ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ နဝဒေးရပ်ကွက် ၊
အောက်နိဗ္ဗိန္ဒတောရကျောင်းရှေ့တွင် အောက်တိုဘာ(၂၅)
ရက်နေ့ ည(၇)နာရီ(၃၀)အချိန်ခန့်ကဆိုင်ကယ်တိမ်းမှောက်
မှုဖြစ်ပွားကြောင်းသတင်းရရှိသည်။
အဆိုပါဆိုင်ကယ် တိမ်းမှောက်ရာသို့ အမှတ်(၁၃)ယာဉ်ထိန်း
တပ်ဖွဲ့စု(ပြည်)မှ ရဲတပ်ကြပ်ကြီးမျိုးမင်းဦးနှင့်အဖွဲ့မှသွာရောက်
စစ်ဆေးရာ နဝဒေးတံတားလမ်းအတိုင်း အထက်နိဗ္ဗိန္ဒဘက်မှ
နဝဒေးတံတားဘက်သို့ဦးစိုးနိုင်(၅၅)နှစ်(ဘ)ဦးမြသိန်း၊နဝင်း
ကွက်သစ်(၁၀)လမ်း၊နဝင်းရပ်ကွက်ပြည်မြို့နေသူမှောင်းနှင်
လာသော၁၀/……ကန်ဘို ၁၁၀(အနက်ရောင်)ဆိုင်ကယ်
သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ထိုးကျတိမ်းမှောက်
ခဲ့သဖြင့် ဦးစိုးနိုင်တွင် ဝဲဘက်နားမှသွေးထွက်ဒဏ်ရာ၊ဝဲနားထင်
ပွန်းဒဏ်ရာ၊ဝဲခြေသလုံးပွန်းပြဲဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေး
ရုံကြီးသို့ပို့ဆောင်၍ဆေးကုသမှုခံယူနေကြောင်းသိရသည်။
ထို့ကြောင့်အမှုနှင့်ပတ်သက်၍ ဦးစိုးနိုင်အားအရေးယူပေးပါရန်
ရဲတပ်ကြပ်ကြီး မျိုးမင်းဦး မှတရာလိုပြုလုပ်တိုင်တန်းချက်အရ
ပြည်မြို့မရဲစခန်း ယာဉ်(ပ)၈၇/၂၀၁၅၊ပြစ်မှုပုဒ်မ-၃၃၈ ဖြင့်အ
မှုရေးဖွင့်ဆောင်ရွက်ကာ အမှုအား ဒုရဲအုပ်ဝေဇော်အောင်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်သတင်းစုံ
0 comments:
Post a Comment