစင်္ကာပူတို.လို မြန်မာသည်လည်း အာရှ၏ကျားတစ်ကောင်ဖြစ်လာနိုင်ပါသည်
။စနစ်ပြောင်းသည်.အခါအစိုးရချည်းပဲပြောင်းပြီး လူတွေက
အမူအကျင်.မပြောင်းလျှင်မတိုးတက်နိုင်ပါကြောင်း ။

သရ၀ဏ်(ပြည်)


0 comments:

Post a Comment

Facebook Like Page